သမ္မတကို တရားစွဲရေးနဲ့ မတူညီတဲ့အမြင်များ
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တည်းဖြတ်ထားတဲ့ ရုရှားစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာရဲ့ အစီရင်ခံစာ ကို အများပြည်သူသိအောင် ထုတ်ပြန်ပြီးတဲ့နောက် သမ္မတရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေ အပါအဝင် ဒီမိုကရက်အချို့ သမ္မတထရမ့်ကို ရာထူးကနေ ဖြုတ်ချ အရေးယူဖို့ ကျယ်ကျယ်လောင်လောင်တောင်းဆိုလာကြပါတယ်။ ဒါပေမဲ့လည်း သမ္မတကို ရာထူးကဖြုတ်ချနိုင်ရေး တရားစွဲမယ့်လုပ်ငန်းဟာ ရှည်လျားပြီး နိုင်ငံရေးအရ ကွဲပြားမှုတွေ ဖြစ်စေနိုင်တာမို့ ဒီမိုကရက်ပါတီဝင်တွေအကြား သဘောထားအမြင်တွေ ကွဲလွဲနေပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။