သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အပံ့ ဖြတ်တောက်မှု ရခိုင်ဒေသခံတချို့ ထိခိုက်


ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ‌်‌‌ဘေး‌ရှောင်‌ စခန်‌း။ (ဇန်နဝါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)
ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ‌်‌‌ဘေး‌ရှောင်‌ စခန်‌း။ (ဇန်နဝါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း ကယ်ဆယ်ကူညီရေး လုပ်ဆောင်နေမှုတွေကို ရခိုင်ပြည်နယ်အစိုးရက ဒီလထဲမှာပဲ တားမြစ်လိုက်တဲ့အတွက် ဒေသခံ အနည်းဆုံး ၅ သောင်းလောက်အပေါ် သက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး UNOCHA ရဲ့ မှတ်ချက်ရေး ပြောကြားချက်ကို ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP တို့မှအပ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ တခြားအဖွဲ့အစည်းတွေအတွက် ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့နယ် ၅ မြို့နယ်ကို သွားရောက်ခွင့် ရခိုင်ပြည်နယ်အစိုးရက ပိတ်လိုက်တာဖြစ်ပါတယ်။

UNOCHA က ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေဆီက ရရှိတဲ့ နောက်ဆုံးအချက်အလက်တွေကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကုလအရာရှိတချို့နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့ကို မှတ်ချက်ရေး ပေးပို့ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဇန်နဝါရီလအစောပိုင်းကစပြီး အခုချိန်ထိ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်းက ၅၀၀၀ လောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

အခုလို ကယ်ဆယ်ကူညီရေးအဖွဲ့တွေကို သွားရောက်ခွင့်ပိတ်ပင်ရတာဟာ လုံခြုံရေးကြောင့် ဖြစ်ကြောင်းနဲ့ ဘယ်အချိန်မှာ ပြန်ဖွင့်မယ် ဆိုတာကိုတော့ မပြောနိုင်သေးကြောင်း ရခိုင်စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ရဲ့ ပြောကြားချက်ကိုလည်း ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

အင်္ဂါနေ့ကတော့ အပိတ်ပင်ခံရတဲ့ ကူညီရေးအဖွဲ့တွေက အခုလို ကန့်သတ်မှုတွေ ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ် ပူပန်ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေ ကြာသပတေးနေ့အထိ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG