သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွင့်ပြုချက်မဲ့ သတင်းထပ်ဆင့်ဖြန့်တဲ့ ဝဘ်ဆိုဒ်စာရင်း မီဒီယာကောင်စီ ထုတ်ပြန်


ခွင့်ပြုချက်မဲ့ သတင်းထပ်ဆင့်ဖြန့်တဲ့ ဝဘ်ဆိုဒ်စာရင်း မီဒီယာကောင်စီ ထုတ်ပြန်ချက် ( ဓါတ်ပုံ-Mm.presscouncil )
ခွင့်ပြုချက်မဲ့ သတင်းထပ်ဆင့်ဖြန့်တဲ့ ဝဘ်ဆိုဒ်စာရင်း မီဒီယာကောင်စီ ထုတ်ပြန်ချက် ( ဓါတ်ပုံ-Mm.presscouncil )

သတင်းအတုအယောင်၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေသလို သတင်းမီဒီယာတွေရဲ့ မူရင်းသတင်းတွေကို ခိုးယူဖြန့်ဖြူးနေတဲ့ သတင်းဝဘ်ဆိုက်ဒ်တွေ စာမျက်နှာတွေ ၃၀ကျော်ရဲ့ လိပ်စာ အမည်စာရင်းတွေကို သတင်းမီဒီယာကောင်စီက ကြေညာလိုက်ပြီး ဆက်လက် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ဘာသာရေး လူမျိုးရေး အကဲဆတ်မခံတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားအရ ပြည်သူလူထု အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းမှားဖြန့်ဝေတာကို လူမှုကွန်ရက်စာမျက်နှာကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေတာကို ကာကွယ်နိုင်ဖို့အတွက် Facebook Team နဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ မြန်မာသတင်းမီဒီယာကောင်စီ ကျင့်ဝတ်နဲ့ မီဒီယာဖွံ့ဖြိုးရေးကော်မတီကပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

သတင်းအတုအယောင်၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေသလို သတင်းမီဒီယာတွေရဲ့ မူရင်းသတင်းတွေကို ခိုးယူဖြန့်ဖြူးနေတဲ့ သတင်းဝဘ်ဆိုက်ဒ်တွေ စာမျက်နှာတွေ ၃၀ကျော်ရဲ့ လိပ်စာ အမည်စာရင်းတွေကို သတင်းမီဒီယာကောင်စီက ကြေညာလိုက်ပြီး ဆက်လက် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သတင်းခိုးယူမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ စိစစ်ဖော်ထုတ်ပြီး ပေးပို့လာတဲ့ -အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာတွေမှာ ရည်ရွယ်ချက်ရှိရှိ သတင်းမှား သတင်းတုတွေ ဖြန့်ဝေနေတာနဲ့ သတင်းဌာနတွေဆီက မူရင်းသတင်းတွေကို ခိုးယူဖြန့်ချီနေတဲ့ ဝဘ်ဆိုက်ဒ်တွေ ဆိုရှယ်မီဒီယာက ပေ့ချ် အမည်တွေကို ဘာကြောင့် စိစစ်ဖော်ထုတ်ရပါသလဲ ဆိုတာကို မြန်မာသတင်းမီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၂) ကိုသာလွန်ဇောင်းထက်က အခုလိုပြောပြပါတယ်။

“ကောင်စီအနေနဲ့တော့ fake news တွေရယ် သတင်းတွေ ပြန်ကူးတာပေါ့နော် တကယ့်သတင်းဌာနတွေက ပိုက်ဆံတွေကုန် ငွေကြေးတွေကုန် ၊ သတင်းထောက်တွေ ဖြန့်ပြီးတော့ ကြိုးစားပမ်းစားလိုက်ထားတာတွေကို အွန်လိုင်းပေါ်မှာ ပြန်ကူးပြီးတော့ အလွယ်လေး ပြန်ဖြန့်တာ ။ အဲဒီ Page တွေမှာ သွားကြည့်ရင် ဘာမှ ကျင့်ဝတ်လည်းမရှိဘူး၊ လိုက်နာတာလည်းမရှိဘူး။ နောက်ပြီးတော့ သူတို့တွေက တာဝန်ခံမှု တာဝန်ယူမှု ဘာမှ မရှိဘူး။ အဲဒီအတွက်ကြောင့် ကောင်စီအနေနဲ့ သတင်းလောက ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်သင့်လုပ်ထိုင်တဲ့ အလုပ်တွေထဲက အလုပ်တခုကို စပြီးတော့ လုပ်တာပေါ့နော်။”

သတင်းမီဒီယာဥပဒေပြဋ္ဌာန်းချက်အရ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းမီဒီယာတွေ အဖွဲ့အစည်းတွေကို အများပြည်သူလူထုသိရှိအောင် အမည်စာရင်းနဲ့တကွ ထုတ်ဖော်ကြေညာနိုင်ခွင့် ရှိတာကြောင့် အခုလို သေချာစိစစ်ပြီး ဖော်ပြခဲ့တာဖြစ်ပြီး ဖယ်ရှားနိုင်ရေးအတွက်ကိုတော့ FB နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ဒီအရေးကို အဓိကဦးဆောင်ဆောင်ရွက်နေတဲ့ မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင်လည်းဖြစ် ကောင်စီရဲ့ ကော်မတီခွဲထဲက သတင်း ကျင့်ဝတ်နဲ့ မီဒီယာဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး ကိုဇေယျာလှိုင်ကကပြောပါတယ်။

“ကျနော်တို့နဲ့အတူ မီဒီယာကောင်စီအနေနဲ့က သတင်းမီဒီယာ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ကျင့်ဝတ်နဲ့ မညီတဲ့ မီဒီယာသမားတွေ အဖွဲ့အစည်းတွေ တွေ့ရင် အများသိအောင် ထုတ်ဖော်ကြေညာနိုင်တယ်ဆိုတဲ့ အချက်ပေါ့လေ အဲဒီအပိုင်းတွေကိုဆောင်ရွက်တာဖြစ်ပါတယ်။ ဒါက ပထမ ခြေလှမ်းဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဆက်ပြီးတော့ Facebook team လိုဟာမျိုးနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပြီးတော့ ဒီ page တွေဖယ်ရှားဖို့အတွက် ဆောင်ရွက်သွားဖို့အခြေအနေတော့ ရှိပါတယ်။”

ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းဦးသတင်းထူး၊ သတင်းစုံ စသဖြင့် လူအများ ဖတ်ရှု့နိုင်အောင် သတင်းစုံကို တဆင့်ကူးယူဖော်ပြနေတဲ့အပြင် တာဝန်ယူတာဝန်ခံမှုမရှိပဲ ကျင့်ဝတ်နဲ့မညီတဲ့ လူမျိုးရေး ဘာသာရေး၊ နိုင်ငံရေး အကဲဆတ်မခံတဲ့ သတင်းမှားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာတွေကို စိစစ်တွေ့ရှိထားတယ်လို့ သတင်းမီဒီကောင်စီအဖွဲ့ဝင် ကိုဇေယျာလှိုင်ကပြောပါတယ်။

နောက်ပြီး သတင်း မူပိုင်ခွင့်မရှိ-သတင်းမီဒီယာ မှတ်ပုံတင်ထားခြင်းမရှိပဲ မူရင်းဌာနတွေရဲ့ သတင်းဦး သတင်းထူးတွေကို ကူးယူဖော်ပြနေတာတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်သတင်းမီဒီယာ တည်ထောင်ထားသူတဦးလည်းဖြစ်တဲ့ ရန်ကုန် ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက် ကလည်း အခုလိုသုံးသပ်ပါတယ်။

“တဖက်ကနေပြီးတော့ ဘာမှလည်း credit မပေးဘူး၊ သူများအပင်ပန်းခံလုပ်ထားတာကို လွယ်လွယ်လေးကူးပြီးတော့ ပြန်ဖြန့်လိုက်တယ် အဲဒါကြောင့်လည်း ကျနော်တို့ ဒီနိုင်ငံမှာ သတင်းဌာနတွေ ခက်ခဲတယ်ဆိုတာ အဲဒါကြောင့်ပဲပေါ့နော်။ တကယ့်သတင်းဌာန လုပ်နေသူတွေက ခက်ခက်ခဲခဲနဲ့ ရှင်သန်ရပ်တည်ဖို့ အရမ်းခက်ခဲသွားတာပေါ့နော်။ တကယ့်သတင်းဌာနတွေက ရှင်သန်ရပ်တည်ဖို့လည်း မလွယ်ဘူး ၊ တာဝန်ခံမူ တာဝန်ယူမှု အပိုင်းမှာလည်း တကယ့်သတင်းဌာနတွေက တာဝန်ခံမှု ရှိပေမယ့် အဲဒီအတုတွေကတော့ တာဝန်ယူမှု တာဝန်ခံမူမရှိဘူး သို့သော်လည်း ဒီအပေါ်မှာ ရလာတဲ့အကျိုးအမြတ်ကိုတော့ သူတို့က ယူတဲ့သဘောမျိုးဖြစ်တာပေါ့နော်။”

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မေလ ၂၇ရက်နေ့က ထုတ်ပြန်လိုက်တဲ့ သတင်းအတုအယောင် သတင်းမှားနဲ့ သတင်းခိုးကူးနေတဲ့ အွန်လိုင်းဝဘ်ဆိုက်ဒ် ဆိုရှယ်မီဒီယာပေ့ချ်ပေါင်းက ၃၀ကျော်ဖြစ်ပါတယ်။သတင်းမီဒီယာကောင်စီအနေနဲ့ အဘက်ဘက်က စိစစ်ပြီး သတင်းခိုးယူမှုစောင့်ကြည့်ရေးအဖွဲ့က ပေးပို့လာတဲ့ ဝဘ်ဆိုက်ဒ်စာရင်းတွေနဲ့ ပေ့ချ် အမည်စာရင်းတွေကို ထပ်ပြီးတော့ ထုတ်ဖော် သတင်းထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG