သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သရုပ်ဆောင် အောင်ရဲထွေးအမှု ပြန်စစ်ဖို့ တိုင်းဥပဒေရုံးကို ညွှန်ကြား


Migrants attempt to cross the Belarusian-Polish border at the Bruzgi-Kuznica Bialostocka border crossing, Belarus.
Migrants attempt to cross the Belarusian-Polish border at the Bruzgi-Kuznica Bialostocka border crossing, Belarus.

သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့အမှုကို တရားလိုဖက်ကကြေအေးပေးလို့ဆိုပြီး အမှုရုပ်သိမ်းခဲ့တဲ့အပေါ် ဝေဖန်ချက်တွေ ထွက်လာပြီးတဲ့နောက်၊ ဒီအမှုကို ရုံးတင် ပြန်စစ်ဆေးဖို့ တိုင်းဥပဒေရုံးကို ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားရေးစနစ် တိမ်းစောင်းလာတဲ့အပေါ် နိုင်ငံတော်သမတ ဦးဝင်းမြင့်က ဝေဖန်သတိပေးလိုက်တဲ့နောက်၊ ပြည်ထောင်စုရှေနေ့ချုပ်ရုံးကနေ ဒီအမှုကို ပြန်ကိုင်တွယ်လိုက်တာဖြစ်ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ဟာ မနေ့က ရန်ကုန်တိုင်း တရားရေးဝန်ထမ်းတွေနဲ့တွေ့ဆုံစဉ်၊ တရားရေးကဏ္ဍ အားနည်းချက်တွေကို ဝေဖန်ထောက်ပြသွားခဲ့တာပါ။ လက်ရှိ တရားရေးစနစ်ဟာ ဘာကြောင့် အခုလို အားနည်းချက်တွေဖြစ်နေတာပါလဲ. ဗွီအိုအေ သတင်းထောက်မမေခ စုံစမ်း မေးမြန်း သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ ဦးဝင်းမြင့်က ပဲခူးနဲ့ ရန်ကုန်တိုင်း မှာ အစိုးရအဖွဲ့တွေ၊ တရား ရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန် တရားစီရင် ရေးစနစ်ဟာ တိမ်းစောင်း ပြို လဲ နေတဲ့ အပေါ် သတိပေး ပြီး နောက် သရုပ်ဆောင်အောင်ရဲထွေး သတ်ခံရတဲ့အမှု တရားရုံးက အမှုရုပ်သိမ်းခဲ့တာကို အခုလို ပြန်စစ်ဖို့ လုပ်လာတာပါ။

အရှေ့ပိုင်းခရိုင် တရားရုံးကဆုံးဖြတ်ထားတဲ့ ဒီ အမှုကို ပြန်စစ်ဆေးပြီး တရားရုံးကို ပြန်တင်ဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေရုံးကို ညွှန်ကြားထားပြီး၊ တိုင်းဒေသတရားလွှတ်တော်က လက်ခံရင်တော့ အမှုကို ပြန်လည်စစစ်ဆေးစီရင်ရမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူတွေကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ဒီလူတွေ နိုင်ငံတွင်းမှာ မရှိတော့ဘူးလို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဒါကိုတော့ နိုင်ငံတကာရဲတပ်ဖွဲ့နဲပ ချိတ်ဆက်ပြီး ပြန်လည်ခေါ်ဆောင်ကာ အမှုကို ရင်ဆိုင်စေမယ်လို့ သမတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒီအမှုစီရင်မှုနဲ့ပတ်သတ်လို့ ဒီလိုအမိန့်ချခဲ့တဲ့ တရားသူကြီးနဲ့ လွှတ်ဖို့ အကြံပေးခဲ့တဲ့ တိုင်းဥပဒေချုပ်တို့ကို စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေတဲ့ အပေါ် ဦးဇော်ဌေး ကိုမေးတာမှာ သူက-

အသေးစိတ်ကတော့ကျနော်တို့ဆက်စိစစ်နေတုန်းပါဘဲ။

အခုလို ပြန်လည်စစ်ဆေးမှုနဲ့ပတ်သတ်လို့ တရားခံ ဘက်ကရှေ့နေ ဦးချစ်ကိုကိုကတော့

အခုလိုတုံပြန်ပြောဆိုလိုက်ပါတယ်။

"Procedure နဲ့ ညီရင်လုပ်။ Procedure ဆိုတာ ရာဇဝတ်ကျင့်ထုံးကြီးတခုလုံးရှိတယ်။ ပုဒ်မ ၁ကနေ ၅၆၅ထိရှိတယ်။ အဲတွင်းညီအောင်လုပ်ပေါ့။ ဘာကြောင့်ဒီလိုလုပ်ရလဲပေါ့ မညီရင်တော့ အများကြီး ဥပဒေကြောင်းအရ အယူခံပိုင်ခွင့် ခုခံချေပပိုင်ခွင့်ရှိတယ်။ ပရိုစီဂျာနဲ့အညီမဟုတ်ရင် ဒီဘက်ကလည်း ဥပဒေနဲ့ အညီရင်ဆိုင်ပေးရမှာပေါ့။"

ရှေ့နေများကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အမှုဆုံးဖြတ်ချက်က ဘဝင်မကျစရာ မတင်မကျဖြစ်နေရင် အထက်ကနေ ပြန်လည်စိစစ်နိုင်တာကြောင့် အခုလို လုပ်ဆောင်မှုက ဥပဒေနဲ့ ညီတယ်လို့ဆိုပါတယ်။ ဒီလို ပြန်စစ်ဖို့ လုပ်တဲ့ အပေါ်သူက

"recall ခေါ် အမှုတွဲ ပြန်တင်တာမှာ ပထမစစ်တဲ့ ရဲတွေမဟုတ်ဘဲ နောက်တဖွဲ့ပြောင်းပြီး တော့ အမှုကိုပြန်တည်ဆောက်ရမယ်။ သက်သေခံချက်ပြန်ယူရမယ်။ ဥပဒေအရာရှိကို လည်း အကြံမပေးခိုင်းဘဲ နောက်ဥပဒေအရာရှိကိုဘဲ ပြောင်းလုပ်ခိုင်း။ ရုံးပြောင်းခိုင်း။ ပျက်နေတဲ့ အမှုကိုဘဲဖာစစ်ရင်တော့ လုံးဝပျက်မှာ ထပ်ရှုံးဦးမှာဘဲ။ အမှုကပျက်နေပြီ လေ။ ပျက်နေတာပြန်စစ်လို့မရဘူး။ အပျက်က ထပ်ပျက်မယ်။ နောက်ဆုံးလွတ်သွားမှာ ဘဲ။"

လက်ရှိ နိုင်ငံတကာစစ်တမ်းတွေအရ မြန်မာ့တရားရေး စနစ်ဟာ စစ်တမ်းတွေ အရ အကျင့်ပျက်ချစားမှု၊ ဥပဒေ လက်တလုံး ခြားလုပ်ဆောင်မှု နဲ့ မမှန်အမိန့်ချမှုတွေကြောင့် တရားဥပဒေ သက်ရောက် မှု မရှိဆုံး နိုင်ငံတွေထဲမှာ ထိပ်တန်းအဆင့် နိုင်ငံအဖြစ်ရပ် တည်နေရပါတယ်။

ဘယ်လိုကြောင့် ယိမ်း ယိုင်လာသလဲဆိုတာနဲ့ပတ်သတ်လို့ဦးကြီးမြင့်က

"ဘာလို့အဲလိုပျက်ရလဲဆိုတော့ ၂၀၀၈ဖွဲ့စည်းပုံအရ ရဲက တပ်အောက်ရှိတယ်။ တရား ရေးက စစ်ဗိုလ်အောက်ရှိတယ် အရင်အတိုင်းဘဲ။ နဂိုအကျင့်အတိုင်းသွားနေတယ်။ ၂၀၀၈ အောက်မှာဘဲထိရောက်တဲ့ အပြစ်ပေးတာလုပ်မယ် လူမှန်နေရာမှန်ထားနိုင်မယ် ဆိုရင်တော့ အဆင်ပြေတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ လူမှန် နေရာမှန် မဟုတ်ဘူး။ ကျွမ်းကျင်တဲ့ သူနေရာမရတာအများကြီးဘဲ။ နောက် မပြောရဲမဆို ရဲ မဝေဖန်ရဲ ဖြစ်နေတော့ ပိုပိုဆိုးလာတာ။ "

တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံက အုပ်ချုပ်သူကိုကာကွယ်ထားတဲ့ ဥပဒေတွေ ဖြစ်နေ တာ ကြောင့် တရားရေးမဏ္ဍိုင် ပြန်တည့်ဖို့ ခက်ခဲပေမယ့် သမ္မတက ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရင် တည့်မတ်နိုင်တယ်လို့ ဆိုလာသူကတော့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးပါ။

" ၂၀၀၈ ထဲမှာဘဲ လုပ်လို့ရပါတယ်။ ပြင်ဖို့က လူ့ပြည်က အပ်နဲ့ ငရဲက အပ်ထိဖို့လိုဖြစ် တယ်။ ဒါကိုထိုင်ကြည့်စရာမလိုဘူး။ ပုဒ်မ ၅၈အရ နိုင်ငံတော်သမ္မတက နိုင်ငံသားတိုင်း ရဲ့အထွဋ်အထိပ် ပုဒ်မ ၁၉၉ (ဃ)အရ ဝန်ထမ်းအဖွဲ့အားလုံး အကြီးအကဲကသူ။ အဲဒါကြောင့် ပြည်တဲရေး တရားစီရင်ရေးက သူ့လက်အောက်ကပါဘဲ။ ဖွဲ့စည်းပုံအရ ကာ ချုပ်က ဌာန ၃ခုကို အမည်စာရင်းတင်ခွင့်ရှိတယ်သာပြောတာ အုပ်ချုပ်ရမယ်လို့ မပါဘူးအဲအခွင့်အာဏာသုံးပြီး သမ္မတက ကွပ်ကဲခွင့်ရှိတယ်။ နောက် လူထုကိုကာကွယ်တဲ့ ဥပဒေတွေ လွှတ်တော်ကပြဌာန်းရမယ်။ mind-set ပြင်ရမယ် အဲလိုတွေ မပြင်ရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး။"

ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတဦးဝင်းမြင့်က တရားရေးမဏ္ဍိုင်ပြန်လည်တည့်မတ်ဖို့အတွက် တာဝန်ယူမှု တာဝန်ခံမှုအဆင့်ဆင့် လုပ်သွားကြဖို့ တိုက်တွန်းခဲ့ပေမယ့် အဲဒီအတိုင်း လုပ်တာမျိုးမရှိရင် ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်း ကို အတိအကျ ပြောသွားတာမျိုး မရှိတာကြောင့် ထိရောက်တဲ့ သတိပေးမှု ဖြစ်ပါ့မလားလို့ မေးခွန်းထုတ် နေတာတွေရှိပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးအမှု ပြန်စစ်ဖို့ တိုင်းဥပဒေရုံးကို ညွှန်ကြား
please wait

No media source currently available

0:00 0:04:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG