သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူညီကယ္ဆယ္ေရးလုပ္သားေတြ အဟန္႔အတားမရွိ ကူညီခြင့္ျပဳဖို႔ IFRC ေတာင္းဆို


ဆႏၵျပစဥ္ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရသူတဦး ၾကက္ေျခနီအဖြဲ႔က ကုသေနစဥ္ (ဓါတ္ပုံ IFRC website)

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္နဲ႔ရဲတပ္ဖြဲ႔ရဲ ႔အၾကမ္းဖက္ႏွိမ္ႏွင္းမႈေၾကာင့္ ေသဆုံးဒဏ္ရာရသူေတြ တိုးလာေနတာနဲ႔အမ ွ် သူတို႔ိကို ျပဳစုကုသေပးဖို႔ႀကိဳးစားတဲ့ ေရွ႔တန္းက ျမန္မာၾကက္ေျခနီအဖြဲ႔၀င္ေတြလည္း ၿခိမ္းေခ်ာက္ခံရတာေတြ၊ အဖမ္းအဆီးခံရတာေတြ ရွိေနတယ္လို႔ ႏုိင္ငံတကာၾကက္ေျခနီနဲ႔ လျခမ္းနီအဖြဲ႔ (IFRC) က ေျပာပါတယ္။

စစ္တပ္ကအာဏာသိမ္းၿပီး ၂ လအတြင္း လူသားခ်င္းစာနာမႈဆုိင္ရာ အၾကပ္တည္းေတြတိုးလာေနတဲ့အတြက္ အလြန္စိုးရိ္မ္ေၾကာင္း အျပည္ျပည္ဆုိ္င္ရာၾကက္ေျခနီနဲ႔ လျခမ္းနီအဖြဲ႔က ၾကာသပေတးေန႔မွာ ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။

ဆႏၵျပျပည္သူေတြကို စစ္ေကာင္စီတပ္ဖြဲ႔ေတြက ေန႔စဥ္ အၾကမ္းဖက္ႏွိမ္ႏွင္းေနတာေၾကာင့္ လက္ရွိခ်ိန္ထိ ျပည္သူ ၅၀၀ ေက်ာ္ အသက္ဆုံး႐ႈံးခဲ့ရၿပီးပါၿပီ။ လူေပါင္း၂,၀၀၀ ေက်ာ္ကို ၾကက္ေျခနီအဖြဲ႔က ျပဳစုကုသေပးခဲ့တယ္လို႔လည္း ေၾကျငာခ်က္မွာေျပာထားပါတယ္။

ျမန္မာၾကက္ေျခနီအဖြဲ႔က ေဆးမွဴးေတြ မွားယြင္းဖမ္းဆီးခံရတာ၊ ၿခိမ္းေခ်ာက္ခံရတာနဲ႔ ထိခိုက္ဒဏ္ရာရတာေတြလည္းရွိေနၿပီး အဖြဲ႔ပိုင္ လူနာတင္ယာဥ္ေတြ ဖ်က္ဆီးခံရတာလည္းရွိတယ္လို႔ ႔ IFRC ရဲ ႔အာရွပစိဖိတ္ေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Alexander Matheou ကေျပာပါတယ္။ ဒီလုပ္ရပ္ေတြကို လက္ခံႏုိင္စရာမရွိဘူးလို႔လည္း ေျပာပါတယ္။

က်န္းမာေရး၀န္ထမ္းေတြကို ဘယ္ေတာ့မွ ပစ္မွတ္မထားဘဲ အကူအညီလိုအပ္ေနတဲ့သူေတြဆီ အဟန္႔အတားမရွိ သြားေရာက္ခြင့္ျပဳသင့္တယ္လို႔လည္း ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။ ၾကက္ေျခနီအဖြဲ႔၀င္ေတြကို တုိက္ခိုက္တာ ဘယ္အဖြဲ႔ရဲ႕ လက္ခ်က္လည္းဆိုတာကိုေတာ့ ေၾကျငာခ်က္မွာ ေဖာ္ျပမထားသလို ဒီကိစၥနဲ႔ပတ္သက္လို႔ အဖြဲ႔ေျပာခြင့္ရသူက မွတ္ခ်က္ေပးဖို႔လည္း ျငင္းဆိုထားပါတယ္။

လူမႈကြန္ယက္ေပၚက ဗီဒီယို အနည္းဆံုး တစ္ခုထဲမွာေတာ့ လုံျခံဳေရးတပ္ဖြဲ႔ေတြက ေဆးမွဴးေတြကို အႏုိင္က်င့္တာ၊ လူနာတင္ယာဥ္ကို ေသနတ္နဲ႔ ပစ္တာ စတဲ့ ျဖစ္ရပ္ေတြကိုေတြ႔ရပါတယ္။ အဲဒီဗီဒီယိုပါျဖစ္ရပ္ေတြကို သီးျခားလြတ္လပ္စြာ အတည္မျပဳႏိုင္ေသးဘူးလို႔ ႐ိုက္တာသတင္းဌာနက ေျပာပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သေဆုံးဒဏ်ရာရသူတွေ တိုးလာနေတာနဲ့အမ ျှ သူတို့ိကို ပြုစုကုသပေးဖို့ကြိုးစားတဲ့ ရှေ့တန်းက မြန်မာကြက်ခြေနီအဖွဲ့ဝင်တွေလည်း ခြိမ်းချောက်ခံရတာတွေ၊ အဖမ်းအဆီးခံရတာတွေ ရှိနေတယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ (IFRC) က ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၂ လအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကြပ်တည်းတွေတိုးလာနေတဲ့အတွက် အလွန်စိုးရိမ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ကြာသပတေးနေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။

ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက နေ့စဉ် အကြမ်းဖက်နှိမ်နှင်းနေတာကြောင့် လက်ရှိချိန်ထိ ပြည်သူ ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ လူပေါင်း၂,၀၀၀ ကျော်ကို ကြက်ခြေနီအဖွဲ့က ပြုစုကုသပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာပြောထားပါတယ်။

မြန်မာကြက်ခြေနီအဖွဲ့က ဆေးမှူးတွေ မှားယွင်းဖမ်းဆီးခံရတာ၊ ခြိမ်းချောက်ခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပြီး အဖွဲ့ပိုင် လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရတာလည်းရှိတယ်လို့ IFRC ရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou ကပြောပါတယ်။ ဒီလုပ်ရပ်တွေကို လက်ခံနိုင်စရာမရှိဘူးလို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ဘယ်တော့မှ ပစ်မှတ်မထားဘဲ အကူအညီလိုအပ်နေတဲ့သူတွေဆီ အဟန့်အတားမရှိ သွားရောက်ခွင့်ပြုသင့်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ကြက်ခြေနီအဖွဲ့ဝင်တွေကို တိုက်ခိုက်တာ ဘယ်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာကိုတော့ ကြေငြာချက်မှာ ဖော်ပြမထားသလို ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ပြောခွင့်ရသူက မှတ်ချက်ပေးဖို့လည်း ငြင်းဆိုထားပါတယ်။

လူမှုကွန်ယက်ပေါ်က ဗီဒီယို အနည်းဆုံး တစ်ခုထဲမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆေးမှူးတွေကို အနိုင်ကျင့်တာ၊ လူနာတင်ယာဉ်ကို သေနတ်နဲ့ ပစ်တာ စတဲ့ ဖြစ်ရပ်တွေကိုတွေ့ရပါတယ်။ အဲဒီဗီဒီယိုပါဖြစ်ရပ်တွေကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်သေးဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG