[ Zawgyi ]
စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာတႏိုင္ငံလုံးက စက္မႈဇုံေတြအပါအဝင္၊ တျခားက႑ေပါင္းစုံက ေပၚထြက္လာတဲ့ အလုပ္လက္မဲ့ႏႈန္းဟာ ၁၀ သိန္းေက်ာ္ရွိသြားၿပီလို႔ အလုပ္သမား သမဂၢေတြက ေျပာလိုက္ပါတယ္။ ျမန္မာျပည္တြင္းက စက္႐ုံေတြပိတ္ေနတဲ့ အေျခအေနနဲ႔ အလုပ္ေလွ်ာ့ခ်ခံရမႈ အေျခအေနနဲ႔ ပတ္သက္ၿပီး ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုရဲမြန္က ေျပာျပေပးမွာပါ။
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ႏိုင္ငံေရး၊ စီးပြားေရး၊ လံုၿခံဳေရး မတည္ၿငိမ္မႈေတြျဖစ္ေနတာေၾကာင့္ စက္႐ံု အလုပ္႐ံု လုပ္ငန္းႀကီးေတြ တခုၿပီး တခု ပိတ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ရက္ကပဲ အလုပ္သမား ေထာင္ခ်ီရွိတဲ့ ရန္ကုန္တိုင္း၊ လႈိင္သာယာစက္မႈဇုံက ဟန္ေမာက္အထည္ခ်ဳပ္ ပိတ္တယ္လို႔ ေၾကညာခဲ့သလို အလုပ္သမားရာခ်ီရွိတဲ့ စက္႐ုံ ၂ ခုလည္း ထပ္ပိတ္ဖို႔ ျပင္ဆင္ေနပါတယ္။ ခုလို စက္႐ံုေတြပိတ္ေနတာေၾကာင့္ အဲဒီစက္႐ံုေတြမွာ အလုပ္လုပ္ေနၾကသူေတြ အလုပ္လက္မဲ့ျပႆနာေတြ ႐ွိလာေနတယ္လို႔ အလုပ္သမားသမဂၢေတြက ေထာက္ျပေနပါတယ္။
“ ဆိုေတာ့ ေရွ႕ဆက္ၿပီးေတာ့မွ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြရဲ႕ ဆိုးက်ိဳးကေတာ့ အလုပ္လက္မဲ့ေတြ ဆက္ၿပီးေတာ့မွျဖစ္မယ္၊ ေနာက္ စက္႐ုံႀကီးေတြလည္း ဆက္လက္ထြက္ခြာႏိုင္တယ္လို႔ က်မတို႔ သုံးသပ္မိပါတယ္။ အထည္ခ်ဳပ္က႑ကေတာ့ ေတာ္ေတာ္ေလးကို ပ်က္စီးသြားႏိုင္တယ္ရွင့္။ ေနာက္ဆုံး ေတာင့္ခံထားႏိုင္တာကေတာ့ ထုံးစံအတိုင္းေပါ့ေလ စစ္ေကာင္စီနဲ႔ နီးကပ္တဲ့ တ႐ုတ္ႏိုင္ငံသားပိုင္ စက္႐ုံအမ်ားစုနဲ႔ တျခားႏိုင္ငံသားေလးေတြေပါ့ ကိုရီးယားပိုင္ စက္႐ုံအခ်ိဳ႕ေလးေတြပဲ က်န္ခဲ့ႏိုင္တယ္လို႔ က်မတို႔ ခန႔္မွန္းထားပါတယ္။”
အလုပ္သမားသမဂၢတခုရဲ႕ ေျပာေရးဆိုခြင့္ရွိသူျဖစ္ပါတယ္။ စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း ရပ္ဆိုင္းသြားတဲ့ အထည္ခ်ဳပ္စက္႐ုံေပါင္း ျမန္မာႏိုင္ငံတဝန္း ၂၀၀ ေက်ာ္သြားၿပီလို႔ အလုပ္သမားသမဂၢတခ်ိဳ႕က ေျပာပါတယ္။ ဝန္ထမ္းလစာမေပးႏိုင္တာ၊ ကုန္ၾကမ္းသြင္းဖို႔ ခက္ခဲလာတာ၊ ကုန္ေခ်ာပို႔လို႔မရေတာ့တာ ဒီလိုအက်ပ္အတည္းေတြေၾကာင့္ စက္႐ုံပိတ္သိမ္းတာေတြက အေနးနဲ႔အျမန္ ျဖစ္လာႏိုင္တယ္ဆိုၿပီး ခန႔္မွန္းထားၾကပါတယ္။
“ က်မတို႔ အလုပ္သမားအေရး ေဆာင္႐ြက္တဲ့သူေတြအေနနဲ႔ ႀကိဳးစားၿပီးေတာ့ စာရင္းျပဳစုထားတာကေတာ့ ဒီေဖေဖာ္ဝါရီလဆန္းကေန အခုဇြန္လအထိဆိုရင္ ၁,၀၀၀,၀၀၀ ( ဆယ္သိန္း) ဝန္းက်င္ေလာက္ အလုပ္လက္မဲ့ျဖစ္သြားၿပီလို႔ က်မတို႔ ခန႔္မွန္းရပါတယ္ရွင့္။ အထူးသျဖင့္ အမ်ိဳးသမီးလုပ္သားေတြ အလုပ္လက္မဲ့ျဖစ္ကုန္ပါတယ္။ အဲဒီအတြက္ ဆိုးက်ိဳးေတြကေတာ့ ေနာက္ဆက္တြဲ မိသားစုစားဝတ္ေနေရး၊ က်န္းမာေရး အဲဒါေတြကို ျပင္းျပင္းထန္ထန္ ထိခိုက္သြားတယ္။ အဲဒီေတာ့ က်မတို႔အခုခန႔္မွန္းတဲ့ ဆယ္သိန္းဝန္းက်င္ထက္ ပိုႏိုင္ပါတယ္။”
ရန္ကုန္စက္မႈဇုံေတြက အထည္ခ်ဳပ္လုပ္ငန္း တခုတည္းမွာတင္ လုပ္ကိုင္ေနတဲ့ လုပ္သားက ၇၀၀,၀၀၀ ေလာက္ရွိပါတယ္။ မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း ဒီေနရာေတြမွာလည္း စက္မႈဇုံအထည္ခ်ဳပ္လုပ္ငန္းေတြ ရွိပါတယ္။ တခ်ိဳ႕စက္႐ုံေတြက လုပ္ငန္းေကာင္းေကာင္း မလည္ပိတ္ႏိုင္ေတာ့လို႔ ဝန္ထမ္းလစာကို အျပည့္အဝ မေပးႏိုင္ၾကပါဘူး။ အလုပ္သမားခံစားခြင့္ေငြကို ထည့္မတြက္ေတာ့ဘဲ အနည္းဆုံးလုပ္ခလစာနဲ႔ တြက္ခ်က္ၿပီးေပးတဲ့ စက္႐ုံေတြလည္းရွိပါတယ္။ ေသြးစည္းညီၫြတ္ေသာသမဂၢက မနန္းေဝက အခုလိုေျပာပါတယ္။
“ အခုအေျခအေနက ဘယ္လိုျဖစ္သြားလဲဆိုေတာ့ ဘဏ္ေတြကေငြထုတ္ရတာ က်ပ္တည္းသြားတယ္ေလ၊ အလုပ္ရွင္ေတြကလည္း အလုပ္သမားေတြကို လစာအျပည့္မေပးႏိုင္ေတာ့ဘူး အဲလိုမ်ိဳး ဆက္တိုက္ၾကားေနရတယ္။ ေနာက္ပိုင္းမွာ ႏိုင္ငံေရးအေျခအေန ပိုဆိုး႐ြားလာႏိုင္တယ္လို႔ သတင္းေတြ ထြက္ေနတာ အမ်ားႀကီးရွိတာကိုး အဲဒါေတြနဲ႔ပတ္သက္ၿပီး လုပ္ငန္းရွင္ေတြက စိုးရိမ္ပူပန္မႈေတြရွိေနလို႔၊ ေတာ္ေတာ္မ်ားမ်ားၾကားထားတာ စက္႐ုံ ၂၀ ေလာက္ ( ထပ္ၿပီး) ပိတ္မယ္လို႔ၾကားထားတာ။”
ႏိုင္ငံေရး၊ စီးပြားေရး မတည္ၿငိမ္တဲ့အေျခအေနမွာ အလုပ္ရွင္ေတြက အလုပ္သမားအခြင့္အေရးကို ပိုၿပီးခ်ိဳးေဖာက္ေနၾကတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။ ဒါကိုေျဖရွင္းႏိုင္မယ့္ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ သုံးပြင့္ဆိုင္ယႏၲရားကလည္း ရပ္ဆိုင္းသြားပါတယ္။ ဆႏၵျပပြဲေတြ အေတာ္ေလး အားေကာင္းခဲ့တဲ့ ေမလထဲမွာ စက္႐ုံလုပ္သားေတြ ပါဝင္ခဲ့ၾကသလို စစ္ေကာင္စီရဲ႕ ယႏၲရားရပ္တန႔္ဖို႔ ရည္႐ြယ္ၿပီး အၾကမ္းအဖက္ဘဲ အာဏာဖီဆန္တဲ့ CDM လႈပ္႐ွားမႈေတြကိုလည္း လုပ္ခ့ဲၾကပါတယ္။ စစ္ေကာင္စီကလည္း အလုပ္သမားအဖြဲ႕အစည္း ၁၆ ခုကို တရားမဝင္အဖဲြ႔အစည္းေတြအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ႏိုင္ငံေရး၊ လံုၿခံဳေရး မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ ကိုဗစ္ကပ္ေရာဂါ အႏၱရာယ္ ျပန္႐ွိလာေနတဲ့အတြက္ အလုပ္အကိုင္ေတြ ထိခိုက္ၿပီး ဝင္ေငြ ရပ္သြားမွာကို အလုပ္သမားတခ်ဳိ႕ကလည္း စုိးရိမ္ေနၾကပါတယ္။
[ Unicode ]
စစ်အာဏာသိမ်းပြီးနောက် အလုပ်ပြုတ် စက်ရုံလုပ်သား ၁ သန်းကျော်ရှိပြီ
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာတနိုင်ငံလုံးက စက်မှုဇုံတွေအပါအဝင်၊ တခြားကဏ္ဍပေါင်းစုံက ပေါ်ထွက်လာတဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ သိန်းကျော်ရှိသွားပြီလို့ အလုပ်သမား သမဂ္ဂတွေက ပြောလိုက်ပါတယ်။ မြန်မာပြည်တွင်းက စက်ရုံတွေပိတ်နေတဲ့ အခြေအနေနဲ့ အလုပ်လျှော့ချခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရဲမွန်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေဖြစ်နေတာကြောင့် စက်ရုံ အလုပ်ရုံ လုပ်ငန်းကြီးတွေ တခုပြီး တခု ပိတ်နေကြပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ အလုပ်သမား ထောင်ချီရှိတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံက ဟန်မောက်အထည်ချုပ် ပိတ်တယ်လို့ ကြေညာခဲ့သလို အလုပ်သမားရာချီရှိတဲ့ စက်ရုံ ၂ ခုလည်း ထပ်ပိတ်ဖို့ ပြင်ဆင်နေပါတယ်။ ခုလို စက်ရုံတွေပိတ်နေတာကြောင့် အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေကြသူတွေ အလုပ်လက်မဲ့ပြဿနာတွေ ရှိလာနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ထောက်ပြနေပါတယ်။
“ ဆိုတော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ဆိုးကျိုးကတော့ အလုပ် လက်မဲ့တွေ ဆက်ပြီးတော့မှဖြစ်မယ်၊ နောက် စက်ရုံကြီးတွေလည်း ဆက်လက်ထွက်ခွာနိုင်တယ်လို့ ကျမတို့ သုံးသပ်မိပါတယ်။ အထည်ချုပ်ကဏ္ဍကတော့ တော်တော်လေးကို ပျက်စီးသွားနိုင်တယ်ရှင့်။ နောက်ဆုံး တောင့်ခံထားနိုင်တာကတော့ ထုံးစံအတိုင်းပေါ့လေ စစ်ကောင်စီနဲ့ နီးကပ်တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံအများစုနဲ့ တခြားနိုင်ငံသားလေးတွေပေါ့ ကိုရီးယားပိုင် စက်ရုံအချို့လေးတွေပဲ ကျန်ခဲ့နိုင်တယ်လို့ ကျမတို့ ခန့်မှန်းထားပါတယ်။”
အလုပ်သမားသမဂ္ဂတခုရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းသွားတဲ့ အထည်ချုပ်စက်ရုံပေါင်း မြန်မာနိုင်ငံတဝန်း ၂၀၀ ကျော်သွားပြီလို့ အလုပ်သမားသမဂ္ဂတချို့က ပြောပါတယ်။ ဝန်ထမ်းလစာမပေးနိုင်တာ၊ ကုန်ကြမ်းသွင်းဖို့ ခက်ခဲလာတာ၊ ကုန်ချောပို့လို့မရတော့တာ ဒီလိုအကျပ်အတည်းတွေကြောင့် စက်ရုံပိတ်သိမ်းတာတွေက အနေးနဲ့အမြန် ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။
“ ကျမတို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတွေအနေနဲ့ ကြိုးစားပြီးတော့ စာရင်းပြုစုထားတာကတော့ ဒီဖေဖော်ဝါရီလဆန်းကနေ အခုဇွန်လအထိဆိုရင် ၁,၀၀၀,၀၀၀ ( ဆယ်သိန်း) ဝန်းကျင်လောက် အလုပ်လက်မဲ့ဖြစ်သွားပြီလို့ ကျမတို့ ခန့်မှန်းရပါတယ်ရှင့်။ အထူးသဖြင့် အမျိုးသမီးလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ အဲဒီအတွက် ဆိုးကျိုးတွေကတော့ နောက်ဆက်တွဲ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး အဲဒါတွေကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်။ အဲဒီတော့ ကျမတို့အခုခန့်မှန်းတဲ့ ဆယ်သိန်းဝန်းကျင်ထက် ပိုနိုင်ပါတယ်။”
ရန်ကုန်စက်မှုဇုံတွေက အထည်ချုပ်လုပ်ငန်း တခုတည်းမှာတင် လုပ်ကိုင်နေတဲ့ လုပ်သားက ၇၀၀,၀၀၀ လောက်ရှိပါတယ်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒီနေရာတွေမှာလည်း စက်မှုဇုံအထည်ချုပ်လုပ်ငန်းတွေ ရှိပါတယ်။ တချို့စက်ရုံတွေက လုပ်ငန်းကောင်းကောင်း မလည်ပိတ်နိုင်တော့လို့ ဝန်ထမ်းလစာကို အပြည့်အဝ မပေးနိုင်ကြပါဘူး။ အလုပ်သမားခံစားခွင့်ငွေကို ထည့်မတွက်တော့ဘဲ အနည်းဆုံးလုပ်ခလစာနဲ့ တွက်ချက်ပြီးပေးတဲ့ စက်ရုံတွေလည်းရှိပါတယ်။ သွေးစည်းညီညွတ်သောသမဂ္ဂက မနန်းဝေက အခုလိုပြောပါတယ်။
“ အခုအခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ဘဏ်တွေကငွေထုတ်ရတာ ကျပ်တည်းသွားတယ်လေ၊ အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို လစာအပြည့်မပေးနိုင်တော့ဘူး အဲလိုမျိုး ဆက်တိုက်ကြားနေရတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေ ပိုဆိုးရွားလာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာ အများကြီးရှိတာကိုး အဲဒါတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေက စိုးရိမ်ပူပန်မှုတွေရှိနေလို့၊ တော်တော်များများကြားထားတာ စက်ရုံ ၂၀ လောက် ( ထပ်ပြီး) ပိတ်မယ်လို့ကြားထားတာ။”
နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်တဲ့အခြေအနေမှာ အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေးကို ပိုပြီးချိုးဖောက်နေကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါကိုဖြေရှင်းနိုင်မယ့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ယန္တရားကလည်း ရပ်ဆိုင်းသွားပါတယ်။ ဆန္ဒပြပွဲတွေ အတော်လေး အားကောင်းခဲ့တဲ့ မေလထဲမှာ စက်ရုံလုပ်သားတွေ ပါဝင်ခဲ့ကြသလို စစ်ကောင်စီရဲ့ ယန္တရားရပ်တန့်ဖို့ ရည်ရွယ်ပြီး အကြမ်းအဖက်ဘဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီကလည်း အလုပ်သမားအဖွဲ့အစည်း ၁၆ ခုကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံရေး၊ လုံခြုံရေး မတည်မငြိမ်ဖြစ်နေချိန်မှာ ကိုဗစ်ကပ်ရောဂါ အန္တရာယ် ပြန်ရှိလာနေတဲ့အတွက် အလုပ်အကိုင်တွေ ထိခိုက်ပြီး ဝင်ငွေ ရပ်သွားမှာကို အလုပ်သမားတချို့ကလည်း စိုးရိမ်နေကြပါတယ်။