သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အိန္ဒိယ စတင်


ကမ္ဘာမှာ အကြီးမားဆုံး ကျန်းမာရေးစောင့်ရှောက်မှု အာမခံအစီအစဉ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။ နောက်နှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမတိုင်ခင် ဒီအစီအစဉ်ကို စတင်လိုက်တာဖြစ်ပြီး အဆင်းရဲဆုံး နိုင်ငံသား သန်းပေါင်း ၅၀၀ ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ အာမခံထားပါတယ်။

ဒီအစီအစဉ်ဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို သုံးနိုင်ငံပေါင်း လူဦးရေထက် ပိုများတဲ့ လူအရေအတွက်ကို အကျိုးဖြစ်စေ မယ့်အတွက် ကမ္ဘာမှာ အကြီးမားဆုံး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ဖြစ်မယ်လို့ ဝန်ကြီးချုပ် Modi ကပြောပါတယ်။

“Modicare” လို့ နာမည်တပ်ခေါ်ဆိုကြတဲ့ ဒီအစီအစဉ်ဟာ အိန္ဒိယလူဦးရေ ၁.၂၅ ဘီလီယံထဲက အောက်ခြေလူထု ၄၀% ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမှာပါ။

ဝင်ငွေအနိမ့်ဆုံးမိသားစု သန်း ၁၀၀ အတွက် ပြင်းထန်တဲ့ရောဂါဝေဒနာတွေကို ကုသပေးဖို့ တနှစ်ကို ကျန်းမာရေးအာမခံ ဒေါ်လာ ၆,၉၀၀ သုံးစွဲမယ့် ဒီအစီအစဉ်ကို ဒီနှစ်အစောပိုင်းကထုတ်ပြန်တဲ့ အစိုးရအသုံးစရိတ်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ လူထုကျန်းမာရေးအတွက် တမျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၁% ကိုပဲ နှစ်စဉ်သုံးစွဲတာကြောင့် ကမ္ဘာ မှာ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ အနိမ့်ဆုံးသုံးစွဲတဲ့နိုင်ငံတခုဖြစ်ပါတယ်။ အဆင်းရဲဆုံး လူထုအများအပြားမှာ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ မရှိကြပါဘူး။

အဆင့်အတန်းနိမ့်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် အိန္ဒိယမှာ တနှစ်ကို ခန့်မှန်းခြေလူပေါင်း ၁.၆ သန်း သေဆုံးနေကြရ တယ်လို့ ဒီလအတွင်းထုတ်ဝေတဲ့ The Lancet ဆေးဘက်ဆိုင်ရာဂျာနယ်ထဲက အစီရင်ခံစာတခုမှာ ဖော်ပြထားတာကြောင့် ကမ္ဘာ ပေါ်က ဘယ်နိုင်ငံထက်မဆို သေဆုံးသူ အများဆုံးဖြစ်နေတာပါ။

အခုအစီအစဉ်အတွက် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ၂၉ ခုအနေနဲ့ တနှစ်ကို စုစုပေါင်းရန်ပုံငွေ ဒေါ်လာ ၁.၆ ဘီလီယံ ကျခံ သုံးစွဲ ရမယ်လို့ ခန့်မှန်းထားပါတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး ရန်ပုံငွေကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အိန္ဒိယ စတင်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG