သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္း ၂ ဖဲြ႕တိုက္ပဲြၾကား ပိတ္မိေနသူေတြ ျပန္လည္လြတ္ေျမာက္


ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ဌာနခ်ဳပ္၊ ဝမ္ဟုိင္း။ (ဓာတ္ပံု CJ/ႏိုဝင္ဘာ ၁၈၊ ၂၀၂၁)

[ ZAWGYI ]

ရွမ္း ၂ ဖဲြ႕တိုက္ပဲြၾကား ပိတ္မိေနသူေတြ ျပန္လည္လြတ္ေျမာက္

ရွမ္းျပည္နယ္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္အတြင္း တုိင္းရင္းသား လက္နက္ကိုင္ေတြအၾကား ျဖစ္ပြားတဲ့ တိုက္ပဲြဟာ ၾကာသာပေတးေန႔က ၿငိမ္သက္ေနခဲ့ၿပီး တုိက္ပဲြျဖစ္ရာ ေဒသအတြင္း ပိတ္မိေနသူ အေတာ္မ်ားမ်ား ျပန္လည္ ထြက္ခြာလာႏိုင္ၿပီျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က တုိက္ပဲြမွာေတာ့ စစ္ေကာင္စီက ေလေၾကာင္းကေန ၀င္ေရာက္တိုက္ခိုက္တာ ရိွခဲ့သလို SSPP ရွမ္းေျမာက္တပ္ဖဲြ႔က RCSS ရွမ္းေတာင္ တပ္ဖဲြ႔က သံု႔ပန္း ၂၀ ေလာက္ကို ဖမ္းဆီးခဲ့ေၾကာင္း ေျပာပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း တုိက္ပဲြအေျခအေန ရန္ကုန္ကေပးပို႔လာတဲ့ သတင္းကို ကုိရဲမြန္က ေျပာျပပါမယ္။

ရွမ္းတပ္ဖဲြ႔ ႏွစ္ဖဲြ႔ျဖစ္တဲ့ SSPP ရွမ္းေျမာက္ နဲ႔ RCSS ရွမ္းေတာင္တပ္ဖဲြ႔ေတြ အၾကားျဖစ္ပြားတဲ့ တုိက္ပဲြေတြဟာ ရွမ္းျပည္နယ္ သီေပါ၊ ေက်ာက္မဲ၊ မိုင္းကိုင္နဲ႔ လဲခ်ားၿမိဳ႔နယ္အတြင္းကေန ရပ္ေစာက္ၿမိဳ႔နယ္ဘက္အထိ က်ယ္ျပန္႔လာေနတာပါ။

ၿပီးခဲ့တဲ့ အဂၤါေန႔နဲ႔ ဗုဒၶဟူးေန႔ကေတာ့ ရပ္ေစာက္ၿမိဳ႔နယ္ ေနာင္၀ိုး၊ ေက်ာက္ဂူရြာေတြမွာ တိုက္ပဲြေတြ ျပင္းထန္ခဲ့သလို ေဒသခံအခ်ိဳ႔ဟာလည္း တုိက္ပဲြျဖစ္တဲ့ ေက်ာက္ဂူရြာမွာ ပိတ္မိေနခဲ့ပါတယ္။

ၾကာသာပေတးေန႔မွာေတာ့ ပိတ္မိေနသူ အေတာ္မ်ားမ်ားဟာ တိုက္ပဲြျဖစ္ပြားရာေဒသက ထြက္ခြာလာ ႏိုင္ေၾကာင္း ရပ္ေစာက္ေဒသခံ တစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ အေျခအေနကေတာ့ ဒီေန႔ေတာ့ ၿငိမ္ေနတယ္ဗ်။ တခ်ိဳ႔ေတြေတာ့ ထြက္လာၿပီဗ်။ ေတာ္ေတာ္မ်ားမ်ားေတာ့ ထြက္လာတာေတြ႔တယ္။ မေန႔က က်ေနာ္ေမးေတာ့ သူတို႔လည္း လမ္းပြင့္ရင္ေတာ့ ျပန္လာမယ္လို႔ေျပာတယ္။ အဲဒါ ေတာ္မ်ားမ်ား ထြက္လာတာေတာ့ ေတြ႔တယ္။”

SSPP က ေျပာေရးဆိုခြင့္ရွိွသူ ဗိုလ္မွဴးစိုင္းဖုန္းဟန္က ဗုဒၶဟူးေန႔က ျဖစ္တဲ့ တုိက္ပဲြမွာေတာ့ စစ္ေကာင္စီက ႏွစ္ဘက္တုိက္ပဲြအၾကား ေလယာဥ္နဲ႔ လာေရာက္ တိုက္ခိုက္တာရွိေၾကာင္း ေျပာပါတယ္။

“ ၈ ရက္၊ ၉ ရက္က RCSS နဲ႔ က်ေနာ္တုိ႔ အဖဲြ႔နဲ႔ တုိက္ပဲြျဖစ္တဲ့အေျခအေနေတာ့ ရိွပါတယ္။ ၉ ရက္ေန႔က ေက်ာက္ဂူမွာ ျဖစ္တယ္ဗ်။ ၉ နာရီခဲြ၊ ၁၀ နာရီကေနၿပီးေတာ့ ပစ္လုိက္၊ ရပ္လိုက္နဲ႔ ညေနအထိ ေရာက္သြားတယ္ဗ်။ ၆ နာရီ မတ္တင္းေလာက္က် စကစ ဂ်က္ေလယာဥ္ ႏွစ္စီးနဲ႔ လာၿပီးေတာ့ ဗံုးၾကဲသြားတယ္။ ဂ်က္ေလယာဥ္ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး က်ေနာ္ေျပာလိုတာက က်ေနာ္တုိ႔ဘက္က တပ္သားႏွစ္ေယာက္ ဒဏ္ရာရပါတယ္။ ”

ဒီတိုက္ပဲြအတြင္း SSPP ဘက္က လက္နက္ခဲယမ္းအမ်ားအျပားနဲ႔ စစ္သံု႔ပန္း ၂၀ေလာက္ ဖမ္းဆီးရခဲ့ေၾကာင္း၊ သံု႔ပန္းေတြကို ျပန္လႊတ္မွာျဖစ္ေၾကာင္းလည္း ဗိုလ္မွဴးစိုင္းဖုန္းဟန္က ဆက္ေျပာပါတယ္။

“ ေျပာမယ္ဆုိရင္ေတာ့ RCSS က အထိအခိုက္မ်ားမယ္လို႔ က်ေနာ္တုိ႔ ေျပာလုိ႔ ရတယ္။ လက္နက္ဆိုရင္ လက္နက္ငယ္ ၃၀ေက်ာ္ရတာေပါ့။ လက္နက္ၾကီးဆုိရင္ ၇ လက္ေလာက္ရတာကို။ စစ္သံု႔ပန္းေတြက အေယာက္ ၂၀ထက္မနည္းရတာေလ။ စစ္သံု႔ပန္းေပၚလစီတိုင္း ေကာင္းေကာင္းမြန္မြန္ျပဳစု၊ က်န္းမာေရးေစာင့္ေရွာက္မႈ အျပည့္အ၀ တာ၀န္ယူ၊ တာ၀န္ခံလုပ္ပါတယ္။ ၿပီးေတာ့မွ သူတို႔ရဲ့ စိတ္သေဘာ ဆႏၵအတိုင္း ဒါကို က်ေနာ္တုိ႔ ေကာက္ၿပီးမွ ဆက္လက္ေဆာင္ရြက္ဖို႔ ရိွပါတယ္။”

RCSS ဘက္က အဆံုးအရႈံးမ်ားေၾကာင္း SSPP ဘက္က ေျပာဆုိေပမဲ့ RCSS ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး ခမ္းစံကေတာ့ စစ္ေျမျပင္ အေျခအေနအေသးစိတ္ကိုေတာ့ မသိရေသးေၾကာင္း ေျပာပါတယ္။

“ ေက်ာက္ဂူ၊ အင္ေတာ တခြင္ေပါ့ အဲဒီေနရာမွာ တိုက္ပဲြျပင္းထန္တယ္ခင္ဗ်။ ဒီ SSPP နဲ႔ သူတို႔ အေပါင္းပါေတြက အင္အား ေထာင္ခ်ီနဲ႔ ထိုးစစ္ဆင္လာတယ္ခင္ဗ်။ တစ္ေနကုန္တိုက္ပဲြျဖစ္တယ္ခင္ဗ်။ ေနာက္ ေန႔လည္ပိုင္းနဲ႔ ညေနပိုင္းမွာ စကစဘက္က ေလယာဥ္နဲ႔ လာပစ္တယ္ခင္ဗ်။ ဒီ စစ္မ်က္ႏွာ ႏွစ္ခုၾကားထဲမွာ ဗံုး လာခ်တယ္ခင္ဗ်။ စစ္ေျမျပင္သတင္းအေသးစိတ္က်ေတာ့ မသိရဘူးခင္ဗ်။ ”

လက္ရိွမွာလည္း ႏွစ္ဘက္တပ္ေတြအၾကား စစ္ေရးတင္းမာမႈေတြျမင့္တက္ေနတာေၾကာင့္ တိုက္ပဲြျဖစ္ပြားရာနဲ႔ အနီးအနားက ေဒသခံေတြ ေထာင္နဲ႔ခ်ီၿပီး တိမ္းေရွာင္ေနရေၾကာင္း ရွမ္းျပည္နယ္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့လေတြအတြင္းက မိုင္းကိုင္ၿမိဳ႔နယ္အတြင္း ျဖစ္ပြားတဲ့တုိက္ပဲြေၾကာင့္ ေဒသခံ ၄,၀၀၀ ေက်ာ္ ေနရပ္စြန္႔ခြာတိမ္းေရွာင္ခဲ့ရသလို ေက်ာက္မဲနဲ႔ သီေပါၿမိဳ႔နယ္တြင္းတုိက္ပဲြေၾကာင့္လည္း ေဒသခံ ၂,၀၀၀ ေက်ာ္ေလာက္ တိမ္းေရွာင္ခဲ့ရပါတယ္။

ရွမ္းလက္နက္ကိုင္ တပ္ႏွစ္တပ္အၾကား စစ္ေရးပဋိပကၡေတြကို ေဆြးေႏြးေျဖရွင္းဖို႔အတြက္ ရွမ္းသံဃာေတာ္ေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ ေဒသခံေတြက အစဥ္တစိုက္တာင္းဆိုတာေတြ ရွိေပမယ့္ အခုခ်ိန္ထိေတာ့ တိုက္ပဲြေတြ မရပ္ဆိုင္းႏိုင္ေသးပါဘူး။

= = = = = = = = = = = = = =

တိုက္႐ိုက္ လင့္ခ္

{ UNICODE }

ရှမ်း ၂ ဖွဲ့တိုက်ပွဲကြား ပိတ်မိနေသူတွေ ပြန်လည်လွတ်မြောက်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ကြာသာပတေးနေ့က ငြိမ်သက်နေခဲ့ပြီး တိုက်ပွဲဖြစ်ရာ ဒေသအတွင်း ပိတ်မိနေသူ အတော်များများ ပြန်လည် ထွက်ခွာလာနိုင်ပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီက လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်တာ ရှိခဲ့သလို SSPP ရှမ်းမြောက်တပ်ဖွဲ့က RCSS ရှမ်းတောင် တပ်ဖွဲ့က သုံ့ပန်း ၂၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲအခြေအနေ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုရဲမွန်က ပြောပြပါမယ်။

ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ SSPP ရှမ်းမြောက် နဲ့ RCSS ရှမ်းတောင်တပ်ဖွဲ့တွေ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်နဲ့ လဲချားမြို့နယ်အတွင်းကနေ ရပ်စောက်မြို့နယ်ဘက်အထိ ကျယ်ပြန့်လာနေတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ကတော့ ရပ်စောက်မြို့နယ် နောင်ဝိုး၊ ကျောက်ဂူရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဒေသခံအချို့ဟာလည်း တိုက်ပွဲဖြစ်တဲ့ ကျောက်ဂူရွာမှာ ပိတ်မိနေခဲ့ပါတယ်။

ကြာသာပတေးနေ့မှာတော့ ပိတ်မိနေသူ အတော်များများဟာ တိုက်ပွဲဖြစ်ပွားရာဒေသက ထွက်ခွာလာ နိုင်ကြောင်း ရပ်စောက်ဒေသခံ တစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ အခြေအနေကတော့ ဒီနေ့တော့ ငြိမ်နေတယ်ဗျ။ တချို့တွေတော့ ထွက်လာပြီဗျ။ တော်တော်များများတော့ ထွက်လာတာတွေ့တယ်။ မနေ့က ကျနော်မေးတော့ သူတို့လည်း လမ်းပွင့်ရင်တော့ ပြန်လာမယ်လို့ပြောတယ်။ အဲဒါ တော်များများ ထွက်လာတာတော့ တွေ့တယ်။”

SSPP က ပြောရေးဆိုခွင့်ရှှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဗုဒ္ဓဟူးနေ့က ဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီက နှစ်ဘက်တိုက်ပွဲအကြား လေယာဉ်နဲ့ လာရောက် တိုက်ခိုက်တာရှိကြောင်း ပြောပါတယ်။

“ ၈ ရက်၊ ၉ ရက်က RCSS နဲ့ ကျနော်တို့ အဖွဲ့နဲ့ တိုက်ပွဲဖြစ်တဲ့အခြေအနေတော့ ရှိပါတယ်။ ၉ ရက်နေ့က ကျောက်ဂူမှာ ဖြစ်တယ်ဗျ။ ၉ နာရီခွဲ၊ ၁၀ နာရီကနေပြီးတော့ ပစ်လိုက်၊ ရပ်လိုက်နဲ့ ညနေအထိ ရောက်သွားတယ်ဗျ။ ၆ နာရီ မတ်တင်းလောက်ကျ စကစ ဂျက်လေယာဉ် နှစ်စီးနဲ့ လာပြီးတော့ ဗုံးကြဲသွားတယ်။ ဂျက်လေယာဉ် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကျနော်ပြောလိုတာက ကျနော်တို့ဘက်က တပ်သားနှစ်ယောက် ဒဏ်ရာရပါတယ်။ ”

ဒီတိုက်ပွဲအတွင်း SSPP ဘက်က လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း ၂၀လောက် ဖမ်းဆီးရခဲ့ကြောင်း၊ သုံ့ပန်းတွေကို ပြန်လွှတ်မှာဖြစ်ကြောင်းလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆက်ပြောပါတယ်။

“ ပြောမယ်ဆိုရင်တော့ RCSS က အထိအခိုက်များမယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။ လက်နက်ဆိုရင် လက်နက်ငယ် ၃၀ကျော်ရတာပေါ့။ လက်နက်ကြီးဆိုရင် ၇ လက်လောက်ရတာကို။ စစ်သုံ့ပန်းတွေက အယောက် ၂၀ထက်မနည်းရတာလေ။ စစ်သုံ့ပန်းပေါ်လစီတိုင်း ကောင်းကောင်းမွန်မွန်ပြုစု၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ တာဝန်ယူ၊ တာဝန်ခံလုပ်ပါတယ်။ ပြီးတော့မှ သူတို့ရဲ့ စိတ်သဘော ဆန္ဒအတိုင်း ဒါကို ကျနော်တို့ ကောက်ပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်။”

RCSS ဘက်က အဆုံးအရှုံးများကြောင်း SSPP ဘက်က ပြောဆိုပေမဲ့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံကတော့ စစ်မြေပြင် အခြေအနေအသေးစိတ်ကိုတော့ မသိရသေးကြောင်း ပြောပါတယ်။

“ ကျောက်ဂူ၊ အင်တော တခွင်ပေါ့ အဲဒီနေရာမှာ တိုက်ပွဲပြင်းထန်တယ်ခင်ဗျ။ ဒီ SSPP နဲ့ သူတို့ အပေါင်းပါတွေက အင်အား ထောင်ချီနဲ့ ထိုးစစ်ဆင်လာတယ်ခင်ဗျ။ တစ်နေကုန်တိုက်ပွဲဖြစ်တယ်ခင်ဗျ။ နောက် နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ စကစဘက်က လေယာဉ်နဲ့ လာပစ်တယ်ခင်ဗျ။ ဒီ စစ်မျက်နှာ နှစ်ခုကြားထဲမှာ ဗုံး လာချတယ်ခင်ဗျ။ စစ်မြေပြင်သတင်းအသေးစိတ်ကျတော့ မသိရဘူးခင်ဗျ။ ”

လက်ရှိမှာလည်း နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေမြင့်တက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာနဲ့ အနီးအနားက ဒေသခံတွေ ထောင်နဲ့ချီပြီး တိမ်းရှောင်နေရကြောင်း ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းက မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသလို ကျောက်မဲနဲ့ သီပေါမြို့နယ်တွင်းတိုက်ပွဲကြောင့်လည်း ဒေသခံ ၂,၀၀၀ ကျော်လောက် တိမ်းရှောင်ခဲ့ရပါတယ်။

ရှမ်းလက်နက်ကိုင် တပ်နှစ်တပ်အကြား စစ်ရေးပဋိပက္ခတွေကို ဆွေးနွေးဖြေရှင်းဖို့အတွက် ရှမ်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေက အစဉ်တစိုက်တာင်းဆိုတာတွေ ရှိပေမယ့် အခုချိန်ထိတော့ တိုက်ပွဲတွေ မရပ်ဆိုင်းနိုင်သေးပါဘူး။

XS
SM
MD
LG