သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ရရေး G-20 ထိပ်သီးတွေ ကတိပြု


G-20 ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ တက်ရောက်ဆွေးနွေးတဲ့ ကမ္ဘာ့ခေါင်းဆောင်များ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)
G-20 ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ တက်ရောက်ဆွေးနွေးတဲ့ ကမ္ဘာ့ခေါင်းဆောင်များ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ G-20 ထိပ်သီးအစည်းအဝေး ပိတ်ပွဲနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား လူတိုင်းအတွက် COVID-19 ကာကွယ်ဆေးရအောင် တတ်စွမ်းသမျှ လုပ်ဆောင်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေ၊ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကုသရေးဆိုင်ရာတွေမှာ လူသားအားလုံး ဈေးနှုန်းတတ်နိုင်ပြီး တန်းတူညီမျှ ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေ သဘောတူခဲ့ကြတာပါ။

အခုလိုလုပ်ဆောင်ဖို့ ထိပ်သီးအစည်းအဝေး စတင်တဲ့ စနေနေ့က ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့ ဆော်ဒီအာရေဗျဘုရင် Salman က အဖွင့်မိန့်ခွန်းမှာ ပန်ကြားခဲ့တာပါ။

၂ ရက်ကြာကျင်းပတဲ့ ဒီအစည်းအဝေးမှာ COVID-19 ဆိုင်ရာ ကိစ္စရပ်တွေအပြင် ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာတွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။

တနင်္ဂနွေနေ့ အစည်းအဝေးကို အမေရိကန်သမ္မတ Donald Trump လည်း တက်ရောက်ခဲ့ပြီး ဥတုရာသီပြောင်းလဲမှု လျှော့ချနိုင်ရေးဆိုင်ရာ နိုင်ငံတကာပါဝင်တဲ့ ပါရီသဘောတူညီချက်ကနေ အမေရိကန် ဘာကြောင့် နုတ်ထွက်ရတယ်ဆိုတာကို ခုခံ ပြောကြားခဲ့ပါတယ်။

အမေရိကန်အလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်တဲ့ ပါရီ ဥတုရာသီဆိုင်ရာ သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ခဲ့ကြောင်း၊ ဒီစာချုပ်ဟာ အမေရိကန်စီးပွားရေးကို ထိခိုက်စေနိုင်ပြီး သန်းနဲ့ချီတဲ့ အမေရိကန်တွေ အလုပ်အကိုင် ဆုံးရှုံးမှာကို မလိုလားတဲ့အတွက် နုတ်ထွက်ရကြောင်း ပြောသွားတာပါ။

သူ သမ္မတတာဝန်ယူထားချိန်မှာ အမေရိကန်နိုင်ငံတွင်း လေထုသန့်စင်မှုဟာ အရင်ကထက် ၇ ရာခိုင်နှုန်း ပိုများလာတယ်လို့ အထောက်အထားမပြဘဲ ပြောကြားခဲ့ပါတယ်။

အီးယူ ဥရောပသမဂ္ဂကတော့ နောက်တက်လာမယ့် အမေရိကန် အစိုးရသစ် အနေနဲ့ ပါရီ သဘောတူညီချက်ထဲ ပြန်ဝင်ဖို့ မျှော်လင့်ထားကြောင်း အစည်းအဝေး မကျင်းပခင်က ပြောကြားခဲ့တာပါ။

ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိပြီး ကမ္ဘာ့စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ G-20 အဖွဲ့ထဲမှာ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂအပြင် ကနေဒါ၊ မက္ကဆီကို၊ တောင်အာဖရိက၊ ဆော်ဒီအာရေဗျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ တူရကီနဲ့ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)

COVID-19 ကာကှယျဆေး ကယြျကယြျပွန့ျပွန့ျရရေး G-20 ထိပျသီးတှေ ကတိပွု










XS
SM
MD
LG