သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အပြင်းထန်ဆုံးဒဏ်ခတ်မည်ဟု သမ္မတထရမ့်ခြိမ်းခြောက်


အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့ရဲ့ အိမ်ဖြူတော် ပူးတွဲသတင်းစာရှင်းလင်းပွဲ
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့ရဲ့ အိမ်ဖြူတော် ပူးတွဲသတင်းစာရှင်းလင်းပွဲ

မြောက်ကိုရီးယားနိုင်ငံအပေါ် အကြီးမားဆုံး ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်လိုက်ပြီးတဲ့နောက် ဒါမှ အလုပ် မဖြစ်ဘူးဆိုရင် ဒုတိယအဆင့် ထပ်ပြီးချမှတ်မယ်လို့ သမ္မတ ဒေါ်နယ်လ် ထရမ့်က သောကြာနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေ အလုပ်မဖြစ်ဘူးဆိုရင် ဒုတိယအဆင့်ကို ဆက်သွာမှာဖြစ်ပြီး ဒါဟာ သိပ်ကို ပြင်းထန်ဖွယ်ရှိပါတယ်လို့ အမေရိကန်မှာရောက်နေတဲ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ သောကြာနေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။ ဒုတိယဆင့်ဟာ ဘာကိုဆိုလိုတာလည်းဆိုတာကို သမ္မတထရမ့်ပ်က တိတိကျကျ ပြောမသွားပေမယ့် အဲဒါဟာ ကမ္ဘာကြီးအတွက် သိပ်ကို အကြောင်းမလှတဲ့အခြေအနေ ဖြစ်လိမ့်မယ်လို့ ဆိုပြီး အချိန်ကပဲ စကားပြောသွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။

သောကြာနေ့အစောပိုင်းမှာ ချမှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူမှုထဲမှာတော့ သင်္ဘောလိုင်းနဲ့ ကုန်သွယ်ရေးကုမ္ပဏီ ၂၇ ခု၊ သင်္ဘော ၂၈ စင်းနဲ့ လူတဦးတို့ပါဝင်ပါတယ်။ အဲဒီကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်ဟာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကနေ တန်ဇန်းနီးယားနိုင်ငံအထိ တကမ္ဘာလုံးမှာရှိနေတယ်လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂဟာ မြောက်ကိုရီးယားအပေါ် သူ့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုအစီအစဉ်တွေကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပြီးနောက် မြောက်ကိုရီးယားဟာ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံရာမှာ တရားမဝင်တဲ့ လမ်းကြောင်းတွေသုံးပြီး ပစ္စည်းတွေ ဝယ်ယူတင်ပို့နေတာပါ။

အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders ကလည်း မြောက်ကိုရီးယားအနေနဲ့ ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစင်ရေး စတင်အပြောင်းအလဲတွေလုပ်ဖို့ မျှော်လင့်တယ်လို့ ဒီကနေ့မှာ ပြောပါတယ်။ Sanders ဟာ အိုလံပစ်အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားသွားတက်တဲ့ သမ္မတရဲ့ သမီးလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ Ivanka Trump နဲ့ တောင်ကိုရီးယားကို ရောက်နေပါတယ်။

Ivanka Trump ဟာ တောင်ကိုရီးယားသမ္မတ Moon Jae-In နဲ့ တောင်ကိုရီးယား သမ္မတအိမ်တော်မှာ သောကြာနေ့က တွေ့ဆုံပြီး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မယ့် ကြေညာချက်နဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်က သမ္မတ Moon ကို ပါးလိုက်တဲ့ သတင်းစကားကိုလည်း Ivanka Trump က ပြောပြပါတယ်။ မြောက်ကိုရီးယားအပေါ် အမြင့်မားဆုံး ပူးတွဲဖိအားပေး ရေး နှစ်နိုင်ငံ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး Ivanka Trump နဲ့ သမ္မတ Moon တို့ ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ကိုရီးယားကို အပြင်းထန်ဆုံးဒဏ်ခတ်မည်ဟု သမ္မတထရမ့်ခြိမ်းခြောက်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG