သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမှာ ကိုဗစ်ရောဂါကူးစက်သူ ၁ သန်းကျော်တဲ့ နိုင်ငံပေါင်း ၇ နိုင်ငံထိ ရှိလာ


တရုတ်နိုင်ငံ Beijing မြို့မှာ လမ်းသွားလမ်းလာတချို့ကို တွေ့ရ။ (အောက်တိုဘာ ၂၁၊ ၂၀၂၀)
တရုတ်နိုင်ငံ Beijing မြို့မှာ လမ်းသွားလမ်းလာတချို့ကို တွေ့ရ။ (အောက်တိုဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါရှိသူ ၁,၀၀၀,၀၀၀ ကျော်တဲ့နိုင်ငံပေါင်း ၇ နိုင်ငံအထိ ရှိလာရာမှာ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေ ပါလာတယ်လို့ Johns Hopkins တက္ကသိုလ်၊ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်ဆိုင်ရာဌာနက ဖော်ပြထားပါတယ်။

အမေရိကန်ကတော့ ၈.၃ သန်းနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး အိန္ဒိယက ၇.၆ သန်း၊ ဘရာဇီးလ် ၅.၃ သန်း၊ ရုရှား ၁.၄ သန်း၊ အာဂျင်တီးနားက ၁.၀၃ သန်းကျော်၊ စပိန်က ၁ သန်း ၅ ထောင်ကျော်နဲ့ဆဌမမြောက်၊ ပြင်သစ်က ၁,၀၀၀,၃၀၀ ကျော်နဲ့ သတ္တမမြောက်ဖြစ်ကြပါတယ်။

ဒါ့အပြင် စပိန်နဲ့ ပြင်သစ်တို့ဟာ အနောက်ဥရောပနိုင်ငံတွေထဲ ကူးစက်မှု ၁,၀၀၀,၀၀၀ ကျော်လာတဲ့ ပထမဆုံးနိုင်ငံတွေလည်း ဖြစ်လာတာပါ။

ဘရာဇီးလ်နိုင်ငံမှာ ဗြိတိန်နဲ့ ဆွီဒင် ပူးတွဲဆေးကုမ္ပဏီဖြစ်တဲ့ AstraZeneca ကထုတ်မယ့် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ မိမိ ဆန္ဒအလျှောက် ဆေးစမ်းသပ်ခံနေသူတယောက် အောက်တိုဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

အခု ကွယ်လွန်သွားသူဟာ ဆေးအစစ်၊ ဒါမှမဟုတ် အာနိသင်မရှိတဲ့ ဆေးကိုပေးထားပြီး စမ်းသပ်ခံနေသူ ၈,၀၀၀ ထဲက တယောက်ဖြစ်ပါတယ်။

AstraZeneca ဆေးကုမ္ပဏီဟာ ဗြိတိန် အောက်စ်ဖို့ တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးစားနေတာပါ။

ဒီကာကွယ်ဆေးကို အမေရိကန်၊ ဗြိတိန်၊ တောင်အာဖရိကနဲ့ အိန္ဒိယနိုင်ငံတွေမှာ စမ်းသပ်မှုတွေလုပ်နေရာက ပြီးခဲ့တဲ့လထဲတုန်းက ဗြိတိန်မှာ စမ်းသပ်ခံသူတယောက် ဒုတိယအကြိမ် ဆေးပေးချိန် ကျောရိုးယောင်ယမ်းတဲ့ဝေဒနာဖြစ်လာလို့ စမ်းသပ်မှုတွေ ခဏ ရပ်ထားခဲ့ပြီး အခု ပြန်လည်စမ်းသပ်နေပေမဲ့ အမေရိကန်နိုင်ငံတွင်းမှာတော့ ဒီစမ်းသပ်မှုကို ရပ်ထားဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







AstraZeneca ဆေးကုမ်ပဏီဟာ ဗွိတိနျ အောကျဈဖို့ တက်ကသိုလျနဲ့ ပူးပေါငျးပွီး ကိုဗဈကာကှယျဆေးထုတျလုပျဖို့ ကွိုးစားနတောပါ။


XS
SM
MD
LG