သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေငုပ်သင်္ဘော တည်ဆောက်ရေး အစီအစဉ် ပျက်ခဲ့တဲ့အတွက် သြစတြေးလျကို ပြင်သစ် အပြစ်တင်


သြစတြေးလျကို ရောက်ရှိလာတဲ့ ပြင်သစ်သံအမတ်ကြီး Jean-Pierre Thebault. (စက်တင်ဘာ ၁၈၊ ၂၀၂၁)
သြစတြေးလျကို ရောက်ရှိလာတဲ့ ပြင်သစ်သံအမတ်ကြီး Jean-Pierre Thebault. (စက်တင်ဘာ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ ရေငုပ်သင်္ဘောဆိုင်ရာ ပြင်သစ်နဲ့ သဘောတူညီချက်ကို ဖျက်သိမ်းပြီး အမေရိကန်၊ ဗြိတိန်တို့နဲ့ သဘောတူညီချက် ရယူလိုက်တာဟာ သြစတြေးလျက သံတမန်ရေးဆိုင်ရာ မဟာအမှားကြီးကို ကျူးလွန်လိုက်တာ ဖြစ်ကြောင်း သြစတြေးလျက မထွက်ခွာခင် စနေနေ့မှာ ပြင်သစ်သံအမတ်ကြီး Jean-Pierre Thebault က ပြောကြားလိုက်ပါတယ်။

“ပြင်သစ်နဲ့ သြစတြေးလျ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အခုထိ ယုံကြည်မှုရှိဆဲ ဖြစ်ပေမယ့် ဒါဟာ မဟာအမှားကြီးတခု ဖြစ်နေပါပြီ။ ထားခဲ့တဲ့ သဘောတူညီချက်ဟာ ကန်ထရိုက်စာချုပ်မဟုတ်ဘဲ လက်တွဲဆောင်ရွက်မှုတခုသာ ဖြစ်တာကြောင့် အခုကိစ္စဟာ လက်တွဲဖော်နဲ့ ပတ်သက်ပြီး သိပ်ကိုဆိုးဝါးတဲ့ ကိုင်တွယ်ဆောင်ရွက်မှုတခု ဖြစ်ပါတယ်။” လို့ ပြောသွားတာပါ။

ပြင်သစ်ရေတပ်က သြစတြေးလျအတွက် သမားရိုးကျ ရေငုပ်သင်္ဘော တည်ဆောက်ပေးဖို့ ၂၀၁၆ ခုနှစ်တုန်းက ရထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းပြီး အမေရိကန်နဲ့ ဗြိတိန်တို့က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ပေးမှာကို လက်ခံလိုက်ကြောင်း သြစတြေးလျက သူတို့ ၃ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ရခဲ့တဲ့နောက်ပိုင်း ကြာသပတေးနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ကြောင့် အမေရိကန်၊ ဗြိတိန်တို့နဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်အဖြစ် ရှိနေတဲ့ ပြင်သစ်က သူ့သံအမတ်တွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကနေ ပြန်လာဖို့ ချက်ချင်းဆင့်ခေါ်ခဲ့တာပါ။ ပြင်သစ်အပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း အားပြိုင်နေတဲ့ တရုတ်ကလည်း စိတ်ဆိုးဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားကလည်း အခု သြစတြေးလျရဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ဟာ ဒေသတွင်း နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ စနေနေ့မှာပဲ ပြောကြားခဲ့သလို တရုတ်ကလည်း အလားတူ စိုးရိမ်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG