သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နူးကလီးယားစမ်းသပ်စခန်းတွေ ဒီလမကုန်ခင်ဖျက်မယ်


A missile-firing drill at an undisclosed location in North Korea.
A missile-firing drill at an undisclosed location in North Korea.

မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နူကလီးယားစမ်းသပ်ရေး စခန်းတွေ ဖျက်သိမ်းသွားမယ်လို့ နိုင်ငံတကာကို ကတိပေးထားတဲ့အတိုင်း ရာသီဥတုအပေါ်မူတည်ပြီးလာမယ့် မေလ ၂၃ ရက်နဲ့ ၂၅ ရက်ကြားမှာ နူးကလီးယားစမ်းသပ်ရေးစခန်းတွေကို ဖျက်သိမ်းမယ်လို့ ကြေငြာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကမ်ဂျုံအွန်း တို့ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူ နိုင်ငံ မှာ မတွေ့ ဆုံခင် အခုလို နယူးကလီးယား လက်နက်ဖျက်သိမ်းဖို့ လုပ်ဆောင်ပြတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ နယူးကလီးယား စမ်းသပ်တဲ့ လိုဏ်ခေါင်းတွေ ဖောက်ခွဲ ဖျက်ဆီးမယ် လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီး စောင့်ကြည့်အဆောက်အအုံတွေ၊ သုတေသန အဖွဲ့တွေ နဲ့ မြေပြင်တပ်ဖွဲ့တွေကိုလည်း ရုပ်သိမ်းသွားမှာပါ။

အမေရိကန်၊ တောင်ကိုရီးယား၊ ရုရှား၊ တရုတ် နဲ့ ဗြိတိန်ကလည်း သတင်းထောက်တွေကိုလည်း ကြည့်ရှုဖို့ ဖိတ်ခေါ်မယ် လို့ မြောက်ကိုရီးယား က ပြောပါတယ်။

ပြီးခဲ့တဲ့လ က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း နဲ့ တွေ့ဆုံတဲ့အချိန်မှာ အခုလို နယူးကလီးယား စမ်းသပ်တဲ့ နေရာတွေကို ပိတ်သိမ်းဖို့ ရှိတယ်ဆိုတာကို မြောက်ကိုရီးယား ခေါင်းဆောင် ကမ်ဂျုံအွန်းက ပြောခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုးရီးယားနျူကလီးယားစမ်းသပ်စခန်းတွေ ဒီလမကုန်ခင်ဖျက်မယ်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG