သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ကန်အပြစ်တင်


ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam. (ဇူလိုင် ၃၁၊ ၂၀၂၀)
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam. (ဇူလိုင် ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

စက်တင်ဘာလ ၆ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဟောင်ကောင် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကို တနှစ် ရွှေ့ဆိုင်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ဟောင်ကောင် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကို ဒီလောက်ကြာအောင် ရွှေ့ဆိုင်းထားဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိကြောင်းနဲ့ အနီးဆုံး စက်တင်ဘာလလောက်မှာ ကျင်းပသင့်ကြောင်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းလိုက်တဲ့ ဟောင်ကောင်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဝမ်းနည်းဖွယ်ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်ကို လွှဲပြောင်းပေးတုန်းက သဘောတူညီထားတဲ့ ကုလသမဂ္ဂ အသိအမှတ်ပြု တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ကို လိုက်နာဖို့ တရုတ်ပြည်မကြီးက မလိုလားဘူးဆိုတာကို ပြသလိုက်တာလည်း ဖြစ်တယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင် ရွေးကောက်ပွဲတွေကို တနှစ် ရွှေ့ဆိုင်းမယ့်အကြောင်း ပြည်မကြီးက ခန့်အပ်ထားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က သောကြာနေ့က ကြေညာခဲ့တာပါ။

ဒီကြေညာချက်ဟာ ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းမယ်လို့ ယူဆထားတဲ့ ဒီမိုကရေစီ လိုလားသူတွေအတွက် ထိုးနှက်ချက်တခု ဖြစ်သလို ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဟောင်ကောင်အစိုးရက ဖိနှိပ်နေတဲ့ လုပ်ဆောင်ချက်ထဲက တခုလို့လည်း လေ့လာသူတွေက ယူဆကြပါတယ်။

မကြာသေးခင်ကပဲ နိုင်ငံရေးထဲ ပါဝင်ပတ်သက်နေသူ ဒီမိုကရေစီ လိုလားတဲ့ တက္ကသိုလ်ပါမောက္ခနှစ်ဦး အလုပ်က ထုတ်ပယ်ခံခဲ့ရသလို လူငယ် တက်ကြွလှုပ်ရှားသူ လေးဦးလည်း အမျိုးသားလုံခြုံရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံသားတဦး အပါအဝင် လူခြောက်ယောက်ကို ဟောင်ကောင် အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ခဲ့သလို ဒီမိုကရေစီလိုလားသူ ကိုယ်စားလှယ်လောင်း ၁၂ ဦးကိုလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









XS
SM
MD
LG