သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စကၤာပူနဲ႔ အေမရိကန္သမၼတ ျမန္မာနဲ႔ ႏုိင္ငံတကာအေရး ေဆြးေႏြးမည္


Biden ASEAN

[[ ZAWGYI / UNICODE ]]

စကၤာပူနဲ႔ အေမရိကန္သမၼတ ျမန္မာနဲ႔ ႏုိင္ငံတကာအေရး ေဆြးေႏြးမည္

စကၤာပူ၀န္ႀကီးခ်ဳပ္ Lee Hsien Loong ဟာ ေရွ႕သီတင္းပတ္ထဲ အေမရိကန္ သမၼတဂ်ိဳးဘုိင္ဒင္နဲ႔ အိမ္ျဖဴေတာ္မွာ လာေရာက္ေတြ့ဆုံမွာျဖစ္ၿပီး၊ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဳးေက်ာ္မႈနဲ႔ ျမန္မာ့အေရး အပါအ၀င္ ႏုိင္ငံတကာနဲ႔ ေဒသတြင္း ကိစၥေတြကုိ ေဆြးေႏြးမွာျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ေျပာပါတယ္။

ေခါင္းေဆာင္ႏွစ္ဦး ေတြ့ဆံုစဥ္မွာ ျမန္မာႏုိင္ငံက အေျခအေနေတြကုိပါ ထည့္သြင္းေဆြးေႏြၾကမွာျဖစ္သလုိ၊ အျငင္းပြားေနတဲ့ ပင္လယ္ျပင္ထဲမွာ တရုတ္နယ္ေျမ ပုိမုိခ်ဲ႕ထြင္လာေနတာကုိ ျပန္လည္ တု႔ံျပန္ဖုိ႔ အေမရိကန္က ဦးေဆာင္ျပဳလုပ္ေနတဲ့ကိစၥနဲ႔ ပစိဖိတ္သမုဒၵရာထဲက ႏုိင္ငံတကာ ပင္လယ္ေရေၾကာင္း ကိစၥေတြကုိလည္း ေဆြးေႏြးသြားမွာျဖစ္တယ္လုိ့ အိမ္ျဖဴေတာ္ေျပာခြင့္ရပုဂၢိဳလ္ Jen Psaki က ေသာၾကာေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္တာပါ။

ဒါ့အျပင္ စကၤာပူနဲ႔ အေမရိကန္ျပည္ေထာင္စုတုိ႔ရဲ႕ မဟာဗ်ဴဟာေျမာက္ မဟာမိတ္ျဖစ္မႈရဲ႕ အေရးပါမႈကုိ ထပ္မံ အတည္ျပဳမွာျဖစ္ၿပီး ၊ အင္ဒုိပစိဖိတ္ေဒသ လြတ္လပ္မႈနဲ႔ ပြင့္လင္းမႈ အေျခအေနေတြကုိလည္း သုံးသပ္သြားဖုိ႔ရွိပါတယ္။

ရုရွားရဲ့ ယူကရိန္းအေပၚမတရား က်ဴးေက်ာ္မႈကုိလည္း ေဆြးေႏြးသြားဖုိ႔ ရွိသလုိ စဥ္ဆက္မျပတ္ကုန္ပစၥည္း တင္ပုိ့မႈလမ္းေၾကာင္းနဲ႔ ရာသီဥတုေျပာင္းလဲမႈဆုိင္ရာ ကိစၥေတြကုိလည္း ေဆြးေႏြးဖုိ့ရွိတယ္လုိ႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ အမ်ိဳးသမီး Jen Psaki က ေျပာဆုိပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖၚ၀ါရီလတုန္းက ယူကရိန္းကုိ က်ဴးေက်ာ္တဲ့ရုရွားအေပၚေ အေနာက္ႏုိင္ငံေတြနဲ႔ လက္တဲြၿပီး ငြေၾကးဆုိင္ရာ ပိတ္ဆုိ႔မႈ အပါအ၀င္ ဒဏ္ခတ္အေရးယူမႈေတြကုိ စကၤာပူက ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = =

{{ UNICODE }}

စင်္ကာပူနဲ့ အမေရိကန်သမ္မတ မြန်မာနဲ့ နိုင်ငံတကာအရေး ဆွေးနွေးမည်

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဟာ ရှေ့သီတင်းပတ်ထဲ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံမှာဖြစ်ပြီး၊ ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်မှုနဲ့ မြန်မာ့အရေး အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံက အခြေအနေတွေကိုပါ ထည့်သွင်းဆွေးနွေကြမှာဖြစ်သလို၊ အငြင်းပွားနေတဲ့ ပင်လယ်ပြင်ထဲမှာ တရုတ်နယ်မြေ ပိုမိုချဲ့ထွင်လာနေတာကို ပြန်လည် တုံ့ပြန်ဖို့ အမေရိကန်က ဦးဆောင်ပြုလုပ်နေတဲ့ကိစ္စနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံတကာ ပင်လယ်ရေကြောင်း ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဒါ့အပြင် စင်္ကာပူနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖြစ်မှုရဲ့ အရေးပါမှုကို ထပ်မံ အတည်ပြုမှာဖြစ်ပြီး ၊ အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်မှုနဲ့ ပွင့်လင်းမှု အခြေအနေတွေကိုလည်း သုံးသပ်သွားဖို့ရှိပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ်မတရား ကျူးကျော်မှုကိုလည်း ဆွေးနွေးသွားဖို့ ရှိသလို စဉ်ဆက်မပြတ်ကုန်ပစ္စည်း တင်ပို့မှုလမ်းကြောင်းနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Jen Psaki က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ယူကရိန်းကို ကျူးကျော်တဲ့ရုရှားအပေါ်ေ အနောက်နိုင်ငံတွေနဲ့ လက်တွဲပြီး ငွကြေးဆိုင်ရာ ပိတ်ဆို့မှု အပါအဝင် ဒဏ်ခတ်အရေးယူမှုတွေကို စင်္ကာပူက ကြေညာခဲ့ပါတယ်။

XS
SM
MD
LG