သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို NATO တပ္ဖဲြ႔ေတြ ေစလႊတ္ဖို႔ ရည္ရြယ္ခ်က္မရွိ - အတြင္းေရးမွဴးခ်ဳပ္ Stoltenberg


NATO အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg. (ဇန္နဝါရီ ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္ဝင္ေရာက္မယ္ဆိုရင္ NATO စစ္မဟာမိတ္ႏိုင္ငံေတြဘက္က ယူကရိန္းကို တပ္ေတြေစလႊတ္ဖို႔ မရွိဘူးလို႔ တနဂၤေႏြေန႔မွာ NATO အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က ေျပာၾကားလိုက္ေပမယ့္ ႐ုရွားကေတာ့ အေရွ႕ဥေရာပမွာ လံုၿခံဳေရးနဲ႔ပတ္သက္ၿပီး NATO က ဘာေတြလုပ္ဖို႔ စီစဥ္ထားတယ္ဆိုတာ ပိုရွင္းရွင္းလင္းလင္း သိခ်င္တယ္လို႔ ေျပာပါတယ္။

NATO တိုက္ခိုက္ေရးတပ္ဖြဲ႔ေတြကို ယူကရိန္းကို ေစလႊတ္ဖို႔ အစီအစဥ္ မရွိေၾကာင္းနဲ႔ ယူကရိန္းကို ေထာက္ပံ့ကူညီမႈေတြေပးဖို႔ ဦးစားေပး လုပ္ေဆာင္ေနတယ္လုိ႔လည္း NATO အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး NATO အဖြဲ႔ဝင္ ႏုိင္ငံေတြၾကား အျမင္မတူၾကေပမယ့္ ယူကရိန္းဟာ NATO ရဲ႕ ခိုင္မာၿပီး အေရးပါတဲ့ မိတ္ဘက္ႏိုင္ငံျဖစ္ေၾကာင္း ေျပာပါတယ္။

ယူကရိန္းအေရွ႕ဘက္နယ္စပ္မွာ ႐ုရွားက တပ္အင္အား တသိန္းေက်ာ္နဲ႔ လက္နက္ေတြ ခ်ထားတာေၾကာင့္ ယူကရိန္းကို ႐ုရွားဝင္သိမ္းမွာကို စိုးရိမ္ေနတဲ့ NATO အဖြဲ႔ဝင္ ႏုိင္ငံေတြကလည္း အဲဒီေဒသမွာ သူတုိ႔ရဲ႕ စစ္တပ္ေတြ တိုးခ်လာတာ ျဖစ္ပါတယ္။

႐ုရွားသမၼတ Vladimir Putin ဟာ ယူကရိန္းနယ္စပ္မွာ စစ္တပ္အင္အားကို ဆက္ၿပီး တိုးျမႇင့္ခ်ထားေနတာေၾကာင့္ ႐ုရွားဟာ အခ်ိန္မေရြး ယူကရိန္းကို ဝင္က်ဴးေက်ာ္တာမ်ိဳး ျဖစ္လာႏိုင္တယ္လို႔ အေမရိကန္ ပင္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ John Kirby က တနဂၤေႏြေန႔ Fox သတင္းဌာန ေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္။

အခုလို ႐ုရွားက က်ဴးေက်ာ္တာမ်ိဳး မလုပ္ခင္ အေရးယူဒဏ္ခတ္တာေတြ၊ ႐ုရွားရဲ႕ ေငြေၾကးဆိုင္ရာ အဖြဲ႔အစည္းေတြကို ပစ္မွတ္ထား အေရးယူတာမ်ိဳး လုပ္ဖို႔ေတာ့ မရွိဘူးလို႔လည္း ေျပာပါတယ္။

တကယ္လုိ႔ ႐ုရွားက ဝင္ေရာက္က်ဴးေက်ာ္ရင္ ျပင္းထန္တဲ့ စီးပြားေရးဒဏ္ခတ္မႈေတြ အျမန္ခ်မွတ္တာနဲ႔ ႐ုရွားရင္ဆိုင္ရႏိုင္တယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကေရာ အေနာက္ႏုိင္ငံ ေခါင္းေဆာင္ေတြကပါ ထပ္တလဲလဲ သတိေပးထားတာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ယူကရိန်းကို NATO တပ်ဖွဲ့တွေ စေလွှတ်ဖို့ ရည်ရွယ်ချက်မရှိ - အတွင်းရေးမှူးချုပ် Stoltenberg

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မယ်ဆိုရင် NATO စစ်မဟာမိတ်နိုင်ငံတွေဘက်က ယူကရိန်းကို တပ်တွေစေလွှတ်ဖို့ မရှိဘူးလို့ တနင်္ဂနွေနေ့မှာ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားလိုက်ပေမယ့် ရုရှားကတော့ အရှေ့ဥရောပမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး NATO က ဘာတွေလုပ်ဖို့ စီစဉ်ထားတယ်ဆိုတာ ပိုရှင်းရှင်းလင်းလင်း သိချင်တယ်လို့ ပြောပါတယ်။

NATO တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို ယူကရိန်းကို စေလွှတ်ဖို့ အစီအစဉ် မရှိကြောင်းနဲ့ ယူကရိန်းကို ထောက်ပံ့ကူညီမှုတွေပေးဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့လည်း NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NATO အဖွဲ့ဝင် နိုင်ငံတွေကြား အမြင်မတူကြပေမယ့် ယူကရိန်းဟာ NATO ရဲ့ ခိုင်မာပြီး အရေးပါတဲ့ မိတ်ဘက်နိုင်ငံဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းအရှေ့ဘက်နယ်စပ်မှာ ရုရှားက တပ်အင်အား တသိန်းကျော်နဲ့ လက်နက်တွေ ချထားတာကြောင့် ယူကရိန်းကို ရုရှားဝင်သိမ်းမှာကို စိုးရိမ်နေတဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေကလည်း အဲဒီဒေသမှာ သူတို့ရဲ့ စစ်တပ်တွေ တိုးချလာတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းနယ်စပ်မှာ စစ်တပ်အင်အားကို ဆက်ပြီး တိုးမြှင့်ချထားနေတာကြောင့် ရုရှားဟာ အချိန်မရွေး ယူကရိန်းကို ဝင်ကျူးကျော်တာမျိုး ဖြစ်လာနိုင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ John Kirby က တနင်္ဂနွေနေ့ Fox သတင်းဌာန မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

အခုလို ရုရှားက ကျူးကျော်တာမျိုး မလုပ်ခင် အရေးယူဒဏ်ခတ်တာတွေ၊ ရုရှားရဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူတာမျိုး လုပ်ဖို့တော့ မရှိဘူးလို့လည်း ပြောပါတယ်။

တကယ်လို့ ရုရှားက ဝင်ရောက်ကျူးကျော်ရင် ပြင်းထန်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ အမြန်ချမှတ်တာနဲ့ ရုရှားရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကရော အနောက်နိုင်ငံ ခေါင်းဆောင်တွေကပါ ထပ်တလဲလဲ သတိပေးထားတာပါ။

XS
SM
MD
LG