သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden အစိုးရနဲ့လက်တွဲပြီး ငြိမ်းချမ်းဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ တရုတ်သမ္မတ မျှော်လင့် 


မှတ်တမ်းဓါတ်ပုံ- ၂၀၁၅ တုန်းက သမ္မတ Xi နှင့်အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden တို့ တွေ့ဆုံ
မှတ်တမ်းဓါတ်ပုံ- ၂၀၁၅ တုန်းက သမ္မတ Xi နှင့်အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden တို့ တွေ့ဆုံ

(Zawgyi/Unicode)

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှု စတဲ့ မြင့်မြတ်တဲ့အခြေအနေတွေ လုပ်ဆောင်သင့်ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden ကို ဗုဒ္ဓဟူးနေ့က ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားတဲ့အထဲ သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်း ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပဋိပက္ခမဖြစ်ရေး၊ ထိပ်တိုက် ရင်ဆိုင်မှုတွေ မဖြစ်ရေး၊ အပြန်အလှန် လေးစားသမှုပြုရေးနဲ့ နှစ်ဦး နှစ်ဘက် အောင်မြင်မှုတွေရနိုင်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်တာနဲ့ မတူကွဲပြားမှုတွေကို ထိန်းချုပ်ပြီး တရုတ်-အမေရိကန် အကြား အားကောင်းပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုးဖြစ်ဖို့ လိုလားပါတယ်” လို့ ပြောသွားတာပါ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့မှာ ချီးကျူး ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ Joe Biden အနိုင်ရလိုက်တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူး ဂုဏ်ပြုစကားတွေ ပြောကြားအပြီး သီတင်း ၂ ပတ်လောက်အကြာမှ သမ္မတက အခုလို ချီးကျူးစကား ပြောကြားခဲ့တာပါ။

ကုန်သွယ်ရေးစစ်ပွဲ၊ သူလျှိုလုပ်တယ်ဆိုတဲ့ အပြန်အလှန်စွပ်စွဲမှုတွေ၊ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှု စတဲ့ကိစ္စရပ်တွေအပါအဝင် အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့တာပါ။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိစ္စနဲ့ပတ်သက်လို့ တရုတ်ဘက်က အစောပိုင်းမှာ ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူးဆိုပြီး အမေရိကန်က ဝေဖန် ပြောဆိုမှုတွေ လုပ်ခဲ့သလို ဒီ ကပ်ရောဂါနဲ့ပတ်သက်လို့ တဦးရဲ့ကိုင်တွယ်ပုံအပေါ် တဦးက အကြိမ်ကြိမ် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG