သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Al Jazeera ရဲ့ မြန်မာ သတင်းဆောင်းပါး Sigma ဆုရ  


Al Jazeera ရဲ့ မြန်မာ သတင်းဆောင်းပါး Sigma ဆုရ
Al Jazeera ရဲ့ မြန်မာ သတင်းဆောင်းပါး Sigma ဆုရ

Al Jazeera သတင်းဌာန ရဲ့ အချက်အလက်တွေကို ဒီဂျစ်တယ် နည်းပညာနဲ့ ပုံဖော်ပြသတဲ့ This is Myanmar’s State of Fear ဆိုတဲ့ သတင်းဆောင်းပါးကို ဒီနှစ် ၂ဝ၂၂ ရဲ့ Sigma Awards ဆု ပေးအပ်လိုက်ပါတယ်။

Al Jazeera ရဲ့ မြန်မာ သတင်းဆောင်းပါး Sigma ဆုရ

{{Zawgyi/Unicode}}

Al Jazeera သတင်းဌာန ရဲ့ အချက်အလက်တွေကို ဒီဂျစ်တယ် နည်းပညာနဲ့ ပုံဖော်ပြသတဲ့ This is Myanmar’s State of Fear ဆိုတဲ့ သတင်းဆောင်းပါးကို ဒီနှစ် ၂ဝ၂၂ ရဲ့ Sigma Awards ဆု ပေးအပ်လိုက်ပါတယ်။

ဆုရရှိကြတဲ့ ဒီဂျစ်တယ်ဆောင်းပါး ၁၂ ခုထဲမှာ Al Jazeera သတင်းဌာန ရဲ့ စုံစမ်းစစ်ဆေးရေးသတင်းအဖွဲ့တွေဖြစ်ကြတဲ့ 101 East နဲ့ AJ Labs တို့က ပူးတွဲ တင်ဆက်ကြတဲ့ အဲဒီ ဒီဂျစ်တယ် သတင်းဆောင်းပါးလည်း ပါဝင်တာဖြစ်ပါတယ်။

အဲဒီဆောင်းပါးထဲမှာ မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မနှစ် ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူတွေ နိုပ်စက်ညှင်းပန်းခံရလို့ သေဆုံးခဲ့တာ၊ ပျောက်ဆုံးကုန်တာတွေ နဲ့ တရားစွဲဆိုခြင်းမရှိပဲ ချုပ်နှောင်ထားတယ်လို့ပြောတာတွေကို စုံစမ်းစစ်ဆေးပြီး ဒီဂျစ်တယ် နည်းပညာသုံး ဂရပ်ဖစ်တွေ၊ ရုပ်ပုံကားချပ်တွေနဲ့ ပြသတင်ဆက်ထားပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အချက်အလက်တွေကို အသုံးပြုထားပါတယ်။ ဒါအပြင် ရန်ကုန်မြို့အစွန်က စစ်တပ်ရဲ့ လျှို့ဝှက် အဆောက်အအုံဝင်း ကိုလည်း အသွင်ယူထောက်လှမ်းပြီး အဲဒီဆောင်းပါးထဲမှာ ပုံဖော်ထားပါတယ်။ အဲဒီနောက် University of London မှုခင်းဆေးပညာအဖွဲ့နှင့် ပူးပေါင်းကာ အကျဉ်းသားတွေကို နိုပ်စက် စစ်ဆေးမေးမြန်းနေတဲ့ ပုံစံတွေကိုလည်း ဒီဂျစ်တယ် နည်းပညာနဲ့ ပုံဖော်ထားပါတယ်။

Google News Initiative ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကမ္ဘာတလွှားက အကောင်းဆုံး သတင်းအချက်လက်တွေကို Sigma Award ဆု ပေးတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၈ နိုင်ငံက အဖွဲ့အစည်းပေါင်း ၈၆ ခုက တင်သွင်းတဲ့ ပြိုင်ပွဲဝင် သတင်းဆောင်းပါးပါ ၆၀၀ ထဲကနေ ရွေးချယ်လိုက်တဲ့ ဇကာတင် ၁၂ ခုထဲမှာ Al Jazeera ရဲ့ ဆောင်းပါးကို ၂၀၂၂ ခုနှစ်အတွက် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

.............................................................

.

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG