သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေျခခံလူ႔အခြင့္အေရးနဲ႔ ျမန္မာႏိုင္ငံ


အေျခခံလူ႔အခြင့္အေရးနဲ႔ ျမန္မာႏိုင္ငံ
please wait

No media source currently available

0:00 0:07:04 0:00

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္းႀကီးက ေပးအပ္ထားတဲ့အေျခခံ လူ႔အခြင့္အေရးမ်ားအေၾကာင္း ျပည္ေသြးႏိုင္က ကမၻာ့ျမန္မာ့သတင္းမီဒီယာျမင္ကြင္းမွာ ေဆြးေႏြးတင္ျပမွာပါ။ မအင္ၾကင္းႏိုင္က ကူညီတင္ဆက္ထားပါတယ္။

(Zawgyi/Unicode)

ဒီဇင္ဘာ (၁၀)ရက္ေန႔ဟာ "အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔" ျဖစ္ပါတယ္။ ဘာေၾကာင့္ ဒီဇင္ဘာ ၁၀ ရက္ေန႔ကို သတ္မွတ္ရသလဲဆိုေတာ့ ၁၉၄၈ခုႏွစ္၊ ဒီဇင္ဘာလ (၁၀) ရက္ေန႔မွာ ကမာၻ႔ကုလသမဂၢအဖြဲ႕ ညီလာခံအစည္းအေဝးႀကီးက "အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရး ေၾကညာစာတမ္း"ႀကီးကို အတည္ျပဳျပ႒ာန္းခဲ့လို႔ ျဖစ္ပါတယ္။ လူ႔အခြင့္အေရးေၾကညာစာတမ္းႀကီးကို အေမရိကန္သမၼတ ဖရန္ကလင္ ႐ုစဗဲ့ကေတာ္ အဲလီနာ႐ုစဗဲ့က ဦးေဆာင္ေရးဆြဲတင္သြင္းခဲ့တာပါ။ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္း ေရးဆြဲေရးေကာ္မရွင္ကိုမုဆိုးမတစ္ဦးျဖစ္တဲ့ အဲလီနာ႐ုစဗဲ့က ဦးေဆာင္ခဲ့ၿပီး ႏိုင္ငံေရး၊ယဥ္ေက်းမႈနဲ႔ကိုးကြယ္တဲ့ဘာသာမတူညီၾကတဲ့ နယ္ပယ္အသီးသီးက ပုဂၢိဳလ္ (၁၈)ဦးက ႏွစ္ႏွစ္ၾကာ အခ်ိန္ယူေရးဆြဲခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒုတိယကမာၻစစ္ႀကီးၿပီးစ အခ်ိန္လည္း ျဖစ္တာမို႔ အယူအဆမတူတဲ့ ကမာၻ႔အင္အားႀကီးႏိုင္ငံ ႏွစ္ႏိုင္ငံျဖစ္တဲ့ အေမရိကန္နဲ႔ ဆိုဗီယက္တို႔ အားၿပိဳင္မႈၾကားမွာ ဘုံသေဘာတူညီခ်က္ ရရွိေအာင္ အဲလီနာ႐ုစဗဲ့ဦးေဆာင္ႀကိဳးပမ္းခဲ့ရတဲ့ စာတမ္းႀကီး ျဖစ္ပါတယ္။

အခ်က္ ၃၀ (အပိုဒ္-၃၀)ပါတဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္း(Universal Declaration of Human Rights-UDHR)ကို ေရးဆြဲၾကတဲ့အခါ ဒုတိယကမာၻစစ္အတြင္းက အေတြ႕အႀကဳံေတြကို အေျခခံခဲ့ၾကတယ္လို႔ ဆိုပါတယ္။ စစ္အတြင္းက ႀကဳံေတြ႕ခဲ့ရတဲ့ ပဋိပကၡမ်ိဳးေတြ ကမာၻေပၚမွာ ေနာက္တစ္ႀကိမ္မျဖစ္ပြါး၊ မႀကဳံေတြ႕ရေအာင္ ကမာၻ႔ကုလသမဂၢကို ဖြဲ႕စည္းမယ္။ ကမာၻ႔ကုလသမဂၢပဋိညာဥ္ကိုလည္း ၿပီးဆုံးေအာင္ ေရးဆြဲမယ္။အဲဒီ ပဋိညာဥ္ပါ အခြင့္အေရးေတြ ကိုကမာၻေပၚရွိ လူသားတိုင္း ရရွိခံစားႏိုင္ေစရမယ္လို႔ ကမာၻ႔ေခါင္းေဆာင္ေတြက ဆုံးျဖတ္ခဲ့ၾက ပါတယ္။အဓိက ရည္႐ြယ္ခ်က္ကေတာ့ UDHR ကို ကမာၻလုံးဆိုင္ရာ လမ္းျပေျမပုံအျဖစ္ခံယူၿပီး ကမာၻ႔ဘယ္ေနရာေဒသမွာ ေနထိုင္သူျဖစ္ေစ UDHR ပါ လြတ္လပ္ခြင့္နဲ႔ တန္းတူ အခြင့္အေရးေတြရရွိခံစားရေအာင္ အကာအကြယ္ေပးဖို႔ပဲ ျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကညာစာတမ္းႀကီးရဲ႕ နိဒါန္းမွာ လူခပ္သိမ္းရဲ႕ မ်ိဳး႐ိုးဂုဏ္သိကၡာနဲ႔ တကြ လူခပ္သိမ္းရဲ႕ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ ၿငိမ္းခ်မ္းမႈတို႔ကိုလူတိုင္းအညီအမွ် ခံစားႏိုင္တဲ့အေျခခံအုတ္ျမစ္အျဖစ္ အသိအမွတ္ျပဳထားပါတယ္။
ဒါ့အျပင္ "လူခပ္သိမ္းတို႔သည္ တရားလက္လြတ္ ႏွိပ္စက္ကလူျပဳမႈ၊ အုပ္စိုးမႈႏွင့္ ဖိစီးညႇင္းပန္းမႈတို႔ကို ေနာက္ဆုံးမလႊဲသာ၊ မေရွာင္သာ လက္နက္စြဲကိုင္ကာ ေတာ္လွန္ျခင္း၊ ပုန္ကန္ျခင္း မျပဳေစရန္၊ လူ႔အခြင့္အေရးမ်ားကို ဥပေဒျဖင့္ ထိန္းသိမ္းကာကြယ္ေပးရမည္ ျဖစ္ေသာေၾကာင္းလည္းေကာင္း" လို႔ ေဖာ္ျပထားပါတယ္။ ဆိုလိုတာက အေျခ ခံလူ႔အခြင့္အေရးေတြ မေပးဘဲ တရားလက္လြတ္ ႏွိပ္စက္ၿပီး အႏိုင္က်င့္ အုပ္စိုးမယ္၊ မတရားဖိႏွိပ္ညႇင္းပန္းသတ္ျဖတ္ အုပ္ခ်ဳပ္မယ္ဆိုရင္ ေနာက္ဆုံးမွာ မလႊဲသာ၊ မေရွာင္သာဘဲ လက္နက္စြဲကိုင္ကာ ေတာ္လွန္ပုန္ကန္ျခင္းေတြ ျဖစ္ေပၚလာလိမ့္မယ္လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။

ဒီအခ်က္ဟာ ေသြးထြက္ေအာင္ မွန္တယ္လို႔ ဆိုရမွာပါ။ တျခား ေဝးေဝးကို မၾကည့္ပါနဲ႔၊ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုပဲ ၾကည့္ၾကရေအာင္ပါ။ ၂၀၂၀ေ႐ြးေကာက္ပြဲရလဒ္ကို လ်စ္လ်ဴရႈပစ္ပယ္ၿပီး၊ တနည္းအားျဖင့္ ျပည္သူေတြရဲ႕လြတ္လပ္တဲ့ မဲဆႏၵ၊ ျပည္သူေတြရဲ႕ အေျခခံ ရပိုင္ခြင့္ အခြင့္အေရးေတြကိုမ်က္ကြယ္ျပဳၿပီး စစ္တပ္ကႏိုင္ငံေတာ္အာဏာကို လုယူခဲ့တယ္။ စစ္တပ္က အာဏာလုယူတာကို တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ၿငိမ္းခ်မ္းစြာ ဆန႔္က်င္ဆႏၵျပခဲ့ၾကပါတယ္။ အဲဒါကို စစ္တပ္က အင္အားအလြန္အကြၽံသုံးကာ ဖိႏွိပ္ေခ်မႈန္းခဲ့တာ အားလုံးအသိပဲ ျဖစ္ပါတယ္။ အဲဒီအက်ိဳးဆက္အျဖစ္ လက္နက္ဆြဲကိုင္ေတာ္လွန္ရန္ ျပည္သူ႔ကာကြယ္ေရးတပ္PDF ေတြ ႏိုင္ငံနဲ႔အဝွမ္းေပၚေပါက္လာခဲ့တယ္ မဟုတ္ပါလား။ ဒါေၾကာင့္လည္း ဒီလို လက္နက္ကိုင္ ေတာ္လွန္မႈေတြ မျဖစ္ရေလေအာင္ လူ႔အခြင့္အေရး ေၾကညာစာတမ္းႀကီးရဲ႕ နိဒါန္းမွာ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကညာစာတမ္းႀကီးကို လူတိုင္း၊ အဖြဲ႕အစည္းတိုင္းက အစဥ္ႏွလုံးသြင္းၿပီးေတာ့ေလးစားလိုက္နာၾကရမယ္လို႔ ဆိုထားျခင္း ျဖစ္ပါတယ္။

အခ်က္ ၃၀ (အပိုဒ္-၃၀) ပါဝင္တဲ့ လူ႔အခြင့္အေရးေၾကညာစာတမ္းႀကီးဟာ တစ္ကမာၻလုံးနဲ႔ သက္ဆိုင္ပါတယ္။ လူ႔အခြင့္အေရးေၾကညာစာတမ္းပါ အေျခခံလူ႔အခြင့္အေရးေတြကို လူသားတိုင္း ခံစားခြင့္ ရွိရပါမယ္။ မည္သူမဆို၊ မည္သည့္ေနရာေဒသမွာပဲေနေန၊ လူမႈေရး(ျပည္သူ႔ေရးရာ)နဲ႔ ႏိုင္ငံေရးဆိုင္ရာအခြင့္အေရးေတြျဖစ္တဲ့အသက္ရွင္ပိုင္ခြင့္၊ လြတ္လပ္ခြင့္၊ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ တစ္ကိုယ္ေရလြတ္လပ္ခြင့္ေတြ ရရွိၾကရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လူ႔အခြင့္အေရး ေၾကညာစာတမ္းရဲ႕ အပိုဒ္ (၂)မွာ လူတိုင္းဟာ လူ႔အခြင့္အေရးေၾကညာစာတမ္း ပါအခြင့္အေရးေတြနဲ႔ လြတ္လပ္ခြင့္အားလုံးတို႔ကို ပိုင္ဆိုင္ခံစားခြင့္ ရွိတယ္။ လူတိုင္းဟာ လူမ်ိဳးႏြယ္အရျဖစ္ေစ၊ အသားအေရာင္အရျဖစ္ေစ၊ က်ား/မသဘာဝအရ ျဖစ္ေစ၊ ဘာသာစကား၊ ကိုးကြယ္တဲ့ ဘာသာအရ ျဖစ္ေစ၊ ႏိုင္ငံေရး ယူဆခ်က္အရ ျဖစ္ေစ၊ လူေနမႈအဆင့္အတန္း၊ပစၥည္းဥစၥာဓန အရျဖစ္ေစ၊ မ်ိဳး႐ိုးဇာတ္အဆင့္အတန္းေတြအရျဖစ္ေစ ခြဲျခားျခင္း မရွိေစရဘူးလို႔ ရွင္းလင္းတိက်စြာ ေဖာ္ျပထားပါတယ္။

အပိုဒ္ (၅) မွာေတာ့ ဘယ္သူ႔ကိုမွ ညႇင္းပန္းႏွိပ္စက္တာ၊ ရက္စက္ၾကမ္းၾကဳတ္ လူမဆန္တဲ့ ဆက္ဆံမႈ၊ ျပစ္ဒဏ္ေပးမႈေတြ မလုပ္ရဘူးလို႔လည္း အေသအခ်ာ တားျမစ္လို႔ ထားပါတယ္။ ဒါ့အျပင္ အပိုဒ္ (၁၁) မွာလူတစ္ဦး တစ္ေယာက္ကို တရားစီရင္တဲ့အခါ လူအမ်ားေရွ႕ေမွာက္မွာ ဥပေဒအတိုင္း စစ္ေဆးရမယ္။ အဲဒီလို စစ္ေဆးတဲ့အခါ ျပစ္မႈ က်ဴးလြန္တယ္လို႔ စီရင္ခ်က္ မခ်မခ်င္း အျပစ္မဲ့သူအျဖစ္ ယူဆရမယ္။ ဒါ့အျပင္ ျပစ္မႈအတြက္ စြပ္စြဲခံရသူဟာ ခုခံေခ်ပဖို႔ လိုအပ္တဲ့ အခြင့္အေရးေတြရရွိမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီအပိုဒ္ (၁၁)မွာ ေဖာ္ျပထားတဲ့ အခ်က္ေတြနဲ႔ ခ်ိန္ထိုးၾကည့္ရင္ ဒီကေန႔ ျမန္မာႏိုင္ငံအတြင္းမွာ စစ္ေကာင္စီရဲ႕ ႐ုံးတင္ တရားစြဲဆို စစ္ေဆးျခင္းခံေနရတဲ့ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ NLD အစိုးရေခါင္းေဆာင္မ်ား အပါအဝင္ ႏိုင္ငံနဲ႔အဝွမ္း မတရားဖမ္းဆီးျခင္းခံေနရ၊ တရားစြဲဆိုျခင္းခံေနရတဲ့ တရား႐ုံးေတြရဲ႕ အေျခအေနေတြဟာ လူသားတိုင္းရရွိခံစားရမယ့္ အေျခခံလူ႔အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရတယ္ဆိုတာလယ္ျပင္မွာ ဆင္သြားသလို ထင္ရွားလွပါတယ္။

ေၾကညာစာတမ္းႀကီးရဲ႕ အပိုဒ္ (၁၉) မွာေတာ့ လူတိုင္းမွာ လြတ္လပ္စြာ ထင္ျမင္ယူဆပိုင္ခြင့္နဲ႔ လြတ္လပ္စြာဖြင့္ဟ ထုတ္ေဖာ္ခြင့္ ရွိတယ္။ အဲဒီလို ေဖာ္ထုတ္တဲ့အခါမွာလည္း အေႏွာင့္အယွက္မရွိဘဲ ေဖာ္ထုတ္ႏိုင္ရမယ္။ ႏိုင္ငံနယ္နိမိတ္ကိုပင္ ထည့္တြက္ရန္ မလိုဘဲ သတင္းေတြ၊ သေဘာထားေတြကို လြတ္လပ္စြာ ရွာေဖြႏိုင္တယ္၊ လက္ခံရယူႏိုင္တယ္၊ ေဝငွ ျဖန႔္ခ်ိႏိုင္တယ္လို႔ ဆိုထားပါတယ္။ အမွန္တကယ္ေတာ့ ဒါဟာ Freedom of Expression ပဲ ျဖစ္ပါတယ္။ အခုလို လူ႔အခြင့္အေရးေၾကညာစာတမ္းႀကီးမွာ Freedom of Expression ကို ဘာေၾကာင့္ အေလးထား ေဖာ္ျပထားရသလဲ။ Freedom of Expression ဟာ ဘာေၾကာင့္အေရးႀကီးတာလဲဆိုတာကို PEN Myanmar အဖြဲ႕ကို စတင္တည္ေထာင္သူတစ္ဦးလည္းျဖစ္ ေလာေလာဆယ္ PEN International အဖြဲ႕ႀကီးရဲ႕အက်ဥ္းက်စာေရးဆရာမ်ားေကာ္မတီရဲ႕ ဥကၠ႒ ျဖစ္တဲ့ စာေရးဆရာမ မသီတာ(စမ္းေခ်ာင္း) က သူ႔ရဲ႕အျမင္ကို အခုလို ေျပာပါတယ္။

"လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ ေျပာဆိုခြင့္ဆိုတာ အေျခ ခံ လူ႔ရပိုင္ခြင့္ပဲ ျဖစ္ပါတယ္။ အမ်ားစုက လူ႔အခြင့္အေရးလို႔ ေခၚၾကတဲ့ Human Right။ အေျခခံ လူ႔ရပိုင္ခြင့္ေတြက ႏိုင္ငံေရးဆိုင္ရာ ရပိုင္ခြင့္၊ လူမႈေရးဆိုင္ရာ ရပိုင္ခြင့္၊ စီးပြါးေရးဆိုင္ရာ ရပိုင္ခြင့္၊ ယဥ္ေက်းမႈဆိုင္ရာ ရပိုင္ခြင့္ေတြ ေပါင္းထားတဲ့ ရပိုင္ခြင့္ေတြပဲ ျဖစ္ပါတယ္။ အဲဒီအထဲမွာမွ အေျခခံသိပ္က်တဲ့ လူတစ္ေယာက္ အသက္ရွင္ပိုင္ခြင့္ရွိရမယ္ဆိုတာမ်ိဳး၊ လူ႔ဂုဏ္သိကၡာနဲ႔အညီ ေနထိုင္ခြင့္ရွိရမယ္ ဆိုတာမ်ိဳး အေျခခံရပိုင္ခြင့္ေတြ ပါေနပါတယ္။ အဲဒီအေျခခံ ရပိုင္ခြင့္ထဲမွာ အဓိက ပါဝင္တာကေတာ့လြတ္လပ္စြာ ေရးသား ထုတ္ေဖာ္ ေျပာဆိုခြင့္ Freedom of Expression ပဲ ျဖစ္ပါတယ္။ဘာလို႔ Freedom of Expression ဟာ အေျခ ခံ ရပိုင္ခြင့္ ျဖစ္ရလဲဆိုရင္ေတာ့ဒီရပိုင္ခြင့္ကိုမွ မရဘူးဆိုရင္ က်န္တဲ့ ယဥ္ေက်းမႈ၊ႏိုင္ငံေရး စသျဖင့္ အျခားေသာရပိုင္ခြင့္ေတြကို ေတာင္းဆိုဖို႔၊ ကာကြယ္ဖို႔၊ ေစာင့္ေရွာက္ဖို႔၊ ထိန္းသိမ္းဖို႔၊ ျမႇင့္တင္ဖို႔ အစစ အရာရာ ခက္ခဲမွာပဲ ျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ Freedom of Expression ဟာ အေျခ ခံအက်ဆုံး ရပိုင္ခြင့္ ျဖစ္ပါတယ္။"

ေလာေလာဆယ္ ျမန္မာႏိုင္ငံရဲ႕အေျခအေနကေတာ့ သတင္းရယူဖို႔ခက္ခဲ၊သတင္းေထာက္ေတြ ဖမ္းဆီးေထာင္ခ်ျခင္း ခံရ၊ သတင္းဌာနေတြ ထုတ္ေဝခြင့္ ပိတ္သိမ္း ခံေနရပါတယ္။ ဒါေၾကာင့္ အျခားရပိုင္ခြင့္ေတြ အသာထားဦး၊ အေျခ ခံအက်ဆုံး ရပိုင္ခြင့္ျဖစ္တဲ့ Freedom of Expression ေတာင္ မရရွိႏိုင္ပါဘူး။ ဒီလို ရက္စက္ၾကမ္းၾကဳတ္ၿပီး အေျခ ခံ လူ႔အခြင့္အေရးေတြကို လ်စ္လ်ဴရႈတဲ့ စစ္ေကာင္စီေအာက္မွာေတာ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္းပါ လူ႔အခြင့္အေရး ေတြ ခံစားႏိုင္ဖို႔နဲ႔ အကာအကြယ္ ရရွိႏိုင္ဖို႔ဆိုတာ ဘယ္လိုမွ ျဖစ္ႏိုင္စရာမရွိပါဘူး။ဒါေၾကာင့္ စစ္ေကာင္စီရဲ႕ လူမဆန္တဲ့၊စစ္ရာဇဝတ္မႈေျမာက္တဲ့လုပ္ရပ္ေတြကို အျပစ္ကေန ကင္းလြတ္ခြင့္ ေပးမထားသင့္ေတာ့ပါဘူး။ဒီအတြက္ စစ္ေကာင္စီကို ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ အထူးသျဖင့္ ကမာၻ႔ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ လက္ေတြ႕က်ၿပီး ထိေရာက္တဲ့အေရးယူမႈေတြ အျမန္ဆုံး လုပ္ေဆာင္ဖို႔ လိုအပ္ေနပါၿပီ။

.....................

(Unicode)
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကြီးက ပေးအပ်ထားတဲ့အခြေခံ လူ့အခွင့်အရေးများ

ဒီဇင်ဘာ (၁၀)ရက်နေ့ဟာ "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့" ဖြစ်ပါတယ်။ ဘာကြောင့် ဒီဇင်ဘာ ၁၀ ရက်နေ့ကို သတ်မှတ်ရသလဲဆိုတော့ ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ညီလာခံအစည်းအဝေးကြီးက "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း"ကြီးကို အတည်ပြုပြဋ္ဌာန်းခဲ့လို့ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အမေရိကန်သမ္မတ ဖရန်ကလင် ရုစဗဲ့ကတော် အဲလီနာရုစဗဲ့က ဦးဆောင်ရေးဆွဲတင်သွင်းခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ရေးဆွဲရေးကော်မရှင်ကိုမုဆိုးမတစ်ဦးဖြစ်တဲ့ အဲလီနာရုစဗဲ့က ဦးဆောင်ခဲ့ပြီး နိုင်ငံရေး၊ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာမတူညီကြတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ် (၁၈)ဦးက နှစ်နှစ်ကြာ အချိန်ယူရေးဆွဲခဲ့ကြတယ်လို့ သိရပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးစ အချိန်လည်း ဖြစ်တာမို့ အယူအဆမတူတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက်တို့ အားပြိုင်မှုကြားမှာ ဘုံသဘောတူညီချက် ရရှိအောင် အဲလီနာရုစဗဲ့ဦးဆောင်ကြိုးပမ်းခဲ့ရတဲ့ စာတမ်းကြီး ဖြစ်ပါတယ်။

အချက် ၃၀ (အပိုဒ်-၃၀)ပါတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(Universal Declaration of Human Rights-UDHR)ကို ရေးဆွဲကြတဲ့အခါ ဒုတိယကမ္ဘာစစ်အတွင်းက အတွေ့အကြုံတွေကို အခြေခံခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်အတွင်းက ကြုံတွေ့ခဲ့ရတဲ့ ပဋိပက္ခမျိုးတွေ ကမ္ဘာပေါ်မှာ နောက်တစ်ကြိမ်မဖြစ်ပွါး၊ မကြုံတွေ့ရအောင် ကမ္ဘာ့ကုလသမဂ္ဂကို ဖွဲ့စည်းမယ်။ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်ကိုလည်း ပြီးဆုံးအောင် ရေးဆွဲမယ်။အဲဒီ ပဋိညာဉ်ပါ အခွင့်အရေးတွေ ကိုကမ္ဘာပေါ်ရှိ လူသားတိုင်း ရရှိခံစားနိုင်စေရမယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြ ပါတယ်။အဓိက ရည်ရွယ်ချက်ကတော့ UDHR ကို ကမ္ဘာလုံးဆိုင်ရာ လမ်းပြမြေပုံအဖြစ်
ခံယူပြီး ကမ္ဘာ့ဘယ်နေရာဒေသမှာ နေထိုင်သူဖြစ်စေ UDHR ပါ လွတ်လပ်ခွင့်နဲ့ တန်းတူ အခွင့်အရေးတွေရရှိခံစားရအောင် အကာအကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကြီးရဲ့ နိဒါန်းမှာ လူခပ်သိမ်းရဲ့ မျိုးရိုးဂုဏ်သိက္ခာနဲ့ တကွ လူခပ်သိမ်းရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကိုလူတိုင်းအညီအမျှ ခံစားနိုင်တဲ့အခြေခံအုတ်မြစ်အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါ့အပြင် "လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို နောက်ဆုံးမလွှဲသာ၊ မရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန်၊ လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင်းလည်းကောင်း" လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက အခြေ ခံလူ့အခွင့်အရေးတွေ မပေးဘဲ တရားလက်လွတ် နှိပ်စက်ပြီး အနိုင်ကျင့် အုပ်စိုးမယ်၊ မတရားဖိနှိပ်ညှင်းပန်းသတ်ဖြတ် အုပ်ချုပ်မယ်ဆိုရင် နောက်ဆုံးမှာ မလွှဲသာ၊ မရှောင်သာဘဲ လက်နက်စွဲကိုင်ကာ တော်လှန်ပုန်ကန်ခြင်းတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒီအချက်ဟာ သွေးထွက်အောင် မှန်တယ်လို့ ဆိုရမှာပါ။ တခြား ဝေးဝေးကို မကြည့်ပါနဲ့၊ ကျွန်တော်တို့ မြန်မာနိုင်ငံကိုပဲ ကြည့်ကြရအောင်ပါ။ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပစ်ပယ်ပြီး၊ တနည်းအားဖြင့် ပြည်သူတွေရဲ့လွတ်လပ်တဲ့ မဲဆန္ဒ၊ ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့် အခွင့်အရေးတွေကိုမျက်ကွယ်ပြုပြီး စစ်တပ်ကနိုင်ငံတော်အာဏာကို လုယူခဲ့တယ်။ စစ်တပ်က အာဏာလုယူတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါကို စစ်တပ်က အင်အားအလွန်အကျွံသုံးကာ ဖိနှိပ်ချေမှုန်းခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီအကျိုးဆက်အဖြစ် လက်နက်ဆွဲကိုင်တော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်PDF တွေ နိုင်ငံနဲ့အဝှမ်းပေါ်ပေါက်လာခဲ့တယ် မဟုတ်ပါလား။ ဒါကြောင့်လည်း ဒီလို လက်နက်ကိုင် တော်လှန်မှုတွေ မဖြစ်ရလေအောင် လူ့အခွင့်အရေး ကြေညာစာတမ်းကြီးရဲ့ နိဒါန်းမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကြီးကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းက အစဉ်နှလုံးသွင်းပြီးတော့လေးစားလိုက်နာကြရမယ်လို့ ဆိုထားခြင်း ဖြစ်ပါတယ်။

အချက် ၃၀ (အပိုဒ်-၃၀) ပါဝင်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကြီးဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးတွေကို လူသားတိုင်း ခံစားခွင့် ရှိရပါမယ်။ မည်သူမဆို၊ မည်သည့်နေရာဒေသမှာပဲနေနေ၊ လူမှုရေး(ပြည်သူ့ရေးရာ)နဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေဖြစ်တဲ့အသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်တွေ ရရှိကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် (၂)မှာ လူတိုင်းဟာ လူ့အခွင့်အရေးကြေညာစာတမ်း ပါအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့် ရှိတယ်။ လူတိုင်းဟာ လူမျိုးနွယ်အရဖြစ်စေ၊ အသားအရောင်အရဖြစ်စေ၊ ကျား/မသဘာဝအရ ဖြစ်စေ၊ ဘာသာစကား၊ ကိုးကွယ်တဲ့ ဘာသာအရ ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်အရ ဖြစ်စေ၊ လူနေမှုအဆင့်အတန်း၊ပစ္စည်းဥစ္စာဓန အရဖြစ်စေ၊ မျိုးရိုးဇာတ်အဆင့်အတန်းတွေအရဖြစ်စေ ခွဲခြားခြင်း မရှိစေရဘူးလို့ ရှင်းလင်းတိကျစွာ ဖော်ပြထားပါတယ်။

အပိုဒ် (၅) မှာတော့ ဘယ်သူ့ကိုမှ ညှင်းပန်းနှိပ်စက်တာ၊ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ ဆက်ဆံမှု၊ ပြစ်ဒဏ်ပေးမှုတွေ မလုပ်ရဘူးလို့လည်း အသေအချာ တားမြစ်လို့ ထားပါတယ်။ ဒါ့အပြင် အပိုဒ် (၁၁) မှာလူတစ်ဦး တစ်ယောက်ကို တရားစီရင်တဲ့အခါ လူအများရှေ့မှောက်မှာ ဥပဒေအတိုင်း စစ်ဆေးရမယ်။ အဲဒီလို စစ်ဆေးတဲ့အခါ ပြစ်မှု ကျူးလွန်တယ်လို့ စီရင်ချက် မချမချင်း အပြစ်မဲ့သူအဖြစ် ယူဆရမယ်။ ဒါ့အပြင် ပြစ်မှုအတွက် စွပ်စွဲခံရသူဟာ ခုခံချေပဖို့ လိုအပ်တဲ့ အခွင့်အရေးတွေရရှိမယ်လို့ ဖော်ပြထားပါတယ်။ ဒီအပိုဒ် (၁၁)မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်ရင် ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီရဲ့ ရုံးတင် တရားစွဲဆို စစ်ဆေးခြင်းခံနေရတဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ NLD အစိုးရ
ခေါင်းဆောင်များ အပါအဝင် နိုင်ငံနဲ့အဝှမ်း မတရားဖမ်းဆီးခြင်းခံနေရ၊ တရားစွဲဆိုခြင်းခံနေရတဲ့ တရားရုံးတွေရဲ့ အခြေအနေတွေဟာ လူသားတိုင်းရရှိခံစားရမယ့် အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုတာလယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။

ကြေညာစာတမ်းကြီးရဲ့ အပိုဒ် (၁၉) မှာတော့ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နဲ့ လွတ်လပ်စွာဖွင့်ဟ ထုတ်ဖော်ခွင့် ရှိတယ်။ အဲဒီလို ဖော်ထုတ်တဲ့အခါမှာလည်း အနှောင့်အယှက်မရှိဘဲ ဖော်ထုတ်နိုင်ရမယ်။ နိုင်ငံနယ်နိမိတ်ကိုပင် ထည့်တွက်ရန် မလိုဘဲ သတင်းတွေ၊ သဘောထားတွေကို လွတ်လပ်စွာ ရှာဖွေနိုင်တယ်၊ လက်ခံရယူနိုင်တယ်၊ ဝေငှ ဖြန့်ချိနိုင်တယ်လို့ ဆိုထားပါတယ်။ အမှန်တကယ်တော့ ဒါဟာ Freedom of Expression ပဲ ဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေးကြေညာစာတမ်းကြီးမှာ Freedom of Expression ကို ဘာကြောင့် အလေးထား ဖော်ပြထားရသလဲ။ Freedom of Expression ဟာ ဘာကြောင့်အရေးကြီးတာလဲဆိုတာကို PEN Myanmar အဖွဲ့ကို စတင်တည်ထောင်သူတစ်ဦးလည်းဖြစ် လောလောဆယ် PEN International အဖွဲ့ကြီးရဲ့အကျဉ်းကျစာရေးဆရာများကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း) က သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

"လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုတာ အခြေ ခံ လူ့ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ အများစုက လူ့အခွင့်အရေးလို့ ခေါ်ကြတဲ့ Human Right။ အခြေခံ လူ့ရပိုင်ခွင့်တွေက နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်၊ လူမှုရေးဆိုင်ရာ ရပိုင်ခွင့်၊ စီးပွါးရေးဆိုင်ရာ ရပိုင်ခွင့်၊ ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်တွေ ပေါင်းထားတဲ့ ရပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အခြေခံသိပ်ကျတဲ့ လူတစ်ယောက် အသက်ရှင်ပိုင်ခွင့်ရှိရမယ်ဆိုတာမျိုး၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရှိရမယ် ဆိုတာမျိုး အခြေခံရပိုင်ခွင့်တွေ ပါနေပါတယ်။ အဲဒီအခြေခံ ရပိုင်ခွင့်ထဲမှာ အဓိက ပါဝင်တာကတော့လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့် Freedom of Expression ပဲ ဖြစ်ပါတယ်။ဘာလို့ Freedom of Expression ဟာ အခြေ ခံ ရပိုင်ခွင့် ဖြစ်ရလဲဆိုရင်တော့ဒီရပိုင်ခွင့်ကိုမှ မရဘူးဆိုရင် ကျန်တဲ့ ယဉ်ကျေးမှု၊နိုင်ငံရေး စသဖြင့် အခြားသောရပိုင်ခွင့်တွေကို တောင်းဆိုဖို့၊ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့ အစစ အရာရာ ခက်ခဲမှာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ Freedom of Expressionဟာ အခြေ ခံအကျဆုံး ရပိုင်ခွင့် ဖြစ်ပါတယ်။"

လောလောဆယ် မြန်မာနိုင်ငံရဲ့အခြေအနေကတော့ သတင်းရယူဖို့ခက်ခဲ၊သတင်းထောက်တွေ ဖမ်းဆီးထောင်ချခြင်း ခံရ၊ သတင်းဌာနတွေ ထုတ်ဝေခွင့် ပိတ်သိမ်း ခံနေရပါတယ်။ ဒါကြောင့် အခြားရပိုင်ခွင့်တွေ အသာထားဦး၊ အခြေ ခံအကျဆုံး ရပိုင်ခွင့်ဖြစ်တဲ့ Freedom of Expression တောင် မရရှိနိုင်ပါဘူး။ ဒီလို ရက်စက်ကြမ်းကြုတ်ပြီး အခြေ ခံ လူ့အခွင့်အရေးတွေကို လျစ်လျူရှုတဲ့ စစ်ကောင်စီအောက်မှာတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေး တွေ ခံစားနိုင်ဖို့နဲ့ အကာအကွယ် ရရှိနိုင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိပါဘူး။ဒါကြောင့် စစ်ကောင်စီရဲ့ လူမဆန်တဲ့၊စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေကို အပြစ်ကနေ ကင်းလွတ်ခွင့် ပေးမထားသင့်တော့ပါဘူး။ဒီအတွက် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်တွေ့ကျပြီး ထိရောက်တဲ့အရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။
XS
SM
MD
LG