သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ နျူကလီးယားလက်နက်စာချုပ် အမေရိကန် တရားဝင်နှုတ်ထွက်


ရုရှားနိုင်ငံဟာ INF စာချုပ်ကို ချိုးဖောက်ပြီး ထုတ်ထားတဲ့ SSC-8 ဒါမှမဟုတ် 9M729 မြေပြင်က ပစ်တဲ့ ဒုံးကျည် (ဓာတ်ပုံ-ရိုက်တာ)
ရုရှားနိုင်ငံဟာ INF စာချုပ်ကို ချိုးဖောက်ပြီး ထုတ်ထားတဲ့ SSC-8 ဒါမှမဟုတ် 9M729 မြေပြင်က ပစ်တဲ့ ဒုံးကျည် (ဓာတ်ပုံ-ရိုက်တာ)

အမေရိကန်ပြည်ထောင်စုဟာ INF လို့ အတိုကောက်ခေါ်တဲ့ တာလတ်ပစ် နျူကလီးယားလက်နက်များဆိုင်ရာ သဘောတူစာချုပ် ကနေ ဒီကနေ့ နုတ်ထွက်လိုက်ပါပြီ။ ရုရှားက သူတို့ရဲ့ ဒုံးကျည်အသစ်တွေကိုဖျက်ဆီးဖို့ ငြင်းဆန်ပြီးတဲ့နောက် အမေရိကန်ကလည်း နျူကလီးယားဒုံးကျည်အသစ်တွေ ထုတ်မှာဖြစ်တဲ့အတွက် အခုလို INF စာချုပ်ကနေ နုတ်ထွက်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က “ရုရှားနိုင်ငံဟာ စာချုပ်ကို ချိုးဖောက်ပြီး ထုတ်ထားတဲ့ SSC-8 ဒါမှမဟုတ် 9M729 မြေပြင် ကပစ်တဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပြီး စာချုပ်ကို လိုက်နာတယ်ဆိုတာ အပြည့်အဝ သက်သေပြတာမျိုး မလုပ်ခဲ့ပါဘူး။ စာချုပ် ပျက်စီးသွားရတဲ့အပေါ်ရုရှားမှာပဲ လုံးဝ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ “ရုရှားက ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ထားတဲ့ သဘောတူညီချက်မှာ ဆက်ပါနေမှာ မဟုတ်ပါ ဘူး၊ စာချုပ်ကိုဖောက်ဖျက်ပြီး ဒုံးကျည်တွေ ထုတ်လုပ် ဖြန့်ချထားတာဟာ အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေကို တိုက်ရိုက်ခြိမ်းခြောက်မှုတခု ဖြစ်လာနေတာနဲ့အမျှ စာချုုပ်ကို ရုရှားက လိုက်နာမှုမရှိတာဟာ အမေရိကန်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားတွေကို ထိခိုက်စေပါတယ်” လို့ ဝန်ကြီး Pompeo က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

စစ်အေးကာလက ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင် INF သဘောတူညီချက်ကို အစားထိုးဖို့ သဘောတူညီချက်တခု ရနိုင်မယ်လို့ မျှော်လင့် တဲ့အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဒါပေမယ့် ပထမရက်က ရုရှားသမ္မတ Vladimir Putin နဲ့ သူစကားပြောတဲ့အချိန် INF စာချုပ်ကိစ္စ ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ သမ္မတစီးတဲ့ Marine One ရဟတ်ယာဉ်ပေါ်မတက်ခင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ သတင်းထောက်တွေကို သမ္မတက ပြောခဲ့ပါတယ်။

XS
SM
MD
LG