သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားရဲ႕ ႏ်ဴကလီးယားအႏၲရာယ္ ေလွ်ာ႔မတြက္ဖို႔ CIA သတိေပး


ရုရွားသမၼတ Vladimir Putin (ဘယ္)နဲ႔ ရုရွားလုံၿခဳံေရးေကာင္စီ ဒုဥကၠဌ Dmitry Medvedev (ညာ)

[[ ZAWGYI / UNICODE ]]

႐ုရွားရဲ႕ ႏ်ဴကလီးယားအႏၲရာယ္ ေလွ်ာ႔မတြက္ဖို႔ CIA သတိေပး

ရုရွားရဲ့ ႏ်ဴကလီယားလက္နက္ သံုးမယ္ဆိုတဲ့ စစ္ေရးၿခိမ္းေျခာက္မႈေတြကို အေမရိကန္ေထာက္လွမ္းေရး အရာရွိေတြ သတိထားလာၾကသလို ၊ တခ်ိဳ႕ကလည္း ယူကရိန္းစစ္ပြဲမွာ တကယ္လို႔ စိတ္ပ်က္မႈေတြနဲ႔ႀကံဳလာရရင္ ရုရွားက သူ႔ ႏ်ဴကလီယားလက္နက္တခ်ိဳ႕ ထုတ္သံုးလာမွာကို စိုးရိမ္ေၾကာင္း ထုတ္ေဖၚေျပာဆိုလာၾကပါတယ္။

ရုရွားႏိုင္ငံအေပၚ ထိမ္းခ်ဳပ္လာႏိုင္တာနဲ႔အမွ် စြန္႔စားရတာကို ပုိၿပီး သေဘာေတြ႔ေနတဲ့ သမၼတ Vladimir Putin ကို ကမာၻက ေလွ်ာ့မတြက္ၾကဖို႔ အေမရိကန္ ဗဟိုေထာက္လွမ္းေရးအဖြဲ႔ CIA အႀကီးအကဲ William Burns က ၾကာသပေတးေန႔မွာ သတိေပးလိုက္တာပါ။

လက္ရွိမွာ စစ္ေရးအရ ဆုတ္ယုတ္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ သမၼတ Putin နဲ႔ ရုရွားေခါင္းေဆာင္ေတြက စိတ္ပ်က္လာၾကမယ္ဆိုရင္ သူတုိ႔ရဲ့ မဟာဗ်ဴဟာေျမာက္ ႏ်ဴကလီယားလက္နက္ ဒါမွမဟုတ္ အေပ်ာ့စား ႏ်ဴကလီယားလက္နက္ေတြကို ထုတ္သံုးလာႏုိင္ေျခ ရွိတာေၾကာင့္ ဒီအႏၱရာယ္ကို ေလွ်ာ့မတြက္ၾကဖုိ႔ ေဂ်ာ္ဂ်ီယာ နည္းပညာတကၠသိုလ္ ေက်ာင္းသားေတြကို ေျပာၾကားတဲ့ မိန္႔ခြန္းမွာ William Burns က ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

ယူကရိန္းကို ရုရွားဝင္တုိက္ခဲ့ၿပီး ၃ ရက္အၾကာ ေဖေဖၚဝါရီ ၂၇ ရက္ေန႔မွာ ရုရွားက ပထမဆုံး အႀကိမ္အျဖစ္ ႏ်ဴကလီယားလက္နက္ဆိုင္ရာ တပ္ဖြဲ႔ေတြကို အျမင့္ဆံုးအဆင့္ တပ္လွန္႔ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ယူကရိန္းကို ရုရွားရဲ႕က်ဴးေက်ာ္မႈအတြက္ NATO က ျပင္းထန္တဲ့ သတိေပးခ်က္ေတြ ထုတ္ျပန္တာနဲ႔အတူ အေနာက္ႏုိင္ငံေတြက အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္လာတာေၾကာင့္ ျဖစ္ေၾကာင္းလည္း ရုရွားက ေျပာၾကားခဲ့တာပါ။

ဆြီဒင္နဲ႔ ဖင္လန္တို႔ကသာ NATO အဖြဲ႔ထဲ ပူးေပါင္းမယ္ဆုိရင္ ရုရွားက ေဘာလတစ္ေဒသမွာ ႏ်ဴကလီယား လက္နက္ေတြထားမွာ ျဖစ္ေၾကာင္း ၊ သမၼတ Putin ရဲ့ အနီးကပ္ မိတ္ေဆြတဦးျဖစ္တဲ့ ရုရွားလုံၿခဳံေရးေကာင္စီ ဒုဥကၠဌ Dmitry Medvedev က ၾကာသပေတးေန႔မွာ သတိေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = =

{{ UNICODE }}

ရုရှားရဲ့ နျူကလီးယားအန္တရာယ် လျှော့မတွက်ဖို့ CIA သတိပေး

ရုရှားရဲ့ နျူကလီယားလက်နက် သုံးမယ်ဆိုတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို အမေရိကန်ထောက်လှမ်းရေး အရာရှိတွေ သတိထားလာကြသလို ၊ တချို့ကလည်း ယူကရိန်းစစ်ပွဲမှာ တကယ်လို့ စိတ်ပျက်မှုတွေနဲ့ကြုံလာရရင် ရုရှားက သူ့ နျူကလီယားလက်နက်တချို့ ထုတ်သုံးလာမှာကို စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုလာကြပါတယ်။

ရုရှားနိုင်ငံအပေါ် ထိမ်းချုပ်လာနိုင်တာနဲ့အမျှ စွန့်စားရတာကို ပိုပြီး သဘောတွေ့နေတဲ့ သမ္မတ Vladimir Putin ကို ကမ္ဘာက လျှော့မတွက်ကြဖို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA အကြီးအကဲ William Burns က ကြာသပတေးနေ့မှာ သတိပေးလိုက်တာပါ။

လက်ရှိမှာ စစ်ရေးအရ ဆုတ်ယုတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ Putin နဲ့ ရုရှားခေါင်းဆောင်တွေက စိတ်ပျက်လာကြမယ်ဆိုရင် သူတို့ရဲ့ မဟာဗျူဟာမြောက် နျူကလီယားလက်နက် ဒါမှမဟုတ် အပျော့စား နျူကလီယားလက်နက်တွေကို ထုတ်သုံးလာနိုင်ခြေ ရှိတာကြောင့် ဒီအန္တရာယ်ကို လျှော့မတွက်ကြဖို့ ဂျော်ဂျီယာ နည်းပညာတက္ကသိုလ် ကျောင်းသားတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ William Burns က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို ရုရှားဝင်တိုက်ခဲ့ပြီး ၃ ရက်အကြာ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ရုရှားက ပထမဆုံး အကြိမ်အဖြစ် နျူကလီယားလက်နက်ဆိုင်ရာ တပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် တပ်လှန့်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုအတွက် NATO က ပြင်းထန်တဲ့ သတိပေးချက်တွေ ထုတ်ပြန်တာနဲ့အတူ အနောက်နိုင်ငံတွေက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လာတာကြောင့် ဖြစ်ကြောင်းလည်း ရုရှားက ပြောကြားခဲ့တာပါ။

ဆွီဒင်နဲ့ ဖင်လန်တို့ကသာ NATO အဖွဲ့ထဲ ပူးပေါင်းမယ်ဆိုရင် ရုရှားက ဘောလတစ်ဒေသမှာ နျူကလီယား လက်နက်တွေထားမှာ ဖြစ်ကြောင်း ၊ သမ္မတ Putin ရဲ့ အနီးကပ် မိတ်ဆွေတဦးဖြစ်တဲ့ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဌ Dmitry Medvedev က ကြာသပတေးနေ့မှာ သတိပေးခဲ့ပါတယ်။

XS
SM
MD
LG