သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အရေးပေါ်ကုသဖို့ Remdesivir ဆေး အမေရိကန် FDA အကန့်အသတ်နဲ့ ခွင့်ပြု


ကယ်လီဖိုးနီးယားရှိ Gilead Sciences ကုမ္ပဏီဓာတ်ခွဲခန်းတွင် Remdesivir ဆေးနှင့် စမ်းသပ်နေသည့် ပညာရှင်များ။ (မတ် ၁၈၊ ၂၀၂၀)
ကယ်လီဖိုးနီးယားရှိ Gilead Sciences ကုမ္ပဏီဓာတ်ခွဲခန်းတွင် Remdesivir ဆေးနှင့် စမ်းသပ်နေသည့် ပညာရှင်များ။ (မတ် ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါရရှိတဲ့ လူနာတချို့ မြန်မြန်ပြန်နေကောင်းလာစေပုံရတဲ့ ပထမဆုံးဆေးကို အရေးပေါ် အသုံးပြုဖို့ အမေရိကန် တာဝန်ရှိသူတွေ ခွင့်ပြုလိုက်ပါတယ်။

COVID-19 ရောဂါဖြစ်နေသူ လူနာ ၁၉ ဦးဟာ Gilead Science ကုမ္ပဏီက ဖော်ထုတ်တဲ့ Remdesivir ဆေးနဲ့ မြန်မြန်ပြန်နေကောင်းလာပုံရတာ တွေ့ရတဲ့အတွက် အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က ရောဂါပြင်းထန်တဲ့ လူနာတွေမှာ သုံးဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီခွင့်ပြုချက်ကို သမ္မတ Donald Trump က အိမ်ဖြူတော်မှာ သောကြာနေ့ကပဲ ကြေညာသွားတာပါ။

Remdesivir ဆေးက လူနာကို ၃၁ ရာခိုင်နှုန်း၊ ရက်နဲ့ဆိုရင် ၄ ရက်လောက် ပိုမြန်မြန်နေကောင်းလာစေတာကို အစိုးရထောက်ခံချက်နဲ့ ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်အရ သိခဲ့ရပြီးတဲ့နောက် FDA က အခုလို ခွင့်ပြုလိုက်တာပါ။

သာမန်ဆို ပျမ်းမျှ ၁၅ ရက်ကြာ ဆေးရုံတက်ရတာကနေ အခုဆေးအသုံးပြုရင် လူနာက ၁၁ ရက်နဲ့ ဆေးရုံက ဆင်းနိုင်ပါတယ်။ ဒီဆေးက လူနာတွေကို အသက်မသေအောင် ကုသလို့ရနိုင်မယ်လို့ ယူဆရပေမယ့် ဒီအချက်ကို သိပ္ပံပညာရှင်တွေ သေချာ အတည်မပြုနိုင်သေးပါဘူး။

ပဏာမလေ့လာချက်ကို ကြည့်ပြီး FDA က ခွင့်ပြုလိုက်တယ်ဆိုပေမယ့် ဒီဆေးဝါးကို အသုံးပြုတာ ဘယ်လောက်ထိရောက်မှုရှိလဲ၊ ဘယ်လောက် အန္တရာယ်ကင်းလဲ ဆိုတာနဲ့ ပတ်သက်ပြီး များများစားစား မသိရသေးဘူးလို့လည်း FDA က ဆိုပါတယ်။

ဒီလို FDA ရဲ့ ခွင့်ပြုချက်ဟာ ကူးစက်ရောဂါ ကပ်ဘေးကာလမှာ ဒီရောဂါပိုးပြန့်ပွားမှု တားဆီးနိုင်တဲ့ဆေးဝါး မြန်မြန်ထွက်ပေါ်အောင် အရေးပေါ် ခွင့်ပြုနိုင်ခွင့်အရ ဖြစ်ပါတယ်။

သာမန်အချိန်တွေမှာဆိုရင် ဆေးဝါးရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုတွေကို အထောက်အထား အများကြီး တွေ့ရမှ ခွင့်ပြုချက်ပေးတာပါ။

လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကုသနိုင်မယ့် ဆေးဝါးတမျိုးမျိုးကို FDA က ခွင့်ပြုထားတာ မရှိသေးသလို အခု Remdesivir ဆေးကိုလည်း FDA က အပြည့်အဝ တရားဝင်ခွင့်ပြုဖို့ လိုပါသေးတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)




ဒီခှင့ျပွုခကြျကို သမ်မတ Donald Trump က အိမျဖွူတောျမှာ သောကွာနေ့ကပဲ ကွညောသှားတာပါ။







ဆက်စပ်သတင်းများ ...

XS
SM
MD
LG