[ Zawgyi ]
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်လေဆိပ် အပြင်ဖက်က တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားသူတွေ ထောင်နဲ့ချီ စုဝေးရောက်ရှိနေတဲ့ လေဆိပ် အပြင်ဖက်မှာ ကြာသပတေးနေ့က ပေါက်ကွဲမှု ၂ ခုဖြစ်ပွားခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၄ ယောက်ထက်မနည်း သေဆုံးကြောင်းလည်း အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။ ဒဏ်ရာရသူ အများအပြားကို ဆေးကုသ ပေးထားကြောင်းလည်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ John Kirby ကပြောပါတယ်။
တာလီဘန်အဖွဲ့ ပြောခွင့်ရသူကတော့ အနည်းဆုံး ၁၃ ယောက် သေဆုံးပြီး၊ ၅၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ပြောဆိုလိုက်ပြီး တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။
[ Unicode ]