သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သီရိလကၤာရဲ႕ ဆႏၵျပ သၾကၤန္


[[ ZAWGYI / UNICODE ]]

သီရိလကၤာရဲ႕ ဆႏၵျပ သၾကၤန္

သီရိလကၤာႏုိင္ငံမွာ Sinhala and Tamil စင္ဟာလာနဲ႔ တမီလ္ ႏွစ္သစ္ကူး သႀကၤန္ကာလမွာ ရုိးရာအစဥ္အလာအတုိင္း ႏြားႏုိ႔ဆန္ျပဳတ္ ႀကိဳခ်က္တုိက္ေကၽြးတာကုိ ေရႊ၀ါေရာင္သကၤန္း ဆင္ျမန္းထားတဲ့ ဗုဒၶဘာသာ ရဟန္းေတြက ၾကာသပေတးေန႔ သမၼတအတြင္း၀န္ရုံးေရွ႕မွာ ျပဳလုပ္ခဲ့ၾကၿပီး သမၼတ ႏႈတ္ထြက္ေပးဖုိ႔ ေတာင္းဆုိ ဆႏၵျပခဲ့ၾကပါတယ္။

အစဥ္အလာအားျဖင့္ ႏြားႏ႔ုိဆန္ျပဳတ္ ႀကိဳခ်က္တာဟာ ႏွစ္သစ္ကုိ ႀကိဳဆုိတဲ့အေနနဲ႔ အိမ္ေတြမွာႀကိဳခ်က္ တုိက္ေကၽြးေလ့ရွိေပမယ့္၊ စီးပြားေရး အၾကပ္အတည္းေၾကာင့္ ဆႏၵျပေနတဲ့ သီရိလၤကာႏုိင္ငံမွာ သမၼတ Gotabaya Rajapaksa ႏႈတ္ထြက္ေပးဖုိ႔ ဆႏၵျပနည္းလမ္းသစ္ တခုအျဖစ္ အသုံးျပဳၿပီး အခုလုိ ႏွစ္သစ္ကူးကာလမွာ ဆႏၵျပခဲ့တာပါ။

“ႏွစ္သစ္ကူးပဲြကုိ လမ္းေပၚက သူေတာင္းစားေတြလုိ ဆင္ႏႊဲေနရတာ၊ ဒါဟာ သမုိင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ဒီလုိျဖစ္ရတာဟာ က်ေနာ္တုိ႔ ကုိယ္တုိင္ ေရြးေကာက္ တင္ေျမွာက္ခဲ့တဲ့ သမၼတ ေၾကာင့္ပဲျဖစ္ပါတယ္။” လုိ႔ ႏြားႏုိႀကိဳခ်က္ ဆႏၵျပပဲြကို ဦးေဆာင္ျပဳလုပ္ခဲ့တဲ့ ဘုန္းေတာ္ႀကီး Welivitiya Chandrasri ကေျပာဆုိ ခဲ့ပါတယ္။

ႏြားႏုိ့ဆန္ျပဳတ္ႀကိဳခ်က္ၿပီးေနာက္ ခရစ္ယာန္၊ ဗုဒၶဘာသာနဲ႔ မြတ္ဆလင္ေတြပါ၀င္တဲ့ ဆႏၵျပသူေတြဟာ ေၾကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကပါတယ္။

သီရိလကၤာႏုိင္ငံမွာ ၁၉၄၈ ခုႏွစ္ကတည္းကေန အဆုိးဆုံးေငြေၾကးဆုိင္ရာအၾကပ္အတည္းႀကဳံေနရပါတယ္။ ႏုိင္ငံျခား အရံေငြ မလုံမေလာက္ျဖစ္ကာ ေလာင္စာဆီနဲ႔ေဆး၀ါး တင္သြင္းမွုေတြရပ္ဆုိင္းၿပီး၊ ေထာင္နဲ့ခ်ီတဲ့ျပည္သူေတြဟာ လမ္းေတြေပၚတက္ၿပီး အစိုးရႏႈတ္ထြက္ေပးဖုိ့ ေတာင္းဆုိေနၾကပါတယ္။

==================

{{ UNICODE }}

သီရိလင်္ကာရဲ့ ဆန္ဒပြ သင်္ကြန်

သီရိလင်္ကာနိုင်ငံမှာ Sinhala and Tamil စင်ဟာလာနဲ့ တမီလ် နှစ်သစ်ကူး သင်္ကြန်ကာလမှာ ရိုးရာအစဉ်အလာအတိုင်း နွားနို့ဆန်ပြုတ် ကြိုချက်တိုက်ကျွေးတာကို ရွှေဝါရောင်သင်္ကန်း ဆင်မြန်းထားတဲ့ ဗုဒ္ဓဘာသာ ရဟန်းတွေက ကြာသပတေးနေ့ သမ္မတအတွင်းဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပြီး သမ္မတ နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အစဉ်အလာအားဖြင့် နွားန့ိုဆန်ပြုတ် ကြိုချက်တာဟာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ အိမ်တွေမှာကြိုချက် တိုက်ကျွေးလေ့ရှိပေမယ့်၊ စီးပွားရေး အကြပ်အတည်းကြောင့် ဆန္ဒပြနေတဲ့ သီရိင်္လကာနိုင်ငံမှာ သမ္မတ Gotabaya Rajapaksa နှုတ်ထွက်ပေးဖို့ ဆန္ဒပြနည်းလမ်းသစ် တခုအဖြစ် အသုံးပြုပြီး အခုလို နှစ်သစ်ကူးကာလမှာ ဆန္ဒပြခဲ့တာပါ။

“နှစ်သစ်ကူးပွဲကို လမ်းပေါ်က သူတောင်းစားတွေလို ဆင်နွှဲနေရတာ၊ ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကျနော်တို့ ကိုယ်တိုင် ရွေးကောက် တင်မြှောက်ခဲ့တဲ့ သမ္မတ ကြောင့်ပဲဖြစ်ပါတယ်။” လို့ နွားနိုကြိုချက် ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဘုန်းတော်ကြီး Welivitiya Chandrasri ကပြောဆို ခဲ့ပါတယ်။

နွားနို့ဆန်ပြုတ်ကြိုချက်ပြီးနောက် ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ၁၉၄၈ ခုနှစ်ကတည်းကနေ အဆိုးဆုံးငွေကြေးဆိုင်ရာအကြပ်အတည်းကြုံနေရပါတယ်။ နိုင်ငံခြား အရံငွေ မလုံမလောက်ဖြစ်ကာ လောင်စာဆီနဲ့ဆေးဝါး တင်သွင်းမှုတွေရပ်ဆိုင်းပြီး၊ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ လမ်းတွေပေါ်တက်ပြီး အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG