သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပို့မည့် ဒုက္ခသည် ၈၀၀၀ ကျော်စာရင်း Bangladesh က မြန်မာကို ပေးအပ်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာဘက်ကို ပေးအပ်လိုက်ပါပြီ။

ရိုဟင်ဂျာ အများစုပါဝင်တဲ့ ဒီ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်ကို နှစ်နိုင်ငံ အရင်သဘောတူခဲ့ပေမဲ့ ပြင်ဆင်မှုအားနည်းခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဖက်က ရက်သတ္တပတ်တွေ့နဲချီ ရပ်ဆိုင်းခဲ့အပြီး၊ မြန်မာပြည်ထဲရေးဝန်ကြီးရောက်လာအပြီးမှာ ခုလို စတင်ဖို့ ပြင်ဆင်လာတာပါ။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan အနေနဲ့ဗုဒ္ဓဟူးနေ့က ရောက်လာတဲ့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ဒက္ကားမြို.တော်မှာ တွေ့ဆုံဆွေးနွေးအပြီးမှာဒီ ပြန်ပို့မယ့် ဒုက္ခသည် စာရင်းကို တရားဝင် ပေးအပ်လိုက်တာပါ။

ပြည်ထဲရေးဝန်ကြီး Khan က ဒုက္ခသည်မိသားစုပေါင်း ၁၆၇၃ စုထဲက လူပေါင်း ၈၀၃၂ ဦး စာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပေးအပ်ခဲ့ရာမှာ မြန်မာဖက်က ရင်းရင်းနှီးနှီး လက်ခံခဲ့ပြီး ဒီ လူတွေပြန်လက်ခံရေး စတင် စီစစ်လုပ်ဆောင်တော့မယ်လို့ ပြန်ပြောခဲ့တယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး မြန်မာတပ်မတော်ရဲ့ ပြင်းထန်တဲ့ စစ်ရေးနှိမ်နင်းမှုကြောင့် နယ်စပ်ကျော် ထွက်ပြေးလာခဲ့တဲ့ ရခိုင်ပြည်နယ်က ဒီ ဒုက္ခသည်ပေါင်း (၇) သိန်းနီးပါးကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှိ အစိုးရတွေအကြား ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကထဲက သဘောတူထားခဲ့ပြီးဖြစ်ပါတယ်။

ဒီအစီအစဉ်အရ ပြီးခဲ့တဲလမှာ ဒီပြန်ပို့ရေးအစီအစဉ် စတင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြင်ဆင်မှုအားနည်းခဲ့တာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဖက်က လုံခြုံရေးအာမခံချက်မရှိဘဲ မပြန်ချင်ဘူးလို့ ဆန့်ကျင်ခဲ့တာကြောင့် ဒီ အရင် အစီအစဉ်ကို ဆိုင်းငံထားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG