ရခိုင်အရေး ကုလ မြန်မာသံအမတ်ကြီးနဲ့ VOA မေးမြန်းခန်း အပိုင်း(၂)
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး ကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း ဒုက္ခသည်တွေ အလုံးအရင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့တာ တနှစ်နီးပါးရှိခဲ့ပါပြီ။ ဒီဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းကို VOA က မေးမြန်းထားပါတယ်။