သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတထရမ့် မိန့်ခွန်းပြော


သမ္မတထရမ့် မိန့်ခွန်း ကတော့ ၅ မိနစ်လောက်သာ ကြာမြင့်ခဲ့ပြီးတော့ အကျဉ်းချုပ် တင်ပြရရင် - သေဆုံးသွားတဲ့ လူမည်း အမျိုးသား George Floyd အတွက် တရားမျှတမှုဖြစ်အောင် လုပ်ပေးမယ်။ - သမ္မတ အနေနဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ်ရေး ကို ထိန်းသိမ်းရမှာဖြစ်တဲ့အတွက် အကြမ်းဖက် ဆန္ဒပြသူတွေ၊ လုယက်သူတွေ၊ ANITFA နဲ့ တခြား သွေးထိုးသူတွေ ကို ပြင်းပြင်းထန်ထန်အရေးယူမယ်။ - ပြည်သူတွေ ရဲ့ ပစ္စည်းတွေ၊ နိုင်ငံတော် ပန်းခြံတွေ၊ အထိမ်းအမှတ်တွေ ဖျက်ဆီးခဲ့ရတဲ့ အကြောင်း နဲ့ ကယ်လီဖိုးနီးယား က လူမည်း ရဲတစ်ဦး သေနတ် နဲ့ ပစ်ခံရပြီး သေဆုံးရတာတွေ ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာ မဟုတ်ကြောင်းပြောခဲ့တယ်။ - ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြို့တော်ဝန်တွေကို ပြည်နယ်လုံခြုံရေး အရံတပ်တွေ သုံးဖို့ တိုက်တွန်းပြီး တည်ငြိမ်အောင် မလုပ်ရင် ဗဟိုအစိုးရ စစ်တပ် နဲ့ ရဲတွေ စေလွှတ်ပြီး ပြဿနာကို ဖြေရှင်းမယ်။ - ဝါရှင်တန် ဒီစီမှာ ည ၇ နာရီ က စပြီး အပြင်မထွက်ရ အမိန့်ကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်။ - တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ်ရေးကို သေချာလုပ်ဆောင်ပြီး စီးပွားရေး လုပ်ငန်းတွေ ကို လည်းပြန်ကူမယ်။ မိန့်ခွန်းအပြီးမှာ သမ္မတ အိမ်ဖြူတော် နဲ့ ပန်းခြံတခုခြား အကွာမှာ ရှိတဲ့ စိန့်ဂျွန်း ဘုရားရှိခိုးကျောင်း ရှေ့ကိုလည်း သွားရောက် ပြီး သမ္မာ ကျမ်းစာ စာအုပ် နဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

XS
SM
MD
LG