သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွား ဘာသာေရးအခမ္းအနားတက္သူ ၂၅၀ ခန္႔ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္


ကြာလာလမ္ပူေလဆိပ္တြင္ ခရီးသည္မ်ားအား ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနသည့္ က်န္းမာေရးဝန္ထမ္းအခ်ဳိ႕။ (ဇန္နဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားႏိုင္ငံမွာ ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၄၃၀ နီးပါးထဲက ထက္ဝက္ေက်ာ္ဟာ ၿပီးခဲ့တဲ့လထဲ က်င္းပခဲ့တဲ့ ႏိုင္ငံတကာ အစၥလာမ္ဘာသာေရး ပြဲေတာ္ေတြကို တက္ေရာက္ခဲ့သူေတြ ျဖစ္တယ္လို႔ မေလးရွားအစိုးရက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၂၈ ဦးထဲက ၂၄၃ ဦးဟာ မေလးရွားက Sri Petaling ဗလီမွာလုပ္တဲ့ ဘာသာေရးအခမ္းအနားကို တက္ခဲ့သူေတြ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴး Noor Abdullah က ေျပာပါတယ္။

ဒီသီတင္းပတ္ကုန္ပိုင္းမွာ ေရာဂါကူးစက္ လူနာအသစ္ ၁၉၀ ထိရွိခဲ့ၿပီး အမ်ားစုဟာ လူ ၂ ေသာင္းေလာက္တက္တဲ့ ကမၻာလုံးဆိုင္ရာ အစၥလာမ္ ဘာသာေရး အခမ္းအနား တက္ေရာက္ခဲ့သူေတြ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၇ ကေန မတ္လ ၁ ရက္ေန႔ထိ က်င္းပတဲ့ အဲဒီ ဘာသာေရးအခမ္းအနားကို ဘဂၤလားေဒ့ရွ္၊ ဘ႐ူႏိုင္း၊ ဖိလစ္ပိုင္၊ စင္ကာပူနဲ႔ ထိုင္းႏိုင္ငံေတြက လာတက္ၾကၿပီး မေလးရွားႏိုင္ငံသား ၁ ေသာင္းခြဲေလာက္ တက္ေရာက္ခဲ့တာလို႔ အာဏာပုိင္ေတြက ေျပာပါတယ္။

ဘ႐ူႏိုင္းမွာေတာ့ ေရာဂါကူးစက္ခံရသူ ၁၀ ဦး တိုးလာတယ္လို႔ စေနေန႔က ေၾကညာတာေၾကာင့္ ဘ႐ူႏိုင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၅၀ ထိ ရွိလာတယ္လုိ႔ ဆုိပါတယ္။ ကူးစက္သူ ၁၀ ဦးဟာ မေလးရွားက ဘာသာေရးအခမ္းအနားကို တက္ေရာက္ခဲ့သူေတြ ျဖစ္ပါတယ္။

စင္ကာပူႏိုင္ငံမွာလည္း အဲဒီ ဘာသာေရးပြဲကို သြားတက္မိလို႔ ေရာဂါကူးစက္ခံရသူ ရွိေၾကာင္း ေၾကညာထားပါတယ္။

ဒီအေတာတြင္း ေဘဂ်င္းေလဆိပ္ကို ေရာက္လာၾကမယ့္ ႏုိင္ငံတကာ ခရီးသြားေတြကို သီးသန္႔ခြဲျခား ေစာင့္ၾကည့္ႏိုင္မယ့္ စမ္းသပ္မႈေတြကို ဒီတနလၤာေန႔ကစၿပီး လုပ္ေဆာင္သြားဖို႔ တ႐ုတ္အာဏာပုိင္ေတြက ေစလႊတ္ခဲ့ေၾကာင္း အစိုးရပုိင္သတင္းက ေၾကညာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------------

(Unicode)

မလေးရှား ဘာသာရေးအခမ်းအနားတက်သူ ၂၅၀ ခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၄၃၀ နီးပါးထဲက ထက်ဝက်ကျော်ဟာ ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အစ္စလာမ်ဘာသာရေး ပွဲတော်တွေကို တက်ရောက်ခဲ့သူတွေ ဖြစ်တယ်လို့ မလေးရှားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂၈ ဦးထဲက ၂၄၃ ဦးဟာ မလေးရှားက Sri Petaling ဗလီမှာလုပ်တဲ့ ဘာသာရေးအခမ်းအနားကို တက်ခဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး Noor Abdullah က ပြောပါတယ်။

ဒီသီတင်းပတ်ကုန်ပိုင်းမှာ ရောဂါကူးစက် လူနာအသစ် ၁၉၀ ထိရှိခဲ့ပြီး အများစုဟာ လူ ၂ သောင်းလောက်တက်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အခမ်းအနား တက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ကနေ မတ်လ ၁ ရက်နေ့ထိ ကျင်းပတဲ့ အဲဒီ ဘာသာရေးအခမ်းအနားကို ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေက လာတက်ကြပြီး မလေးရှားနိုင်ငံသား ၁ သောင်းခွဲလောက် တက်ရောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘရူနိုင်းမှာတော့ ရောဂါကူးစက်ခံရသူ ၁၀ ဦး တိုးလာတယ်လို့ စနေနေ့က ကြေညာတာကြောင့် ဘရူနိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀ ထိ ရှိလာတယ်လို့ ဆိုပါတယ်။ ကူးစက်သူ ၁၀ ဦးဟာ မလေးရှားက ဘာသာရေးအခမ်းအနားကို တက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာလည်း အဲဒီ ဘာသာရေးပွဲကို သွားတက်မိလို့ ရောဂါကူးစက်ခံရသူ ရှိကြောင်း ကြေညာထားပါတယ်။

ဒီအတောတွင်း ဘေဂျင်းလေဆိပ်ကို ရောက်လာကြမယ့် နိုင်ငံတကာ ခရီးသွားတွေကို သီးသန့်ခွဲခြား စောင့်ကြည့်နိုင်မယ့် စမ်းသပ်မှုတွေကို ဒီတနင်္လာနေ့ကစပြီး လုပ်ဆောင်သွားဖို့ တရုတ်အာဏာပိုင်တွေက စေလွှတ်ခဲ့ကြောင်း အစိုးရပိုင်သတင်းက ကြေညာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG