သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးအရေဆြးေႏြးအေျဖရွာဖို႔ RCSS လိုလား


ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA သတင္းစာရွင္းလင္းပြဲတခု (၁၅၊၉၊၂၀၁၅) (ဓာတ္ပံု - VOA)

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြျပန္စႏိုင္ဖို႔ တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔ႏိုင္ငံေရးေဆြးေႏြးမႈေတြလုပ္သြားမယ္လို႔ ျမန္မာစစ္ေကာင္စီက ေျပာဆိုကမ္းလွမ္းေနမႈအေပၚ ႀကိဳဆိုတယ္လို႔ ရွမ္းျပည္ေတာင္ပိုင္းလက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ေျပာပါတယ္။ ႏိုင္ငံေရးေဆြးေႏြးမႈေတြျဖစ္လာေရး RCSS အေနနဲ႔ ဘယ္လိုသေဘာထားရွိလဲဆိုတာ စုံစမ္းေမးျမန္းထားတာကို ကိုေက်ာ္ေက်ာ္သိန္းေျပာျပပါမယ္။

ထိုင္း-ျမန္မာနယ္စပ္က အင္အားႀကီး လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္တဲ့ ရွမ္းျပည္ေတာင္ပိုင္းလက္နက္ကိုင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ရဲ႕ ႏိုင္ငံေရးေဆြးေႏြးျခင္း ဖိတ္ေခၚခ်က္ဟာ လက္ရွိ အေထြေထြႏိုင္ငံေရးအက်ပ္အတည္း ေျဖရွင္းႏိုင္ေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးကို ရည္မွန္းပါက ႀကိဳဆိုတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ RCSS ရဲ႕ ၂၂ ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အစည္းအေဝးနဲ႔ တတိယအႀကိမ္ေျမာက္ ေကာင္စီကြန္ဂရက္ကို ဇန္နဝါရီလ ၁၆ ရက္ကေန ၁၇ ရက္ေန႔အထိ က်င္းပခဲ့ၿပီးေနာက္ စစ္ေကာင္စီအႀကီးအကဲရဲ႕ ဖိတ္ေခၚခ်က္ကို ႀကိဳဆိုေၾကာင္း ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကတာျဖစ္ပါတယ္။ ဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္တဲ့ သူတို႔ရဲ႕သေဘာထား ရပ္တည္ခ်က္ကို RCSS ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးခမ္းစံက VOA ကို အခုလို ေျပာပါတယ္။

“ သူ႔ရဲ႕အႏွစ္သာရက်ေတာ့ ၃ ခ်က္ရွိတယ္။ RCSS အေနနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးသာ ႏိုင္ငံေရး ေျဖရွင္းခ်က္ ျဖစ္တယ္။ ေတြ႕ဆုံေဆြးေႏြးေရးဆိုတဲ့ေနရာမွာ တစ္ဖြဲ႕ေဆြးေႏြးမယ္၊ တစ္ဖြဲ႕ မေဆြးေႏြးဘူး။ တစ္ဖြဲ႕ကို တိုက္မယ္၊ တစ္ဖြဲ႕ကို အပစ္အခတ္ရပ္မယ္ အဲလိုမ်ိဳး ဆိုလိုတာမဟုတ္ဘူး။ အားလုံး ပါဝင္ႏိုင္ေရး ကို ဆိုလိုတာျဖစ္တယ္။ ေနာက္တစ္ခုက်ေတာ့ ဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရးကို ရည္မွန္းပါက ႀကိဳဆိုသည္ဆိုတာ၊ အဲဒီ ႀကိဳဆိုတဲ့အခ်က္ဟာ သြားေဆြးေႏြးမယ္၊ သြားမေဆြးေႏြးဘူး။ အဲဒါကို ဆိုလိုတာမဟုတ္ဘူး။ စစ္တပ္ဘက္က တကယ္ေဆြးေႏြးမယ္ဆိုရင္ က်ေနာ္တို႔ ရပ္တည္ခ်က္နဲ႔ တူညီတဲ့အတြက္ ႀကိဳဆိုတာျဖစ္တယ္။ တကယ္ ေဆြးေႏြးမယ္။ အားလုံးလည္းပါဝင္မယ္။ ပြင့္လင္းျမင္သာမႈလည္းရွိမယ္။ ကန႔္သတ္မႈလည္း မရွိဘူးဆိုရင္ေတာ့ ဒါ ေဆြးေႏြးမယ္လို႔ အဓိပါၸယ္ သက္ေရာက္တယ္ ခင္ဗ်။ ”

RCSS နဲ႔ ဘယ္ေတာ့၊ ဘယ္အဆင့္နဲ႔ ေဆြးေႏြးမယ္ဆိုတာမ်ိဳး စစ္ေကာင္စီဘက္က အတိအက် ကမ္းလွမ္းတာမ်ိဳးေတာ့ မရွိေသးဘူးလို႔လည္း သူကေျပာပါတယ္။ ဒါေပမဲ့ အခု ၂၀၂၂ ခုႏွစ္ထဲမွာ ထာဝရၿငိမ္းခ်မ္းေရးကို အၿပီးသတ္ရေအာင္လုပ္သြားမယ္လို႔ စစ္ေကာင္စီက ေျပာၾကားထားသလို၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ တခါးဖြင့္ထားတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း ေျပာၾကားထားခ်ိန္မွာ ႏိုင္ငံေရးျပႆနာအေျဖရွာေရး ေဆြးေႏြးမွာကို ႀကိဳဆိုတယ္လို႔ RCSS ကဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ရွမ္းျပည္ဖြဲ႕စည္းပုံေရးဆြဲေရးအတြက္ ရွမ္းျပည္အမ်ိဳးသားညီလာခံက်င္းပမွာျဖစ္သလို ရွမ္းျပည္နယ္က အျခားတိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အပစ္အခတ္ရပ္စဲႏိုင္ဖို႔ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ကိုလည္း RCSS က ဆုံးျဖတ္ခဲ့ပါတယ္။ RCSS ရဲ႕ တတိယအႀကိမ္ ေကာင္စီကြန္ဂရက္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ႏိုင္ငံေရးေလ့လာသူ စိုင္းထြန္းေအာင္လြင္က အခုလို သုံးသပ္ထားပါတယ္။

“ စစ္တပ္ရဲ႕ ေဆြးေႏြးမႈက အားလုံး အက်ပ္အတည္းအားလုံးေျဖရွင္းေရး ဆိုတဲ့ ကိစၥမွာလည္း ေလာေလာဆယ္က အခက္အခဲေတာ္ေတာ္ရွိႏိုင္တဲ့ ကိစၥလို႔ေတာ့ ထင္တယ္။ တဘက္မွာလည္း သူက စစ္တပ္အခန္းက႑ကို ပစ္ပယ္ထားတာေတာ့ မဟုတ္ဘူး။ အဲေတာ့ ဘာထူးျခားတာေတြ႕ရလဲ ဆိုေတာ့ တျခားလက္နက္ကိုင္အဖြဲ႕ေတြကေတာ့၊ တခ်ိဳ႕အဖြဲ႕ေတြကေတာ့ ႏိုင္ငံေရးအစိုးရမဟုတ္တဲ့အတြက္ ႏိုင္ငံေရး အရ ေဆြးေႏြးမယ္ဆိုတဲ့ ကိစၥမ်ိဳးကို လက္တြန႔္တာတို႔၊ ေတာ္ေတာ္ေလး သတိထားတဲ့ issue ျဖစ္တဲ့အခ်ိန္မွာ သူကေတာ့ ဒါကို massage ေပးတဲ့ သေဘာမ်ိဳးျဖစ္တာေပါ့ေနာ္။ အဲေတာ့ အင္အားစုအားလုံးပါေရးဆိုတာ၊ လက္ရွိအက်ပ္အတည္းကိုလည္း ေျဖရွင္းေရးဆိုတာ နည္းနည္းေလးေတာ့ စြန႔္စား၊ Risk ယူၿပီးမွ သူ လုပ္တဲ့ statement လို႔ေတာ့ ယူဆမိပါတယ္။”

RCSS အဖြဲ႕ဟာ ရွမ္းျပည္နယ္အတြင္းက UWSA ၀ နဲ႔ PNLO ပအိုဝ္း စတဲ့ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ စစ္ေရး ပဋိပကၡျဖစ္ခဲ့ဖူးသလို လက္ရွိမွာလည္း SSPP/SSA ရွမ္းေျမာက္၊ TNLA တအန္း(ပေလာင္) စတဲ့ လက္နက္ကိုင္ ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ေနတာပါ။

ရွမ္းျပည္နယ္က အျခားတိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အပစ္အခတ္ရပ္စဲႏိုင္ဖို႔ ေတြ႕ဆုံေဆြးေႏြးသြားမွာ ျဖစ္ေၾကာင္း ဆုံးျဖတ္ထားေပမဲ့ ဒီအခ်က္ကို ေအာင္ျမင္ေအာင္ မေဆာင္႐ြက္ႏိုင္ရင္၊ ရွမ္းျပည္ဖြဲ႕စည္းပုံ ေရးဆြဲေရး အတြက္ ရွမ္းျပည္ အမ်ိဳးသားညီလာခံက်င္းပရာမွာ အဖြဲ႕အစည္း စုံစုံလင္လင္တက္ေရာက္ေရး ဟာလည္း အကန႔္အသတ္ေတြ ရွိႏိုင္ေၾကာင္း သုံးသပ္တာေတြ ရွိေနပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕ရဲ႕ ၂၂ ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အစည္းအေဝးနဲ႔ တတိယအႀကိမ္ ေကာင္စီကြန္ဂရက္ကို ကိုယ္စားလွယ္ ၂၄၅ ဦးတက္ေရာက္ခဲ့ၿပီး ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြတ္ဆစ္ ဦးေဆာင္တဲ့ ၂၁ ဦးပါ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီကို ျပန္လည္ေ႐ြးျခယ္ခဲ့ပါတယ္။

RCSS ဟာ ၂၀၁၅ခုႏွစ္က တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၇ဖြဲ႕နဲ႔အတူ လက္မွတ္ေရးထိုးခဲ့တဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

......................................................................................

ႏိုင္ငံေရးအရေဆြးေႏြးအေျဖရွာဖို႔ RCSS လိုလား
please wait

No media source currently available

0:00 0:04:10 0:00
တိုက္႐ိုက္ လင့္ခ္


နိုင်ငံရေးအရဆွေးနွေးအဖြေရှာဖို့ RCSS လိုလား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြန်စနိုင်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့နိုင်ငံရေးဆွေးနွေးမှုတွေလုပ်သွားမယ်လို့ မြန်မာစစ်ကောင်စီက ပြောဆိုကမ်းလှမ်းနေမှုအပေါ် ကြိုဆိုတယ်လို့ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်လာရေး RCSS အနေနဲ့ ဘယ်လိုသဘောထားရှိလဲဆိုတာ စုံစမ်းမေးမြန်းထားတာကို ကိုကျော်ကျော်သိန်းပြောပြပါမယ်။

ထိုင်း-မြန်မာနယ်စပ်က အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်ဟာ လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ရည်မှန်းပါက ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။ RCSS ရဲ့ ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနဲ့ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို ဇန်နဝါရီလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် စစ်ကောင်စီအကြီးအကဲရဲ့ ဖိတ်ခေါ်ချက်ကို ကြိုဆိုကြောင်း ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ သူတို့ရဲ့သဘောထား ရပ်တည်ချက်ကို RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးခမ်းစံက VOA ကို အခုလို ပြောပါတယ်။

“ သူ့ရဲ့အနှစ်သာရကျတော့ ၃ ချက်ရှိတယ်။ RCSS အနေနဲ့ တွေ့ဆုံဆွေးနွေးရေးသာ နိုင်ငံရေး ဖြေရှင်းချက် ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာ တစ်ဖွဲ့ဆွေးနွေးမယ်၊ တစ်ဖွဲ့ မဆွေးနွေးဘူး။ တစ်ဖွဲ့ကို တိုက်မယ်၊ တစ်ဖွဲ့ကို အပစ်အခတ်ရပ်မယ် အဲလိုမျိုး ဆိုလိုတာမဟုတ်ဘူး။ အားလုံး ပါဝင်နိုင်ရေး ကို ဆိုလိုတာဖြစ်တယ်။ နောက်တစ်ခုကျတော့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းပါက ကြိုဆိုသည်ဆိုတာ၊ အဲဒီ ကြိုဆိုတဲ့အချက်ဟာ သွားဆွေးနွေးမယ်၊ သွားမဆွေးနွေးဘူး။ အဲဒါကို ဆိုလိုတာမဟုတ်ဘူး။ စစ်တပ်ဘက်က တကယ်ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ ရပ်တည်ချက်နဲ့ တူညီတဲ့အတွက် ကြိုဆိုတာဖြစ်တယ်။ တကယ် ဆွေးနွေးမယ်။ အားလုံးလည်းပါဝင်မယ်။ ပွင့်လင်းမြင်သာမှုလည်းရှိမယ်။ ကန့်သတ်မှုလည်း မရှိဘူးဆိုရင်တော့ ဒါ ဆွေးနွေးမယ်လို့ အဓိပါ္ပယ် သက်ရောက်တယ် ခင်ဗျ။ ”

RCSS နဲ့ ဘယ်တော့၊ ဘယ်အဆင့်နဲ့ ဆွေးနွေးမယ်ဆိုတာမျိုး စစ်ကောင်စီဘက်က အတိအကျ ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘူးလို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ အခု ၂၀၂၂ ခုနှစ်ထဲမှာ ထာဝရငြိမ်းချမ်းရေးကို အပြီးသတ်ရအောင်လုပ်သွားမယ်လို့ စစ်ကောင်စီက ပြောကြားထားသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တခါးဖွင့်ထားတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြောကြားထားချိန်မှာ နိုင်ငံရေးပြဿနာအဖြေရှာရေး ဆွေးနွေးမှာကို ကြိုဆိုတယ်လို့ RCSS ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးအတွက် ရှမ်းပြည်အမျိုးသားညီလာခံကျင်းပမှာဖြစ်သလို ရှမ်းပြည်နယ်က အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့ တွေ့ဆုံဆွေးနွေးသွားဖို့ကိုလည်း RCSS က ဆုံးဖြတ်ခဲ့ပါတယ်။ RCSS ရဲ့ တတိယအကြိမ် ကောင်စီကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က အခုလို သုံးသပ်ထားပါတယ်။

“ စစ်တပ်ရဲ့ ဆွေးနွေးမှုက အားလုံး အကျပ်အတည်းအားလုံးဖြေရှင်းရေး ဆိုတဲ့ ကိစ္စမှာလည်း လောလောဆယ်က အခက်အခဲတော်တော်ရှိနိုင်တဲ့ ကိစ္စလို့တော့ ထင်တယ်။ တဘက်မှာလည်း သူက စစ်တပ်အခန်းကဏ္ဍကို ပစ်ပယ်ထားတာတော့ မဟုတ်ဘူး။ အဲတော့ ဘာထူးခြားတာတွေ့ရလဲ ဆိုတော့ တခြားလက်နက်ကိုင်အဖွဲ့တွေကတော့၊ တချို့အဖွဲ့တွေကတော့ နိုင်ငံရေးအစိုးရမဟုတ်တဲ့အတွက် နိုင်ငံရေး အရ ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စမျိုးကို လက်တွန့်တာတို့၊ တော်တော်လေး သတိထားတဲ့ issue ဖြစ်တဲ့အချိန်မှာ သူကတော့ ဒါကို massage ပေးတဲ့ သဘောမျိုးဖြစ်တာပေါ့နော်။ အဲတော့ အင်အားစုအားလုံးပါရေးဆိုတာ၊ လက်ရှိအကျပ်အတည်းကိုလည်း ဖြေရှင်းရေးဆိုတာ နည်းနည်းလေးတော့ စွန့်စား၊ Risk ယူပြီးမှ သူ လုပ်တဲ့ statement လို့တော့ ယူဆမိပါတယ်။”

RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်အတွင်းက UWSA ၀ နဲ့ PNLO ပအိုဝ်း စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေး ပဋိပက္ခဖြစ်ခဲ့ဖူးသလို လက်ရှိမှာလည်း SSPP/SSA ရှမ်းမြောက်၊ TNLA တအန်း(ပလောင်) စတဲ့ လက်နက်ကိုင် တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

ရှမ်းပြည်နယ်က အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ထားပေမဲ့ ဒီအချက်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်ရင်၊ ရှမ်းပြည်ဖွဲ့စည်းပုံ ရေးဆွဲရေး အတွက် ရှမ်းပြည် အမျိုးသားညီလာခံကျင်းပရာမှာ အဖွဲ့အစည်း စုံစုံလင်လင်တက်ရောက်ရေး ဟာလည်း အကန့်အသတ်တွေ ရှိနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ရဲ့ ၂၂ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနဲ့ တတိယအကြိမ် ကောင်စီကွန်ဂရက်ကို ကိုယ်စားလှယ် ၂၄၅ ဦးတက်ရောက်ခဲ့ပြီး ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ဦးဆောင်တဲ့ ၂၁ ဦးပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပြန်လည်ရွေးခြယ်ခဲ့ပါတယ်။

RCSS ဟာ ၂၀၁၅ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နဲ့အတူ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG