သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးရောက် Sam Rainsy ကို ကမ္ဘောဒီယားတရားရုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy

[[ ZAWGYI / UNICODE ]]

အဝေးရောက် Sam Rainsy ကို ကမ္ဘောဒီယားတရားရုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy နဲ့ အခြား အတိုက်အခံတက်ကြွလှုပ်ရှားသူ ၂၀ ကို နိုင်ငံတော်သစ္စာဖောက်မှုအပြင် တခြားစွဲချက်တွေနဲ့ပါ ကမ္ဘောဒီးယား တရားရုံးက ကြာသပတေးနေ့မှာ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဖနွမ်ပင်မှာရှိတဲ့ တရားရုံးက အတိုက်အခံခေါင်းဆောင် Sam Rainsy နဲ့ ပြည်ပမှာရောက်နေတဲ့ တခြား ခေါင်းဆောင် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

Sam Rainsy ဟာ ဝန်ကြီးချုပ် ဟွန်ဆန်ကို ဆန့်ကျင်ဝေဖန်သူတဦး ဖြစ်ပြီး ၊ ဖျက်သိမ်းခံထားရတဲ့ Cambodia National Rescue Party (CNRP) ကို ပူးတွဲ တည်ထောင်သူဖြစ်သလို၊ ၂၀၁၆ ခုနှစ်ကတည်းက ပြည်ပမှာ နေထိုင်နေတာဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် Sam Rainsy ဟာ ၂၀၁၉ တုန်းက ကမ္ဘောဒီးယားနိုင်ငံကို ပြန်ဖို့ ကြိုးပမ်းခဲ့ပေမယ့်၊ ဟွန်ဆန်ရဲ့အစိုးရက ပိတ်ပင်ခဲ့တာပါ။ အခု တရားစွဲတဲ့ အမှုတွေဟာလည်း အဲဒီခရီးစဉ်နဲ့ ဆက်စပ်ပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကတော့ တရားစွဲဆို အပြစ်ပေးခံရတဲ့ သူတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိတဲ့အတွက် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှု မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဟွန်ဆန်က နိုင်ငံရေးအတိုက်အခံတွေကို ဘေးရောက်သွားအောင် ပထုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း HRW အဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = =

{{ UNICODE }}







XS
SM
MD
LG