သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ ကိုဗစ်အတည်ပြုလူနာတွေ ပြန်များနေ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (သြဂုတ် ၁၉၊ ၂၀၂၀)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ COVID 19 ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (သြဂုတ် ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးဆက်မှုတွေ ဆက်လက်ဖြစ်ပွါးနေတာမှာ ဒီကနေ့တရက်ထဲ တောင်ကိုရီးယားမှာ လူနာသစ် ၂၉၇ ယောက် အတည်ပြုခဲ့တဲ့ အတွက် မတ်လအစောပိုင်းကတည်းကနေ အခုထိ တနေ့တာ ကူးစက်မှု အများဆုံးဖြစ်ပါတယ်။ မြို့တော် Seoul နဲ့ အနီးတဝိုက် ဒေသတွေမှာ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် လူစုလူဝေးမလုပ်ကြဖို့ တားမြစ်ချက်တွေ စပြီး ကန့်သတ်နေပါတယ်။

လက်ရှိ တောင်ကိုရီးယားမှာ COVID-19 ကူးစက်သူ ၁၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၀၆ ယောက်ရှိပြီး အခုသီတင်းပတ်မကုန်ခင် အတည်ပြုလူနာတွေ အများကြီး ထပ်တွေ့နိုင်တယ်လို့ ခန့်မှန်းထားတဲ့ အကြောင်း တောင်ကိုရီးယား ကျန်းမာရေး ဒုတိယ ဝန်ကြီး Kim Gang-lip ကပြောပါတယ်။

အခု လတ်တလော ကူးစက်မှု အသစ် ၆၀၀ ကျော်လောက်က Seoul မြို့ ခရစ်ယာန် ဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲ တခုနဲ့ ဆက်နွယ်ကူးစက်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာ ၆၄,၀၀၀ နဲ့ သေဆုံးသူ ၁,၀၀၀ ကျော်ရှိတာကြောင့် တရက်အတွင်း သေဆုံးသူ အရေအတွက် အများဆုံးဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်သူ ၂.၇ သန်းရှိတဲ့အတွက် အိန္ဒိယက ကမ္ဘာမှာ COVID-19 ကူးစက်မှု စတုတ္တအများဆုံးဖြစ်နေတာပါ။

သြစတြေးလျ ဝန်ကြီးချုပ် Morrison
သြစတြေးလျ ဝန်ကြီးချုပ် Morrison

သြစတြေးလျကတော့ Oxford တက္ကသိုလ်နဲ့ COVID-19 ကာကွယ်ဆေး ပူးပေါင်း စမ်းသပ်နေတဲ့ ဆွီဒင်နဲ့ ဗြိတိန်ဖက်စပ် AstraZeneca ဆေးကုမ္ပဏီနဲ့ ကာကွယ်ဆေးရဖို့ သဘောတူညီချက် ရထားပြီးပြီး နိုင်ငံအတွင်းမှာဆေး ထုတ်လုပ်ပြီးရင် တနိုင်ငံလုံးကို အခမဲ့ ကာကွယ်ဆေးထိုးပေးသွားမယ်လို့လည်း ဝန်ကြီးချုပ် Morrison က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဂယက်ကြောင့် တနှစ်အတွင်း ဂျပန်နိုင်ငံ ပြည်ပပို့ကုန်လုပ်ငန်း ၁၉.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ အစိုးရ သတင်းအချက်အလက်တွေ က ဖော်ပြပါတယ်။ ဇူလိုင်လအတွင်း သွင်းကုန်လုပ်ငန်းလည်း ၂၂.၃ ရာခိုင်နှုန်း အထိကျဆင်းခဲ့ကြောင်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။ ပလပ်စတစ် ၊ သံနဲ့ သံမဏိ၊ ကွန်ပြူတာအစိတ်အပိုင်းတွေ အပါအဝင် အမေရိကန်နိုင်ငံကို တင်သွင်းနေတဲ့ကုန်ပစ္စည်း တင်ပို့မှု ၁၉.၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့လည်း ဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG