သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမှုတိုးလာ


ပြင်သစ်ပိုင် TOTAL စွမ်းအင်ကုမ္ပဏီနဲ့ အမေရိကန်ပိုင် Chevron စွမ်းအင်ကုမ္ပဏီ။
ပြင်သစ်ပိုင် TOTAL စွမ်းအင်ကုမ္ပဏီနဲ့ အမေရိကန်ပိုင် Chevron စွမ်းအင်ကုမ္ပဏီ။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ရုပ်ပြီးတော့ ပြန်ထွက်သွားတဲ့ ပြည်ပ စီးပွားရေးကုမ္ပဏီ အရေအတွက် တဖြည်းဖြည်း တိုးလာနေပါတယ်။

အခုနောက်ဆုံး တိုးလာတာကတော့ စစ်ကောင်စီအတွက် နှစ်စဉ် ဒေါ်လာ သန်း ၁,၀၀၀ ကျော် ဝင်ငွေရှာပေးနေတဲ့ ပြင်သစ်ပိုင် TOTAL နဲ့ အမေရိကန်ပိုင် Chevron စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ပိုင် နောက်ထပ် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Accor ဟိုတယ်လုပ်ငန်းကတော့ လက်ရှိအချိန်မှာ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။ Accor ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဟိုတယ် ၉ လုံး လည်ပတ် လုပ်ဆောင်နေတာပါ။

အလားတူ အဖျော်ယမကာလုပ်ငန်းဘက်မှာ ဆိုရင်လည်း ဂျပန်ပိုင် Kirin ဘီယာကုမ္ပဏီက စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နဲ့ ဖက်စပ်လုပ်နေတာကို ရပ်ပစ်ဖို့ ကြိုးစားနေပေမယ့် ဒိန်းမတ်နိုင်ငံအခြေစိုက် Carlsberg ဘီယာကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်မယ့် အစီအစဉ်တခုခု ကြေညာထားတာ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ရောင်းအားကျလာတာကြောင့် ထုတ်လုပ်မှုကို လျှော့ထားတယ်လို့ ပြောထားပါတယ်။

ဂျပန်ပိုင် ဆူဇူကီး ကားကုမ္ပဏီက မြန်မာနိုင်ငံတွင်း စက်ရုံနှစ်ခုမှာ ပြည်တွင်းဈေးကွက်အတွက် ကားထုတ်လုပ်ငန်းတွေကို စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင် ဆိုင်းငံ့ခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ပြန်ဖွင့်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို လမ်းဖွင့်ပေးပြီးတော့ ဆွဲဆောင်ခဲ့တာကြောင့် ပြည်ပက ထိပ်တန်းကုမ္ပဏီ အများအပြား မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ခဲ့ကြတာပါ။ အခုတော့ တခုပြီးတခု ပြန်ထွက်သွားနေကြတဲ့ထဲ နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ၊ ဗြိတိန်အခြေစိုက် British American Tobacco ကုမ္ပဏီနဲ့ ပြင်သစ်စွမ်းအင်ကုမ္ပဏီ EDF တို့လည်း ပါဝင်ပါတယ်။

ဂျပန် တိုယိုတာကားကုမ္ပဏီက ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံတွင်း ကားထုတ်စက်ရုံတခု စတင်ဖို့ ရှိခဲ့ပေမယ့် အဲဒီစီမံကိန်းကို ဆိုင်းငံ့ထားပါတယ်။ ဒါ့အပြင် အီတလီအခြေစိုက် Benetton ဖက်ရှင်ကုမ္ပဏီလို အဝတ်အထည် ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေမှာ နောက်ထပ် အလုပ်အပ်တာတွေကို ဆိုင်းငံ့ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG