သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနိုင်ငံ COVID တားဆီးရေး Lockdown ၃ ပတ် ချမှတ်မည်


(Zawgyi/Unicode)

ဂရိနိုင်ငံမှာ COVID-19 ကူးစက်မှု တိုးလာပြီး နိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မနိုင်မနင်း ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတွက် သီတင်း ၃ ပတ်ကြာ တနိုင်လုံးအတိုင်းအတာနဲ့ Lockdown ချ ကန့်သတ်မှုတွေကို စနေနေ့မှာ စတင်တော့မှာ ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ကြေညာပါတယ်။

ဥရောပတလွှားက နိုင်ငံတွေမှာ ကန့်သတ်မှုတွေလုပ်ဖို့အတွက် ဒီရောဂါပိုး ကူးစက်မှု အခြေအနေ ထိန်းမနိုင် သိမ်းမရဖြစ်တဲ့ အထိ စောင့်ဆိုင်းနေကြပေမယ့် သူ့အနေနဲ့တော့ ပြည်သူတွေ အသက်အန္တရာယ် ကျရောက်မှာ မလိုလားတဲ့ အတွက် အမြန်တား ဆီးဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ကြာသပတေးနေ့ အေသင်က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ဂရိနိုင်ငံမှာ COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုဒဏ် အပြင်းအထန် မခံစားရဖို့ သူမေ ျှာ်လင့်ကြောင်းလည်း ပြောပါတယ်။ လူဦးရေ ဆယ်သန်းကျော်ပဲရှိတဲ့ ဂရိနိုင်ငံမှာ ကြာသပတေးနေ့ အထိဆို အကူးစက်ခံရသူက ၅ သောင်း နီးပါးရှိနေပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ် က ကောက်ယူတဲ့ စစ်တမ်းမှာတော့ ကမ္ဘာတလွှားမှာ COVID-19 အကူးစက်ခံရသူဟာ ၄၈ သန်းခွဲနီးပါး ( ၄၈,၄၅၀,၂၉ ၂) ဖြစ်နေပြီး သေဆုံးရသူက ၁.၂ သန်းကျော် ရှိနေပါတယ်။ အမေရိကန်မှာတော့ အကူးစက်ခံရသူ ၉ သန်းခွဲကျော် နဲ့ အများဆုံး ဖြစ်သလို အိန္ဒိယက ၈ သန်းခွဲနီးပါးနဲ့ ဒုတိယအများဆုံး ဖြစ်ပြီး ဘရာဇီးလ် က ကူးစက်သူ ၅ သန်းခွဲကျော်နဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ကုလသမဂ္ဂက COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးရေး အတွက် ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ညီလာခံခေါ်ယူသင့်မသင့် ကြာသပတေးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲခဲ့ကြပြီး အမေရိကန်အပါအဝင် ၃ နိုင်ငံက ကြားနေမဲ၊ ကျန်အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပြီး သဘောတူခဲ့ကြပါတယ်။ ကမ္ဘာတလွှား ဒီရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကို တုန့်ပြန်ဖို့ နဲ့ လူမှုအသိုင်းဝိုင်းတွေ၊ စီးပွားရေး၊ အလုပ်အကိုင် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး ဆိုင်ရာတွေမှာ ဒီရောဂါရဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)






XS
SM
MD
LG