သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ အင်အားကြီးတိုင်ဖုန်းဝင်ရောက်


တရုတ် တိုင်ဖုန်း ဝင်ရောက်နေစဉ် (ဓာတ်ပုံ-ရိုက်တာ)
တရုတ် တိုင်ဖုန်း ဝင်ရောက်နေစဉ် (ဓာတ်ပုံ-ရိုက်တာ)

Lekima တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဒီကနေ့မှာဝင်ရောက်ခဲ့ပြီး၊ မုန်တိုင်းကြောင်း ၁၃ ယောက်သေဆုံးပြီး ၁၆ ယောက် ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် လူဦးရေး ၁ သန်းလောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေရာချထားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းစာက ပြောပါတယ်။

Lekima မုန်တိုင်းကြောင့် တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာရွာသွန်ပြီး ၊ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ နဲ့ ရထားခရီးစဉ် ဒါဇင်နဲ့ချီ ဖျက်ပစ်ခဲ့ရပါတယ်။ ဒါ့အပြင် ရှန်ဟိုင်းမြို့က Disneyland ကိုလည်း ပိတ်ထားလိုက်ရပါတယ်။

မနေ့ သောကြာနေ့တုန်းကတော့ တရုတ်နိုင်ငံရဲ့ မိုးလေဝသနဌာနက မုန်တိုင်းကို အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး၊ ဒီကနေ့မှာတော့ တဆင့်နှိမ်ပြီး အဝါရောင့်အဆင့်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

Lekima တိုင်ဖုန်းမုန်တိုင်းဟာ အားကောင်းနေဆဲဖြစ်ပြီး၊ လေတိုက်နှုန်းဟာ တနာရီကို ၁၈၇ ကီလိုမီတာအထိ အများဆုံးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG