သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ အင္းစိန္အထူးတရားရံုးမ်ားၾကားနာမႈယာယီရပ္ဆိုင္းထား


အင္းစိန္ေထာင္ အဝင္ဝဂိတ္ႏွင့္ ေထာင္ဝန္ထမ္းတခ်ဳိ႕။ ေအာက္တိုဘာ ၁၁၊ ၂၀၁၁။

(Zawgyi/Unicode)

အာဏာသိမ္းမႈအေပၚ ဆန႔္က်င္ဆႏၵျပလို႔ ဖမ္းဆီးခံရသူေတြရဲ႕ အမႈေတြကို ရန္ကုန္ၿမိဳ႕၊ အင္းစိန္ေထာင္တြင္းက အထူးတရား႐ံုးေတြမွာ စစ္ေဆးေနတာ ကိုဗစ္ေၾကာင့္ ယာယီရပ္ဆိုင္းထားတယ္လို႔ ေ႐ွ႕ေနေတြက ေျပာပါတယ္။ တရားစြဲခံထားရသူေတြကို ေလာေလာဆယ္ ႐ံုးမထုတ္ေတာ့ဘဲ ခ်ဳပ္ရက္ ရမန္ရက္ခ်ိန္းကိုပဲ ထပ္ေပးေနတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း မဆုမြန္ ေျပာျပပါမယ္။
ကိုဗစ္ကပ္ေရာဂါကူးစက္မႈႏႈန္း စိုးရိမ္ရတဲ့အေျခအေန ျပန္ျဖစ္လာတဲ့အတြက္ ရန္ကုန္အင္းစိန္ေထာင္ထဲမွာ အထူးတရား႐ံုးဖြင့္လွစ္ စစ္ေဆးေနတဲ႔ အမႈေတြကို စစ္ေဆးၾကားနာတာကို ရပ္ထားပါတယ္။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့အတြက္ ဖမ္းဆီးတရားစြဲခံေနရသူေတြကို ေလာေလာဆယ္ အမႈမစစ္ဘဲ ခ်ဳပ္ရက္ ရမန္ေပးေနတာေၾကာင့္ အမႈေတြ ပိုၾကန္႔ၾကာမွာကို မိသားစုေတြစိတ္ပူေနၾကပါတယ္။ ဒါ နဲ႔ပါတ္သက္လို႔ တရားရင္ဆိုင္ေနရသူတေယာက္ရဲ႕ ဖခင္က ဗြီအိုေအကို ခုလိုေျပာပါတယ္။
“ သူတို႔က ႏွစ္ပတ္ခ်ိန္း ခ်ိန္းထားတာပဲ၊ ဒီအပတ္ၿပီး ေနာက္ပတ္ေတြက်မွ တပတ္တပတ္ျဖစ္ၿပီးေတာ့ သူတို႔ရက္ ၉၀ ဆိုလားအဲဒါနဲ႔ အျပတ္ျဖတ္မယ္လို႔ ေျပာတာပဲ။ အဲဒီလိုေျပာၿပီးေတာ့ အခုကေလးေတြ အထဲကို ဦးတို႔ဘာမွန္းမသိရ ညာမွန္းမသိရနဲ႔ ဆိုေတာ့ စိုးရိမ္တာေပါ့ ကေလးေတြကို။ ေနာက္မို႔ဆို မနက္ျဖန္သူတို႔႐ုံးခ်ိန္းေလ၊ ဒီေၾကာင့္ ရက္ေ႐ႊ႕လိုက္တယ္ဆိုေတာ့ ဘယ္ေန႔မွန္းကိုယ္က မသိရေတာ့ ပိုၿပီးစိတ္ပူတာေပါ့။”

အင္းစိန္ေထာင္မွာ ခုလိုခ်ဳပ္ရက္ ရမန္နဲ႔ ဖမ္းဆီးခံထားရသူေတြအပါအဝင္ အာဏာသိမ္းမႈကို ဆန္႔က်င္လို႔ ဆက္လက္ ဖမ္းဆီးခံထားရသူ ၂ ေထာင္ေက်ာ္ ႐ွိႏုိင္တယ္လို႔ အက်ဳိးေဆာင္ေ႐ွ႕ေနတေယာက္ျဖစ္တ့ဲ ေရွ႕ေနဦးခင္ေမာင္ျမင့္က ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ စာရင္းေပၚ အေျခခံၿပီး ေျပာပါတယ္။

“ဒီအင္းစိန္အေနနဲ႔လည္းပဲ နဂိုက ၃၀၀၀ ဝန္းက်င္ရွိတာကေန ၇၂၁ ေယာက္ ျပန္လႊတ္လိုက္တယ္ဆိုေတာ့ ၂၂၀၀ ဝန္းက်င္ (က်န္)ရွိလိမ့္မယ္ မွန္းတာေပါ့ေနာ္။ ဒါကေတာ့ ေထာင္ဘက္ကစရင္းေတာ့ က်ေနာ္တို႔လည္း အတည္မျပဳႏိုင္ေသးဘူး၊ က်ေနာ္မွန္းဆၾကည့္တာေပါ့ ရွိတဲ့အေရအတြက္နဲ႔။”

ဖမ္းဆီးခံရသူေတြထဲက အင္းစိန္ေထာင္ အထူးတရား႐ံုးေတြမွာ အမႈစစ္ေဆးခံေနရသူေတြကို အရင္က ႐ံုးခ်ိန္းေန႔ေတြမွာ ႐ံုးထုတ္ေပမဲ့ အခု အကန္႔အသတ္မ႐ွိ ဆိုင္းထားတာျဖစ္ပါတယ္။ အင္းစိန္ေထာင္ထဲက အထူးတရား႐ံုးေတြဆီကို တရားသူႀကီးနဲ႔ တရား႐ုံးဝန္ထမ္းေတြ၊ ဥပေဒအရာရွိနဲ႔ ဥပေဒ႐ုံးဝန္ထမ္းေတြ၊ ႐ုံးထုတ္ေပးတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြ၊ အမႈစစ္ဖို႔လာတဲ့ ရဲအရာရွိနဲ႔ ရဲဝန္ထမ္းေတြ၊ တရားလိုျပ တရားခံျပသက္ေသေတြ၊ ေရွ႕ေနေတြ စသျဖင့္ ေန႔စဥ္အဝင္အထြက္ လုပ္ေနသူ ၃၀၀ ေလာက္႐ွိတယ္တယ္လို႔ ေ႐ွ႕ေနေတြက ေျပာပါတယ္။

ေလာေလာဆယ္ အင္းစိန္ေထာင္မွာ ဖမ္းဆီးခံထားရသူေတြကို ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးမႈေတြ လုပ္ေပးတယ္လို႔ မၾကားသိရပါဘူး။ ေထာင္ထဲ ဝင္ထြက္ေနသူေတြကိုေတာ့ လက္သန႔္ေဆရည္သုံးဖို႔၊ လက္ေဆးဖို႔၊ ႏွာေခါင္းစည္းတပ္ဖို႔ မ်က္ႏွာအကာနဲ႔ လက္အိတ္ စြပ္ဖို႔ အက်ဥ္းေထာင္ဘက္က ၫႊန္ၾကားထားတယ္လို႔ ေရွ႕ေနဦးခင္ေမာင္ျမင့္က ဗြီအိုေအကို ေျပာပါတယ္။


“ အခုဒီအင္းစိန္ ဗဟိုအက်ဥ္းေထာင္ဆိုရင္ အက်အခ်ဳပ္အင္အား ၁၀,၀၀၀ ဝန္းက်င္ေပါ့ အိပ္ေဆာင္အသီးသီးမွာ ထိန္းသိမ္းထားရတယ္။ ဒီအထဲထဲမွာေတာ့ ကိုဗစ္ပိုး ကူးစက္ခံရဖို႔က အခြင့္အလမ္းနည္းတယ္။ ဘာလို႔ဆို အျပင္နဲ႔အဆက္အသြယ္ သိပ္မရွိလွဘူး။ ရွိေနတဲ့ တခုတည္းေသာ ဒီလမ္းေၾကာင္းက အထူးတရား႐ုံး လမ္းေၾကာင္းတခုပဲ ရွိေနတယ္။ အထဲထဲမွာမ်ား ကိုဗစ္ပိုးကူးစက္ခံရမယ္ဆိုရင္ ကူးစက္မႈႏႈန္းက အရမ္းျမန္မယ္။ ထားႏိုင္တဲ့ အေဆာက္အဦးရဲ႕ အေျခအေနနဲ႔ ထားတဲ့လူဦးေရနဲ႔က မမွ်ဘူး၊ လူဦးေရက အရမ္းက်ပ္တည္းတယ္။”

ေထာင္ထဲမွာ ကိုဗစ္ေရာဂါတားဆီးေရး စည္းမ်ဥ္းေတြအတိုင္း လူအခ်င္းခ်င္း ၆ ေပျကိုဗစ္ေၾကာင့္ အင္းစိန္အထူးတရားရံုးမ်ားၾကားနာမႈယာယီရပ္ဆိုင္းထား ျခားေနရဖို႔ဆိုတာ ျဖစ္ႏိုင္ေျခနည္းတယ္လို႔ ဇြန္လ ၃၀ရက္က လြတ္ေျမာက္လာတဲ့ လူငယ္တဦးက ဗြီအိုေအကိုေျပာျပပါတယ္။ ကိုကိုးကြၽန္းၿမိဳ႕နယ္တရား႐ုံးနဲ႔ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ ၿမိဳ႕နယ္ ၆ ခုကလြဲလို႔ ရန္ကုန္တိုင္းထဲက က်န္တဲ့ ၃၈ ၿမိဳ႕နယ္အတြက္ အထူးတရား႐ုံးေတြကို အင္းစိန္အက်ဥ္းေထာင္ထဲမွာပဲ စီစဥ္ၿပီး အမႈေတြ စစ္ေဆးေနပါတယ္။

တရား႐ုံးစီမံခန႔္ခြဲမႈအတိုင္း တရား႐ုံးခ်ိန္းေတြကို သတ္မွတ္ထားၿပီး ျဖစ္ပါတယ္။ သက္ေသမ်ားတဲ့အမႈကို တပတ္႐ုံးခ်ိန္း၊ သက္ေသနည္းတဲ့အမႈကို ႏွစ္ပတ္ျခားၿပီး ႐ုံးခ်ိန္းေခၚထားတာျဖစ္လို႔ ဒီရက္ပိုင္း အေျပာင္းအလဲအေပၚ မူတည္ၿပီး ႐ုံးခ်ိန္းေတြကို ေ႐ႊ႕ဆိုင္းသြားမွာပါ။

ဇြန္လ ၃၀ ရက္ေန႔က ရန္ကုန္အင္းစိန္ေထာင္အပါအဝင္ အက်ဥ္းေထာင္အသီးသီးမွာ အက်ဥ္းက်ေနသူ ၂၂၉ ၆ ေယာက္ကို စစ္ေကာင္စီက ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒီလုိလႊတ္ေပးတာဟာ လူသားခ်င္းစာနာတဲ့လုပ္ရပ္ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္က မေန႔က ဇူလိုင္လ ၅ ရက္မွာ ထုတ္ျပန္ထားပါတယ္။ အမႈရင္ဆိုင္ဆဲ အခ်ဳပ္သားေတြကို အမႈ႐ုတ္သိမ္းၿပီး အခုလို လႊတ္ေပးလိုက္တဲ့အေပၚ သက္ဆိုင္ရာ မိသားစုေတြနဲ႔ ျပည္တြင္းျပည္ပ လူ႔အခြင့္အေရး အဖြဲ႕အစည္းေတြကလည္း စိတ္အား တက္ႂကြလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေရးသားထားတာပါ။ လူ႔အခြင့္အေရးအဖဲြ႔ေတြကေတာ့ အစထဲက ဖမ္းမထားသင့္သူေတြကို ျပန္လႊတ္ေပးတာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းက အထူးတရားရုံးတွေမှာ စစ်ဆေးနေတာ ကိုဗစ်ကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တရားစွဲခံထားရသူတွေကို လောလောဆယ် ရုံးမထုတ်တော့ဘဲ ချုပ်ရက် ရမန်ရက်ချိန်းကိုပဲ ထပ်ပေးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း မဆုမွန် ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုနှုန်း စိုးရိမ်ရတဲ့အခြေအနေ ပြန်ဖြစ်လာတဲ့အတွက် ရန်ကုန်အင်းစိန်ထောင်ထဲမှာ အထူးတရားရုံးဖွင့်လှစ် စစ်ဆေးနေတဲ့ အမှုတွေကို စစ်ဆေးကြားနာတာကို ရပ်ထားပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးတရားစွဲခံနေရသူတွေကို လောလောဆယ် အမှုမစစ်ဘဲ ချုပ်ရက် ရမန်ပေးနေတာကြောင့် အမှုတွေ ပိုကြန့်ကြာမှာကို မိသားစုတွေစိတ်ပူနေကြပါတယ်။ ဒါ နဲ့ပါတ်သက်လို့ တရားရင်ဆိုင်နေရသူတယောက်ရဲ့ ဖခင်က ဗွီအိုအေကို ခုလိုပြောပါတယ်။


“ သူတို့က နှစ်ပတ်ချိန်း ချိန်းထားတာပဲ၊ ဒီအပတ်ပြီး နောက်ပတ်တွေကျမှ တပတ်တပတ်ဖြစ်ပြီးတော့ သူတို့ရက် ၉၀ ဆိုလားအဲဒါနဲ့ အပြတ်ဖြတ်မယ်လို့ ပြောတာပဲ။ အဲဒီလိုပြောပြီးတော့ အခုကလေးတွေ အထဲကို ဦးတို့ဘာမှန်းမသိရ ညာမှန်းမသိရနဲ့ ဆိုတော့ စိုးရိမ်တာပေါ့ ကလေးတွေကို။ နောက်မို့ဆို မနက်ဖြန်သူတို့ရုံးချိန်းလေ၊ ဒီကြောင့် ရက်ရွှေ့လိုက်တယ်ဆိုတော့ ဘယ်နေ့မှန်းကိုယ်က မသိရတော့ ပိုပြီးစိတ်ပူတာပေါ့။”

အင်းစိန်ထောင်မှာ ခုလိုချုပ်ရက် ရမန်နဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဆက်လက် ဖမ်းဆီးခံထားရသူ ၂ ထောင်ကျော် ရှိနိုင်တယ်လို့ အကျိုးဆောင်ရှေ့နေတယောက်ဖြစ်တဲ့ ရှေ့နေဦးခင်မောင်မြင့်က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပေါ် အခြေခံပြီး ပြောပါတယ်။

“ဒီအင်းစိန်အနေနဲ့လည်းပဲ နဂိုက ၃၀၀၀ ဝန်းကျင်ရှိတာကနေ ၇၂၁ ယောက် ပြန်လွှတ်လိုက်တယ်ဆိုတော့ ၂၂၀၀ ဝန်းကျင် (ကျန်)ရှိလိမ့်မယ် မှန်းတာပေါ့နော်။ ဒါကတော့ ထောင်ဘက်ကစရင်းတော့ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး၊ ကျနော်မှန်းဆကြည့်တာပေါ့ ရှိတဲ့အရေအတွက်နဲ့။”

ဖမ်းဆီးခံရသူတွေထဲက အင်းစိန်ထောင် အထူးတရားရုံးတွေမှာ အမှုစစ်ဆေးခံနေရသူတွေကို အရင်က ရုံးချိန်းနေ့တွေမှာ ရုံးထုတ်ပေမဲ့ အခု အကန့်အသတ်မရှိ ဆိုင်းထားတာဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲက အထူးတရားရုံးတွေဆီကို တရားသူကြီးနဲ့ တရားရုံးဝန်ထမ်းတွေ၊ ဥပဒေအရာရှိနဲ့ ဥပဒေရုံးဝန်ထမ်းတွေ၊ ရုံးထုတ်ပေးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ၊ အမှုစစ်ဖို့လာတဲ့ ရဲအရာရှိနဲ့ ရဲဝန်ထမ်းတွေ၊ တရားလိုပြ တရားခံပြသက်သေတွေ၊ ရှေ့နေတွေ စသဖြင့် နေ့စဉ်အဝင်အထွက် လုပ်နေသူ ၃၀၀ လောက်ရှိတယ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

လောလောဆယ် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသူတွေကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ပေးတယ်လို့ မကြားသိရပါဘူး။ ထောင်ထဲ ဝင်ထွက်နေသူတွေကိုတော့ လက်သန့်ဆေရည်သုံးဖို့၊ လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့ မျက်နှာအကာနဲ့ လက်အိတ် စွပ်ဖို့ အကျဉ်းထောင်ဘက်က ညွှန်ကြားထားတယ်လို့ ရှေ့နေဦးခင်မောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။


“ အခုဒီအင်းစိန် ဗဟိုအကျဉ်းထောင်ဆိုရင် အကျအချုပ်အင်အား ၁၀,၀၀၀ ဝန်းကျင်ပေါ့ အိပ်ဆောင်အသီးသီးမှာ ထိန်းသိမ်းထားရတယ်။ ဒီအထဲထဲမှာတော့ ကိုဗစ်ပိုး ကူးစက်ခံရဖို့က အခွင့်အလမ်းနည်းတယ်။ ဘာလို့ဆို အပြင်နဲ့အဆက်အသွယ် သိပ်မရှိလှဘူး။ ရှိနေတဲ့ တခုတည်းသော ဒီလမ်းကြောင်းက အထူးတရားရုံး လမ်းကြောင်းတခုပဲ ရှိနေတယ်။ အထဲထဲမှာများ ကိုဗစ်ပိုးကူးစက်ခံရမယ်ဆိုရင် ကူးစက်မှုနှုန်းက အရမ်းမြန်မယ်။ ထားနိုင်တဲ့ အဆောက်အဦးရဲ့ အခြေအနေနဲ့ ထားတဲ့လူဦးရေနဲ့က မမျှဘူး၊ လူဦးရေက အရမ်းကျပ်တည်းတယ်။”

ထောင်ထဲမှာ ကိုဗစ်ရောဂါတားဆီးရေး စည်းမျဉ်းတွေအတိုင်း လူအချင်းချင်း ၆ ပေခြားနေရဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့ ဇွန်လ ၃၀ရက်က လွတ်မြောက်လာတဲ့ လူငယ်တဦးက ဗွီအိုအေကိုပြောပြပါတယ်။ ကိုကိုးကျွန်းမြို့နယ်တရားရုံးနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆ ခုကလွဲလို့ ရန်ကုန်တိုင်းထဲက ကျန်တဲ့ ၃၈ မြို့နယ်အတွက် အထူးတရားရုံးတွေကို အင်းစိန်အကျဉ်းထောင်ထဲမှာပဲ စီစဉ်ပြီး အမှုတွေ စစ်ဆေးနေပါတယ်။

တရားရုံးစီမံခန့်ခွဲမှုအတိုင်း တရားရုံးချိန်းတွေကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ သက်သေများတဲ့အမှုကို တပတ်ရုံးချိန်း၊ သက်သေနည်းတဲ့အမှုကို နှစ်ပတ်ခြားပြီး ရုံးချိန်းခေါ်ထားတာဖြစ်လို့ ဒီရက်ပိုင်း အပြောင်းအလဲအပေါ် မူတည်ပြီး ရုံးချိန်းတွေကို ရွှေ့ဆိုင်းသွားမှာပါ။

ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေသူ ၂၂၉ ၆ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ လူသားချင်းစာနာတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေကို အမှုရုတ်သိမ်းပြီး အခုလို လွှတ်ပေးလိုက်တဲ့အပေါ် သက်ဆိုင်ရာ မိသားစုတွေနဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိတ်အား တက်ကြွလိမ့်မယ်လို့ ယုံကြည်ကြောင်း အဲဒီထုတ်ပြန်ချက်ထဲမှာ ရေးသားထားတာပါ။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစထဲက ဖမ်းမထားသင့်သူတွေကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ ပြောကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG