သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အဖွဲ့မှာ မိသားစုဝင်ရှိနေတဲ့ ရခိုင် လွှတ်တော်အမတ် ရွေးကောက်ပွဲ ဝင်ခွင့်မရ


ရခိုင်ပြည်နယ်လွှတ်တော်။ (ဓာတ်ပုံ-ဦးညီပုဖေ့စ်ဘွတ်)
ရခိုင်ပြည်နယ်လွှတ်တော်။ (ဓာတ်ပုံ-ဦးညီပုဖေ့စ်ဘွတ်)

(Zawgyi / Unicode)

လာမယ့်ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်း ထွက်လာချိန်မှာ ရခိုင်ပြည်နယ်လွှတ်တော် အမတ်တဦးကတော့ သားဖြစ်သူ တပ်မတော်ဗိုလ်မှူးဟောင်း AA ရခိုင်တပ်ထဲ ဝင်သွားလို့ ရွေးကောက်ပွဲ ပိတ်ပင်ခံလိုက်ရပါတယ်။

ကျောက်ဖြူမြို့နယ်အမတ် ဦးဖိုးစံရဲ့သား သံချပ်ကာတပ်က ဗိုလ်မှူးအောင်မြင့်စိုးအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က AA ရခိုင်လက်နက်ကိုင်အဖွဲ့ထဲ ကူးပြောင်းသွားလို့ လက်ရှိ သူ့မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ ဝင်ပြိုင်ဖို့ ပယ်ဖျက်ခံလိုက်ရတာပါလို့ ရခိုင်အမျိုးသားပါတီ (ANP) ပြောခွင့်ရက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်မှာ မဲအများဆုံးရခဲ့ပြီး ရခိုင်လွှတ်တော်ကို ဦးဆောင်ထားတဲ့ ဒီ ANP ပါတီ ပြောခွင့်ရ ဒေါ်အေးနုစိန်က အခုလို ငြင်းလိုက်တာအတွက် အထောက်အထား မပေးလိုက်ဘူးလို့ ဆိုလိုက်ပါတယ်။

“ဦးဖိုးစံကို ပြည်ထောင်စုကော်မရှင်ကနေပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အဖြစ်က ပယ်ဖျက်တယ်ဆိုတဲ့ အကြောင်းကြားစာကို ခရိုင်ကော်မရှင်က ခေါ်ပြီးတော့ ပြောတယ်တဲ့။”

ရှေ့နေလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) ဖြစ်တဲ့ သောင်းကျန်းသူနဲ့ အဆက်အသွယ်ရှိတယ် ဆိုတာနဲ့ ငြိစွန်းတယ်ဆိုပြီး ခုလို လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်ပေမယ့် ခရိုင်ရုံးက အထောက်အထား မပေးလိုက်ဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ဒေါ်အေးနုစိန်ကပဲ ဦးဖိုးစံအနေနဲ့လည်း ခုလို သူ့သားနဲ့ အဆက်အသွယ် မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ကို ပြောထားပြီးဖြစ်တယ်၊ နောက် အယူခံတင်ခဲ့ရာမှာလည်း ဒီကော်မရှင်ဘက်က လက်မခံခဲ့ဘူးလို့ ပြောထားကြောင်း ဆိုပါတယ်။ ကျောက်ဖြူမြို့နယ် ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံရဲ့ သားဖြစ်သူက AA တပ်ဖွဲ့ဝင် ဖြစ်ပေမယ့် အဆက်အသွယ် မရှိဘူးလို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)








XS
SM
MD
LG