သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

NATO အဖဲြ႔ဝင္ အေရွ႕ဥေရာပႏိုင္ငံေတြအတြက္ ကန္ တပ္ဖဲြ႔ဝင္ ေနာက္ထပ္၂ဝဝဝ ေစလႊတ္မည္


Portugal NATO Russia

NATO အဖဲြ႔ဝင္ အေရွ႕ဥေရာပႏိုင္ငံေတြအတြက္ ကန္ တပ္ဖဲြ႔ဝင္ ေနာက္ထပ္၂ဝဝဝ ေစလႊတ္မည္

{{Zawgyi/Unicode}}

ယူကရိန္းနယ္စပ္မွာ ႐ုရွားက စစ္အင္အားတိုးျမႇင့္ေနခ်ိန္မွာ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) အဖဲြ႕ အေရွ႕ဖက္ျခမ္း လုံျခံဳေရးအတြက္ အေမရိကန္က ေနာက္ထပ္ တပ္အင္အား ၂ဝဝဝ ေစလႊတ္မယ့္အေၾကာင္း ဗုဒၶဟူးေန႔မွာပဲ ေၾကညာလိုက္ပါတယ္။ အမ်ားစုကို ပိုလန္ႏိုင္ငံမွာ တာ၀န္ေပးမွာျဖစ္ၿပီး၊ ဂ်ာမနီႏိုင္ငံက စစ္သည္ ၁ဝဝဝ ကိုလည္း ႐ိုေမးနီးယားႏိုင္ငံကို ေျပာင္းေရႊ႕ဖို႔ ေစလႊတ္မွာပါ။ ဒါေပမဲ့လည္း ႐ုရွားက က်ဳးေက်ာ္လာခဲ့ရင္ ယူကရိန္းဖက္က ကူတိုက္ဖို႔ မဟုတ္ဘူးလို႔လည္း အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာပါတယ္။

“ဒီတပ္ဖဲြ႕ေတြဟာ ယူကရိန္းမွာ တိုက္ခိုက္ဖို႔ မဟုတ္ပါဘူး။ NATO မဟာမိတ္ေတြ ကာကြယ္ေရး ခိုင္မာေအာင္ တည္ေဆာက္ဖို႔ ျဖစ္ပါတယ္။” လို႔ ပင္တဂြန္ ေျပာခြင့္ရ John Kirby သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

တပ္အင္အား တိုးျမႇင့္တဲ့ အစီအစဥ္ဟာ အၿမဲတမ္းအတြက္ မဟုတ္ေပမဲ့ ေနာက္ထပ္ လိုအပ္ရင္ေတာ့ ထပ္မံေစလႊတ္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ လိုအပ္ရင္ ဥေရာပကို ေစလႊတ္ဖို႔ အေမရိကန္ တပ္ဖဲြ႕ဝင္ ၈၅ဝဝ ကို အသင့္ျပင္ဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ တပ္လွန္႔ထားတဲ့ အစီအစဥ္နဲ႔ အခုတပ္ေတြ ထပ္မံေစလႊတ္တာဟာ သီးျခားစီ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

႐ုရွားသမၼတ Vladimir Putin အေနနဲ႔ ယူကရိန္းကို က်ဳးေက်ာ္တိုက္ခိုက္ဖို႔ ဆုံးျဖတ္ခ်က္ ခ်ထားၿပီးျဖစ္တယ္လို႔ အေမရိကန္က မယူဆေၾကာင္းလည္း ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာဆိုခဲ့တာပါ။

တခ်ိန္တည္းမွာပဲ ႐ုရွားသမၼတဖက္က တင္းမာမႈေတြကို ေလွ်ာ့ခ်လိုတဲ့ သေဘာထားမ်ဳိး မေတြ႕ရဘဲ ယူကရိန္းႏိုင္ငံ ေျမာက္ဖက္က ႐ုရွားနဲ႔ နီးစပ္တဲ့ ဘဲလာ႐ုစ္ႏိုင္ငံနဲ႔ ယူကရိန္းအေရွ႕ဖက္ ႐ုရွားနယ္စပ္ေတြမွာ တပ္အင္အားေတြ ထပ္တိုးေနတယ္လို႔လည္း ေျပာပါတယ္။

ယူကရိန္းအေပၚ ႐ုရွားက လုပ္ႏိုင္ေျခရွိတဲ့ အေျခအေနေတြအတြက္ အေမရိကန္ဖက္က အစီအစဥ္ေတြ ေတာ္ေတာ္မ်ားမ်ား ျပင္ဆင္ထားတယ္လို႔လည္း ေျပာပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္

NATO အဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံတွေအတွက် ကန် တပ်ဖွဲ့ဝင် နောက်ထပ်၂ဝဝဝ စေလွှတ်မည်

{{Zawgyi/Unicode}}

ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အားတိုးမြှင့်နေချိန်မှာ မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ အရှေ့ဖက်ခြမ်း လုံခြုံရေးအတွက် အမေရိကန်က နောက်ထပ် တပ်အင်အား ၂၀၀၀ စေလွှတ်မယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်ပါတယ်။ အများစုကို ပိုလန်နိုင်ငံမှာ တာဝန်ပေးမှာဖြစ်ပြီး၊ ဂျာမနီနိုင်ငံက စစ်သည် ၁၀၀၀ ကိုလည်း ရိုမေးနီးယားနိုင်ငံကို ပြောင်းရွှေ့ဖို့ စေလွှတ်မှာပါ။ ဒါပေမဲ့လည်း ရုရှားက ကျုးကျော်လာခဲ့ရင် ယူကရိန်းဖက်က ကူတိုက်ဖို့ မဟုတ်ဘူးလို့လည်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

“ဒီတပ်ဖွဲ့တွေဟာ ယူကရိန်းမှာ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ NATO မဟာမိတ်တွေ ကာကွယ်ရေး ခိုင်မာအောင် တည်ဆောက်ဖို့ ဖြစ်ပါတယ်။” လို့ ပင်တဂွန် ပြောခွင့်ရ John Kirby သတင်းထောက်တွေကို ပြောလိုက်တာပါ။

တပ်အင်အား တိုးမြှင့်တဲ့ အစီအစဉ်ဟာ အမြဲတမ်းအတွက် မဟုတ်ပေမဲ့ နောက်ထပ် လိုအပ်ရင်တော့ ထပ်မံစေလွှတ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လိုအပ်ရင် ဥရောပကို စေလွှတ်ဖို့ အမေရိကန် တပ်ဖွဲ့ဝင် ၈၅၀၀ ကို အသင့်ပြင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တပ်လှန့်ထားတဲ့ အစီအစဉ်နဲ့ အခုတပ်တွေ ထပ်မံစေလွှတ်တာဟာ သီးခြားစီ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin အနေနဲ့ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်တယ်လို့ အမေရိကန်က မယူဆကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ ရုရှားသမ္မတဖက်က တင်းမာမှုတွေကို လျှော့ချလိုတဲ့ သဘောထားမျိုး မတွေ့ရဘဲ ယူကရိန်းနိုင်ငံ မြောက်ဖက်က ရုရှားနဲ့ နီးစပ်တဲ့ ဘဲလာရုစ်နိုင်ငံနဲ့ ယူကရိန်းအရှေ့ဖက် ရုရှားနယ်စပ်တွေမှာ တပ်အင်အားတွေ ထပ်တိုးနေတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားက လုပ်နိုင်ခြေရှိတဲ့ အခြေအနေတွေအတွက် အမေရိကန်ဖက်က အစီအစဉ်တွေ တော်တော်များများ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG