သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စ

အမေရိကန်နဲ့ တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ-AP)
အမေရိကန်နဲ့ တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ-AP)

အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ၈ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဒီကနေ့ ပြန်ပြီးစတင်ပါတယ်။

ဒီတကြိမ်ဆွေးနွေးပွဲဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၁၈ နှစ်ကြာ ပြည်တွင်းစစ်တွေ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းရေးမှုးတွေ စီစဉ်ရေးဆွဲထားတဲ့ အရေးအကြီးဆုံးဆွေးနွေးပွဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်တွေ တနှစ်လောက်ကြာအောင် အပြင်းအထန် ဆွေးနွေးခဲ့ပြီး အဓိကအရေးကြီးတဲ့အချက်အားလုံး ပါဝင်တဲ့ ထားတဲ့ သဘောတူညီမူကြမ်း ရလုနီးနေပါပြီလို့ ဒီသီတင်းပတ်အစောပိုင်းကပဲ တာလီဘန်ညှိနှိုင်းရေးမှုးအဖွဲ့ ကိုယ်စား Suhail Shaheen က VOA ကိုပြောပါတယ်။

မူကြမ်းထဲမှာပါဝင်တာတွေကတော့ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးဖို့အတွက် အပြန်အလှန်အနေနဲ့ အာဖဂန်နိုင်ငံနဲ့ အထူးသဖြင့်တာလီဘန်တို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ အကြမ်းဖက်ဝါဒီတွေ နိုင်ငံဖြတ်ကျော်ပြီး အကြမ်းဖက်မှုတွေကျူးလွန်နိုင်ခြင်းမရှိအောင် တာလီဘန်တို့က အာမခံပေးရမယ်လို့ Shaheen ကပြောပါတယ်။ အခြားအသေးစိတ်အချက်အလက်တွေကိုတော့ သူက ထပ်ပြောမသွာပါဘူး။

ကုလသမဂ္ဂက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာတော့ ဂျူလိုင်လမှာ အာဖဂန်အရပ်သား သေဆုံးမှုတွေ အကြီးအကျယ်မြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။ အရပ်သား ၁၅၀၀ ထက်မနည်းသေဆုံးဒဏ်ရာရခဲ့သလို ဒါဟာ ၂၀၁၇ မေလကစပြီး အများဆုံးအရေအတွက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ သေဆုံးခဲ့ရတဲ့အရပ်သား ၅၀ ရာခိုင်နှုန်းကျော်ဟာ IED လက်လုပ်ဗုံးတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကန်နဲ့ တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG