သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်ရွှေ့ဖို့ နှစ်ဖက်လျှောက်လဲချက်တင်


ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြ နေစဉ် (ဓာတ်ပုံ - Reuters)
ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြ နေစဉ် (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲထားတဲ့အမှုအတွက် နေပြည်တော်မှာ ပြောင်းရွှေ့ စစ်ဆေးမလားဆိုတာနဲ့ပတ်သတ်လို့ ဒီကနေ့ နှစ်ဖက်လျှောက်လဲချက်တွေ တင်ခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေဖက်ကတော့ နေပြည်တော်ကိုပြောင်းရွှေ့ဖို့ လက်ခံထားပါတယ်။ ပြောင်းရွှေ့ခွင့်ရမရဆိုတာကိုတော့ မကြာခင်မှာ နိုင်ငံတော်တရားလွှတ်တော်ချုပ်က ထုတ်ပြန်မယ်ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေး ပြောပြမှာပါ။

Australia နိုင်ငံသား စီးပွားရေးအကြံပေး Sean Turnell ဆီမှာ တွေ့ရှိတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်နွယ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်တရားစွဲထားတာပါ။ ဒါပေမဲ့ ဒီအမှုကို လွန်ခဲ့တဲ့ လကတည်းက ပြည်ထောင်စု တရားလွှတ် တော်ချုပ်က ယူသွားတဲ့အတွက် ဒီအမှုကိစ္စ ဘယ်လိုရှေ့ဆက်မလဲဆိုတာ တိတိကျကျ မသိနိုင်ဖြစ်နေတာပါ။ ဒီကနေ့မှာတော့ နေပြည်တော်မှာ ဒီအမှုကို ပြောင်းယူ စစ်ဆေးမလားဆိုတာ နဲ့ပတ်သတ်လို့ နှစ်ဖက်လျှောက် လဲချက်တွေ တင်ခဲ့တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ကိုယ်နဲ့ ဒေါ်စန်းမာလာညွှန့်နဲ့က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒီကနေ့ သွားပြီးတော့လျှောက်လဲချက်ပေးတယ်။ ရှောင်တန်နယ်ဘက်ကလည်းရှေ့နေတယောက်လာတယ်။ ရှေ့နေချုပ် ဘက်ကလည်းလက်ထောက်ညွှန်ကြားရေးမှုးလာတယ်။ အပြန်အလှန်ပေါ့ သူတို့ကတော့ရုံးပြောင်းဖို့ပေါ့။ ကိုယ် တို့လည်းရုံးပြောင်းဖို့ကိစ္စတွေပြောပြတာပေါ့နော်။ ဦးကျော်ဝင်းရှေ့နေကတော့မပြောင်းချင်ဘူး။ ရန်ကုန်မှာဘဲ ထားချင်တာပေါ့။ ဦးစိုးဝင်းနဲ့ ဦးဆက်အောင်ကတော့ကိုယ်တိုင်လျှောက်လဲမယ်ဆိုပြီးရောက်မလာကြဘူး။ စွပ်စွဲခံရတဲ့သူသွားရေးလာရေးအဆင်ပြေမှု၊ သက်သေတွေဘာတွေကလည်း နေပြည်တော်ဖြစ်တော့ အဲဒါတွေ အရ အန်ကယ်တို့ဘက်ကတော့မကန့်ကွက်ဘူးပေါ့ကွယ်။ ဒီနေ့လို ၂ဖက်ကြားနာပြီးရင်သာမန်အမှုတွေမှာ တရားလွှတ်တော်ချုပ်ကတော့ ၁လ ၁လခွဲ ၂လလောက် ဆုံးဖြတ်တယ်။ အခုလိုအရေးကြီးတဲ့ အမှုကျတော့ ကိုယ်လဲမပြောတတ်ဘူး။"

နေပြည်တော်ပြောင်းမပြောင်းဆုံးဖြတ်ချက်ကိုတော့ မကြာခင်မှာ နိုင်ငံတော်တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ တကယ်လို့ နေပြည်တော်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရင်တော့ ကနဦး နေပြည်တော်မှာ ရင်ဆိုင်နေရတဲ့ အမှုတွေကို စစ်ဆေးသလို သီးသန့်တရားရုံးတခု ပြုလုပ်ကာစစ်ဆေးနိုင်ဖွယ် ရှိတယ်လို့ ရှေ့နေ တွေက ယူဆထားပါတယ်။

"အခုက ရန်ကုန်မှာက အရှေ့ပိုင်းခရိုင်မှာဆွဲတာ။ ဒီအမှုကလည်းခရိုင်မှာဘဲ ဆွဲရ မယ့် အမှုဆိုရင် နေပြည်တော်ကျရင်လဲ ခရိုင်ဘဲဖြစ်မယ်။ နေပြည်တော်ခရိုင်ကဘယ်မှာဖြစ်နိုင်မလဲ။ အချင်းဖြစ်ရာ အရပ်က ဥတ္တရသီရိဖြစ်မလား၊ ဘာသီရိဖြစ်မလဲ ခရိုင်တွေရှိတယ်လေ။ ဘယ်ခရိုင်ကျမလဲ ကျရင် ခရိုင်ရုံးစစ်ရမှာဘဲ။ အခုလိုဘဲသီးသန့်ရုံးတွေဖြစ်လာနိုင်တာပေါ့နော်"။

ကနဦး နေပြည်တော်မှာ စွဲထားတဲ့ အမှုတွေအတွက်ပြီးခဲ့တဲ့ မတ်လ ထဲကကစတင်ပြီး စစ်ကောင်စီက စီစဉ်ထားတဲ့ သီးသန့် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးတာတွေ လုပ်နေ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) တို့အပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG