သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း ၂၀၁၈ အထူးခြားဆုံးပုဂ္ဂိုလ်စာရင်း မြန်မာသတင်းထောက် ၂ ယောက်ပါဝင်


 Times မဂ္ဂဇင်း ၂၀၁၈ အထူးခြားဆုံးပုဂ္ဂိုလ်စာရင်း မြန်မာသတင်းထောက် ၂ ယောက်ပါဝင်
Times မဂ္ဂဇင်း ၂၀၁၈ အထူးခြားဆုံးပုဂ္ဂိုလ်စာရင်း မြန်မာသတင်းထောက် ၂ ယောက်ပါဝင်

Time မဂ္ဂဇင်းကြီးက ၂၀၁၈ ခုနှစ်ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် Reuters သတင်းထောက် ၂ ယောက်အပါအဝင် ထူးခြားတဲ့ သတင်းထောက်တချို့ကို ရွေးချယ်ပြီး အမှန်တရားကို ကာကွယ်စောင့်ရှောက်သူများအဖြစ်သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာထောင်ကျနေတဲ့ သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ မကြာခင်က အသတ်ခံခဲ့ရတဲ့ Saudi သတင်းထောက် Jamal Khashoggi ၊ ဖိလစ်ပိုင်ကသတင်းထောက် Maria Ressa၊ အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာ သေနတ်သမားရဲ့လက်ချက်နဲ့ သတင်းထောက် ၄ ယောက်အသတ်ခံခဲ့ရတဲ့ The Capital Gazette သတင်းစာတိုက်တို့ကို ၂၀၁၈ ခုနှစ်ရဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်တွေအဖြစ် Time မဂ္ဂဇင်းကြီးက ရွေးချယ်ခဲ့တာပါ။

သူတို့ဟာ အမှန်တရားအတွက် သူတို့ကျရောက်နိုင်တဲ့ အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ သတင်းမှန်ပေါ်ထွက်ရေးလုပ်ခဲ့ကြတာမို့ ရွေးချယ်ရတာဖြစ်တယ်လို့ Time မဂ္ဂဇင်းကြီးက ပြောပါတယ်။

သတင်းထောက်တွေကို ဂုဏ်ပြုပြီး Time မဂ္ဂဇင်းကြီးက မျက်နှာဖုံးကို ၄ မျိုးထုတ်လုပ်တာမို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ဓါတ်ပုံတွေကို ကိုင်ဆောင်ထားကြတဲ့ ဇနီးဖြစ်ကြသူ မပန်းအိမွန်နဲ့ မချစ်စုဝင်းတို့ရဲ့ပုံကို မဂ္ဂဇင်းမျက်နှာဖုံးတခုအဖြစ် ထုတ်ထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာနားမှာ မွတ်ဆလင် ၁၀ ဦး ဥပဒေမဲ့အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားစဉ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံခဲ့ရပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG