သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ COVID-19 ထိန်းချုပ်တဲ့အနေနဲ့ အိမ်ပြင်ထွက်သူတွေကို ဖမ်း


ကွာလာလမ်ပူမြို့ လမ်းမတခုတွင် စောင့်ကြပ်နေသည့် မလေးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မတ် ၃၁၊ ၂၀၂၀)
ကွာလာလမ်ပူမြို့ လမ်းမတခုတွင် စောင့်ကြပ်နေသည့် မလေးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မတ် ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ထုတ်ပြန်ထားတဲ့ အိမ်ပြင်မထွက်ရ အမိန့်ကို ချိုးဖောက်သူ လူ ၄၀၀၀ ကျော် ဖမ်းဆီးခံရပါတယ်။

ဒါကြောင့် မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှက ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့နေတဲ့ နိုင်ငံတွေထဲ ဖိလစ်ပိုင်နိုင်ငံပြီးရင် အတင်းကျပ်ဆုံး ကြပ်မတ်နေတဲ့နိုင်ငံ ဖြစ်လာပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေကို ရဲတွေက သေနတ်နဲ့ပစ်ခတ်နိုင်တဲ့အထိ သမ္မတက အမိန့်ပေးထားတာပါ။

မလေးရှား လုံခြုံရေးတပ်ဖွဲ့တွေက လမ်းတွေပိတ်၊ စစ်ဆေးတာတွေလုပ်၊ လူထောင်နဲ့ချီပြီး ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ပြောပါတယ်။ ဒီအထဲ အမျိုးသားတဦးဟာ အဖမ်းမခံရအောင် မလက္ကာရေလက်ကြားထဲ ခုန်ချထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မတ်လ ၁၈ ရက်နေ့ကတည်းက စပြီး အကြောင်းမရှိဘဲ အိမ်ပြင်ထွက်သူ ၄၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီးဖြစ်သလို ၁၅၀၀ နီးပါးကို တရားစွဲဆိုခဲ့ပါတယ်။

သောကြာနေ့စာရင်းအရ မလေးရှားနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၃၁၀၀ ကျော်နဲ့ သေဆုံးသူ ၅၀ ရှိပါတယ်။

အခုလို အိမ်ပြင်မထွက်ရ အမိန့်ကြောင့် ကူးစက်မှုနှုန်း လျော့ကျသွားတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ နိုင်ငံအသီးသီးအတွက် ထုတ်ပြန်တဲ့ ဂူဂဲလ်စာရင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့လကထက် မလေးရှားနိုင်ငံအတွင်း ဈေးဝယ်သူ ၈၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

မလေးရှားနိုင်ငံက ဒီအမိန့်နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်နေချိန် တဖက်မှာလည်း နိုင်ငံစီးပွားရေးအပြင် လူ့အခွင့်အရေးအတွက်ပါ အန္တရာယ် ရှိလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)











XS
SM
MD
LG