သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့လိုအပ်နေတဲ့ မြန်မာ့အရေး


FILE- Soldiers stand next to military vehicles as people gather to protest against the military coup, in Yangon, Myanmar, Feb. 15, 2021.
FILE- Soldiers stand next to military vehicles as people gather to protest against the military coup, in Yangon, Myanmar, Feb. 15, 2021.
မြန်မာနိုင်ငံရဲ့အခြေအနေဟာ အတော်စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ စစ်တပ် အာဏာသိမ်းတာ တစ်နှစ်ပြည့်ချိန်မှာ စိုးရိမ်သံများ ထွက်ပေါ်လာပါတယ်။ အမေရိကန်ပြည်ထောင် စုသမ္မ တကြီး ဂျိုးဘိုင်ဒန်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ သမ္မတကြီးဘိုင်ဒန် က ဒီအာဏာသိမ်းမှုဟာမြန်မာနိုင်ငံတနံတလျား ဆင်းရဲဒုက္ခတွေ ဖြစ်ထွန်းစေခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှု ကိုလည်း ထိပါးစေခဲ့တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် စစ်တပ်က မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုသံကို ဆက်ပြီး ငြင်းဆိုနေသမျှ စစ်တပ်နဲ့ သူ့တို့ကိုပံ့ပိုးနေသူတွေကို နောက်ထပ်အရေးယူမှုတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်လို့လည်းသမ္မတဘိုင်ဒန်ရဲ့ ကြေညာချက်မှာ ရှင်းလင်းစွာ သတိပေးထားတာကို တွေ့ရပါတယ်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က တင်ဆက်တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတစ်နှစ်ပြည့် အစီအစဉ် တွေ့ဆုံမေးမြန်းခန်းမှာလည်း" မြန်မာပြည်ရဲ့အခြေအနေက ပိုပြီးခိုင်မာတဲ့ဆောင်ရွက်မှုတွေ မလုပ်ကြဘူးဆိုရင် ဆီးရီးယားမှာ ကြုံခဲ့ရတဲ့အခြေအနေမျိုး ကြုံသွားရနိုင်တယ်"လို့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး မစ်ချဲလ်ဘာချလက် က သတိပေးပြောဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးကလည်း "မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် သွေးမြေကျနေတာကို စိတ်မေ ကာင်းစွာ မြင်တွေ့နေရပါတယ်။ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်နဲ့အတူ နိုင်ငံတကာကို မေတ္တာရပ်ခံချင်ပါတယ်"လို့အာဏာသိမ်းနှစ်ပတ်လည်ရဲ့ နောက်တစ်နေ့မှာ ပြောဆိုခဲ့ ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အမှန်တကယ်လည်း စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပြီလို့ ဆိုရမှာပါ။ စစ်တပ်အာဏာသိမ်းလို့ တစ်နှစ်ပြည့်တဲ့အချိန်မှာ စစ်ကောင်စီရဲ့လက် ချက်ကြောင့် သေဆုံးသူ ၁,၅၁၀ ယောက်အထိ ရှိခဲ့ပြီး လူပေါင်း နှစ်သောင်းနီးပါး အဖမ်းခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မြန်မာ့မဟာဗျူဟာနဲ့လေ့လာရေးအင်စတီကျု (ISP-Myanmar)ကလည်းမြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခများကြောင့်အရပ်သားများသေဆုံးမှုဟာ ၃,၅၉၈ ဦးထက်မနည်း ရှိခဲ့တယ်။ အဲဒီပမာဏဟာ နှစ်ပေါင်း သုံးဆယ်အတွင်း အများဆုံး ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါ့အပြင် လတ်တလော တိုက်ပွဲတွေကြောင့် ရပ်ရွာနေ အိမ်တွေ စွန့်ခွာရတဲ့စစ်ဘေးရှောင်ကလည်း သုံးသိန်းလောက်ရှိတယ်လို့ လူမှု့အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

ဒီအချက်အလက်တွေတွေကိုကြည့်ရင် မြန်မာပြည်ရဲ့ အခြေအနေဟာ ဘယ်လောက်စိုးရိမ်စရာကောင်း တယ်၊ ဘယ်လောက်အန္တရာယ်များနေပြီဆိုတာ သိသာထင်ရှားပါတယ်။ဒီအတိုင်း ဆက်သွားရင် ပြည်တွင်း စစ်မီးဟုန်းဟုန်းတောက်တော့မှာပါ။ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ စိုးရိမ်နေရုံမျှနဲ့ မလုံလောက်တော့ပါဘူး။လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီပေးမှုတွေ၊ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်နေပြီလို့ ထောက်ပြဝေဖန်နေကြ တာပါ။ အမေရိကန်ပြ ည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာရဲ့ အာရှအစီအစဉ် ဘလော့မှာ သုတေသီ ရဲမျိုး ဟိန်းနဲ့ လူးကပ်မိုင်းရာတို့ရေးတဲ့ "နိုငံတကာအနေနဲ့ လုပ်သင့်တာကို မလုပ်နိုင်ခဲ့တဲ့ တစ်နှစ်တာ" ဆိုတဲ့ ဆောင်းပါးမှာ အခုလိုထောက်ပြထားတာတွေ့ရပါတယ်။ "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းမှုဟာသွေးထွက်သံယို မရှိဘဲ အောင်မြင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့ ခုခါမှာတော့ သူ့မျှော်လင့်တဲ့အတိုင်းဖြစ်မလာဘဲ သွေးအိုင်ထွန်းတဲ့ပြည်တွင်းစစ်ဆီ ရောက်ရှိနေပြီး ကျရှုံးနိုင်ငံတစ်ခုဖြစ် လို့နေပါပြီ။မြန်မာနိုင်ငံမှာ ဒီလိုအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ မလုံလောက်ဘူး"လို့ ဝေဖန်ရေးသားထားပါတယ်။

မြန်မာပါဝင်တဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးဟာလည်း မြန်မာ့အကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့ ဘုံသဘော တူညီချက် ၅ ချက် ချမှတ်ထားပေမဲ့လည်း ခုချိန်ထိ ဘုံသဘောတူညီချက်ပါ အာဆီယံကိုယ်စားပြု ကိုယ်စား လှယ်တစ်ဦးကို မစေလွှတ်နိုင်သေးပါဘူး။အာဆီယံနည်းတူပါပဲ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာလည်း မြန်မာနိုင်ငံကိုသွားရောက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူးလား။လောလော ဆယ်မှာတော့ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းကလည်း ဖြေနိုင်ခြေ မရှိ သလောက်လို့ဆိုရမှာပါ။ဒီလိုအချိန်မှာ ဗီအိုအေက ထုတ်လွှင့်တဲ့ အာဏာသိမ်းတစ်နှစ်ပြည့် ဆွေးနွေးပွဲမှာ ဦးကျော်ဇံသာကလက်နက်ကိုင်တော်လှန်ရေးဟာ အဖြေရဖို့အတွက် ဘယ်လောက်အထောက် အကူဖြစ်မ လဲ၊ ဒါမှမဟုတ် ဒီလက်နက်ကိုင် နည်းလမ်းနဲပဲ ပြီးပြတ်သွားမှာလားလို့ မေးရာမှာတော့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုပြောပါတယ်။

"နိုင်ငံရေးလုပ်တဲ့အခါမှာ နည်းနာနဲ့ပန်းတိုင်ကို ရောရောထွေးထွေး မစဉ်းစားမိဖို့လိုပါတယ်။အဲဒီတော့ လက်နက်ကိုင်တော်လှန်ရေးကို ပန်းတိုင်အဖြစ်ရွေးခဲ့တာတော့မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။လက်နက်ကိုင်တာဟာပန်းတိုင်မဟုတ်ဘူး။နည်းနာတစ်ခု၊နည်းလမ်းတစ်ခုသာဖြစ်တယ်။ Nonviolence နဲ့လည်းသွားနေတာပဲ။Nonviolence ကို လက်လွှတ်နေတာ မဟုတ်ဘူး။တရားရေးနည်းလမ်း အရ၊ရွေးကောက်ခံအရ ကိုယ်စားပြုမှုတွေအရလည်း သွားနေတာဖြစ်သလို၊တစ်ဖက်ကလည်း Nonviolence Activities တွေက ရှိနေတယ်။သပိတ်ကော်မတီတွေရှိနေတယ်။CDM တွေရှိနေတယ်။CDM မှာမှ တပ် CDM တွေ၊ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ၊တပ် Defector တွေများလာခဲ့ရင်၊တပ်ထဲမှာပြုပြင်ေြ ပာင်းလဲချင်တဲ့သူတွေ များလာခဲ့ရင်၊ဒါဆိုလူထုသက်သာမယ်။ ပန်းတိုင်ကို မန်မြန်ရောက်မယ်။ တွန်းနိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နည်းပေါင်းစုံပေါ့။ဥပမာလွတ်လပ်ရေးတိုက်ပွဲလိုပေါ့လေ။ရေထွက်တိုက်တဲ့သူက ရေထွက်တိုက်၊ သေနတ်ကိုင်ရဲတဲ့သူက သေနတ်ကိုင်တိုက်သလိုမျိုးပဲ။ရပ်ကွက်ထဲမှာ ရိက္ခာထောက်ပို့နိုင် သူက ရိက္ခာထောက်ကြတာပဲ။ပြည်သူလူထုက သူတို့ဖြစ်နိုင်သမျှနည်းနဲ့(By possible means) ဒီအာဏာရှင်စနစ်ကိုအဆုံသတ်ဖို့ကြိုးစားနေကြတာဖြစ်တယ်။ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးက နည်းနာပေါင်းများစွာထဲက တစ်ခုဖြစ်ပါတယ်။Pressure Mechanism တစ်ခုဖြစ် တယ်။ ဒါကိုပန်းတိုင်တစ် ခုအဖြစ် လုပ်နေကြတာ မဟုတ်ဘူး"

ပန်းတိုင်ရောက်ဖို့နည်းလမ်းတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးဟာ နည်းလမ်းတစ်ခုအဖြစ် အရေးပါ သလို သံတမန်နည်းလမ်းဟာလည်း အရေးကြီးပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်တာမို့ NUG အစိုးရ အနေနဲ့ သံတမန်ရေးနည်းလမ်းကို အခုထက် ပိုကြိုးပမ်းအားထုတ်သင့်သလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ထိရောက်ပြီး လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေ အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ် နေပါပြီ။အဲဒီလို မလုပ်ဆောင်နိုင်ရင် ပြည်တွင်းစစ်မီးတောက်လောင်ပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်စရာရှိနေပါတယ်။အနိမ့်ဆုံးအဆင့်အနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ စစ်ဘေးရှောင်တွေထံ၊အခြေခံလူတန်းစားတွေထံ အမြန်ဆုံးရောက်ရှိအောင် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲကြိုး ပမ်းသင့်ပါတယ်။ပြည်တွင်းပြည်ပ ဟန်ချက်ညီညီဆောင်ရွက်နိုင်မှသာ အထိအခိုက်အနည်းဆုံးနဲ့ အချိန်တိုတိုအတွင်းပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ကြောင်းပါ ခင်ဗျား။

-------------------------------------------------------------










XS
SM
MD
LG