သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလး ဘုန္းေတာ္ႀကီးေက်ာင္းတခ်ိဳ႕ ခ်ိတ္ပိတ္ခံရ


မႏၱေလးၿမိဳ႕က စစ္အာဏာသိမ္းဆန္႔က်င္ကန္႔ကြက္ၾကတဲ့ သံဃာေတာ္မ်ား။ (ေဖေဖၚဝါရီ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

မႏၲေလးၿမိဳ႕က ဘုန္းႀကီးေက်ာင္းတိုက္တခုကို စစ္ေကာင္စီက ခ်ိတ္ပိတ္လိုက္ပါတယ္။ မႏၲေလး မဟာဝိဇိတာရာမေက်ာင္းတိုက္ႀကီးထဲက ေတဇာလကၤာရေက်ာင္းတိုက္မွာ သံဃာ့သမဂၢသပိတ္စစ္ေၾကာင္းက ဆရာေတာ္တပါးလာေရာက္ တည္းခိုခဲ့လို႔ဆိုၿပီး ေဖေဖာ္ဝါရီ ၅ ရက္ေန႔ က ခ်ိတ္ပိတ္ခဲ့တာျဖစ္ပါတယ္။ ေက်ာင္းမွာ သီတင္းသုံးေနတဲ့ဆရာေတာ္တခ်ိဳ႕ကိုလည္း ထြက္သြားခိုင္းတယ္လို႔ သိရပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

မႏၲေလးၿမိဳ႕မွာ စစ္အာဏာရွင္ဆန႔္က်င္တဲ့အေနနဲ႔ လမ္းေပၚထြက္ ဆႏၵျပတာအပါအဝင္ တတ္ႏိုင္တဲ့နည္းနဲ႔ ေန႔စဥ္လို ဆႏၵျပေနၾကတဲ့ထဲမွာ သံဃာ့သမဂၢသပိတ္အဖြဲ႔လည္းပါပါတယ္။ သံဃာ့သမဂၢသပိတ္အဖြဲ႔ထဲမွာပါတဲ့ သံဃာေတြ သီတင္းသုံးတယ္လို႔ မသကၤာတဲ့ ေက်ာင္းေတြကို စစ္ေကာင္စီက မၾကာခနဝင္ေရာက္ရွာေဖြေနပါတယ္။ ေဖေဖာ္ဝါရီ ၅ ရက္ေန႔ကေတာ့ မဟာဝိဇိတာရာမေက်ာင္းတိုက္ႀကီးထဲက ေတဇာလကၤာရေက်ာင္းတိုက္ကို စစ္ေကာင္စီလုံၿခဳံေရးအဖြဲ႔ေတြ ဝင္ေရာက္ရွာေဖြခဲ့ၿပီးေနာက္ ေက်ာင္းတိုက္ကို ခ်ိတ္ပိတ္သြားခဲ့ပါတယ္။

သံဃာ့သမဂၢထဲမွာပါတဲ့သံဃာတပါး အဲဒီေက်ာင္းတိုက္မွာ သီတင္းသုံးသြားတယ္လို႔ဆိုၿပီး ခ်ိတ္ ပိတ္လိုက္တာလို႔ သံဃာ့သမဂၢ ဦးေဆာင္ဆရာေတာ္ အရွင္ရာဇဒမၼက မိန႔္ပါတယ္။ ေတဇာလကၤာရေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ဆရာေတာ္ ၃ ပါးကိုလည္း လုံၿခဳံေရးေတြက ႏွင္ခ်ခဲ့တယ္လို႔ မိန႔္ပါတယ္။

“ခ်ိတ္ပိတ္တာက အ့ဲဒီေက်ာင္းကို သံဃာ့သမဂၢအဖြဲ႔ထဲကေနမွ သံဃာတပါးက အဲ့ဒီမွာ ခနသီတင္းသုံး ေနထိုင္ခဲ့တာေပါ့ေနာ္။ ဒီေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာက်ေတာ့ အဲ့ဒီဦးဇင္းေလးကို အေၾကာင္းျပဳၿပီးေတာ့မွ ဝင္ေရာက္ရွာေဖြတယ္။ မရွိဘူးဆိုတာလည္း သူတို႔သိတယ္။ တကယ္တန္းက်ေတာ့ အဲ့ေန႔ကလည္း ေတြ႔မသြားဘူး။ အဲ့ေတာ့ ေနာက္ရက္ ေဖေဖာ္ဝါရီ ၅ ရက္မွာ သူတို႔ ေက်ာင္းကိုလာၿပီး ခ်ိတ္ပိတ္သြားတာေပါ့။ ေက်ာင္းတိုက္ႀကီးရဲ႕ မဟာနာယက ဆရာေတာ္ႀကီးေတြကို အသိေပးတာမ်ိဳး မရွိဘူး။ သတ္သတ္မဲ့ ဥပေဒမဲ့လုပ္သြားတာ။ ေနာက္ၿပီး လက္ရွိ အဲ့ေက်ာင္းမွာ သီတင္းသုံးေနတဲ့ ဆရာေတာ္နဲ႔ ေက်ာင္းသံဃာ ၃ ပါးကို ႏွင္ခ်ၿပီးေတာ့မွ ေက်ာင္းကိုခ်ိတ္ပိတ္မယ္ဆိုၿပီးေတာ့မွ ေမာင္းခ်ခဲ့တယ္။ ေနာက္ၿပီး ေက်ာင္းကို ဗီႏိုင္းဘာညာနဲ႔ေတာ့ ဘုန္းႀကီးေက်ာင္းျဖစ္တဲ့အတြက္ စာေတြဘာေတြ ကပ္သြားတာေတာ့မရွိဘူး။ ေက်ာင္းကို ခ်ိတ္ပိတ္သြားတယ္။ တံခါးပိတ္သြားတယ္။”

ဒီေက်ာင္းတိုက္ကို၂၀၂၁ စက္တင္ဘာလတုန္းကလည္း စစ္ေကာင္စီတပ္ေတြ ပထမတႀကိမ္ဝင္ေရာက္ ရွာေဖြခဲ့ပါတယ္။ ဒုတိယအႀကိမ္ရွာေဖြၿပီးေနာက္မွာေတာ့ ေက်ာင္းတိုက္ကို ခ်ိတ္ပိတ္လိုက္တာျဖစ္ပါတယ္။

စစ္ေကာင္စီက မတရားအသင္းလို႔ သတ္မွတ္ထားတဲ့ NUG/CRPH တို႔နဲ႔ ပတ္သက္တယ္လို႔ ဆိုၿပီး ျမန္မာႏိုင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေနအိမ္ေတြကို ခ်ိတ္ပိတ္တာေတြ ရွိေပမယ့္ ဆႏၵျပသံဃာေတြနဲ႔ပတ္သက္လို႔ဆိုၿပီး ဘုန္းႀကီးေက်ာင္းကို ခ်ိတ္ပိတ္တာကေတာ့ အခုပထမဆုံးျဖစ္ပါတယ္။

အခုလို ဆႏၵျပသံဃာေတြကို ဖိႏွိပ္ေနတဲ့တခ်ိန္တည္းမွာ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အမ်ိဳး၊ ဘာသာ၊ သာသနာ ေစာင့္ေရွာက္ဖို႔ အၿမဲေျပာေနတဲ့အတြက္ ဒီစကားဟာ အာဏာတည္ၿမဲေရးအတြက္ အသုံးခ်တာသာျဖစ္တယ္လို႔ အရွင္ရာဇဒမၼက အခုလို မိန႔္ပါတယ္။

“ပါးစပ္ကသာ အမ်ိဳး၊ ဘာသာ၊ သာသနာလို႔ လူၾကားေကာင္းေအာင္ေျပာေနတာ။ တကယ္ တန္းက်ေတာ့ သူတို႔က ဘာသာေရးကို သူတို႔ရဲ႕ အာဏာတည္ၿမဲေရးအတြက္ အသုံးခ်႐ံု သက္သက္ပါပဲ။ သူတို႔ အာဏာတည္ၿမဲေရးနဲ႔ ကိုယ္က်ိဳးစီးပြားအတြက္ပဲ အသုံးခ်ေနတယ္ဆိုတာကို သိထားရမွာ။ မဟုတ္ရင္ ဒီလူေတြရဲ႕ လိမ္ညာလွည့္ဖ်ားမႈေတြေအာက္မွာ ဦးဇင္းတို႔ ဘာသာေရး ေခါင္းေဆာင္ေတြဟာ အသုံးခ်ခံသက္သက္ပဲ ျဖစ္သြားပါလိမ့္မယ္။”

သံဃာ့သမဂၢသပိတ္စစ္ေၾကာင္းဟာ မႏၲေလးမွာ အင္အားအေကာင္းဆုံး သပိတ္စစ္ေၾကာင္းတခုျဖစ္ၿပီး အာဏာသိမ္းခ်ိန္ကတည္းကစလို႔ စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵျပေနတဲ့ သပိတ္စစ္ေၾကာင္းလည္း ျဖစ္ပါတယ္။ အခုလက္ရွိမွာ သံဃသမဂၢ သပိတ္စစ္ေၾကာင္းက ဆရာေတာ္ ၇ ပါးကို စစ္ေကာင္စီက ဖမ္းဆီးေထာင္ခ်ထားပါတယ္။ ဆရာေတာ္ေတြ ေထာင္ထဲမွာ က်န္းမာေရး ေကာင္းမြန္တယ္လို႔ေတာ့ ေရွ႕ေနေတြက တဆင့္ သိရပါတယ္။
ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ေဝတဲ့ ေ႐ြးေကာက္ပြဲ မဲမသာမာမႈ တရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စုံစမ္းစစ္ေဆးေတြ႔ရွိခ်က္ဆိုတဲ့ စာအုပ္ကိုလည္း ႏိုင္ငံအႏွံ႔က စာသင္တိုက္ေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြကို ၿမိဳ႕နယ္ သံဃာ့နာယကတဆင့္ ဇန္နဝါရီလကထဲက စတင္ျဖန႔္ေဝေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မန္တလေး ဘုန်းတော်ကြီးကျောင်းတချို့ ချိတ်ပိတ်ခံရ

မန္တလေးမြို့က ဘုန်းကြီးကျောင်းတိုက်တခုကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ပါတယ်။ မန္တလေး မဟာဝိဇိတာရာမကျောင်းတိုက်ကြီးထဲက တေဇာလင်္ကာရကျောင်းတိုက်မှာ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်တပါးလာရောက် တည်းခိုခဲ့လို့ဆိုပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ က ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းမှာ သီတင်းသုံးနေတဲ့ဆရာတော်တချို့ကိုလည်း ထွက်သွားခိုင်းတယ်လို့ သိရပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာအပါအဝင် တတ်နိုင်တဲ့နည်းနဲ့ နေ့စဉ်လို ဆန္ဒပြနေကြတဲ့ထဲမှာ သံဃာ့သမဂ္ဂသပိတ်အဖွဲ့လည်းပါပါတယ်။ သံဃာ့သမဂ္ဂသပိတ်အဖွဲ့ထဲမှာပါတဲ့ သံဃာတွေ သီတင်းသုံးတယ်လို့ မသင်္ကာတဲ့ ကျောင်းတွေကို စစ်ကောင်စီက မကြာခနဝင်ရောက်ရှာဖွေနေပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ကတော့ မဟာဝိဇိတာရာမကျောင်းတိုက်ကြီးထဲက တေဇာလင်္ကာရကျောင်းတိုက်ကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေ ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ကျောင်းတိုက်ကို ချိတ်ပိတ်သွားခဲ့ပါတယ်။

သံဃာ့သမဂ္ဂထဲမှာပါတဲ့သံဃာတပါး အဲဒီကျောင်းတိုက်မှာ သီတင်းသုံးသွားတယ်လို့ဆိုပြီး ချိတ် ပိတ်လိုက်တာလို့ သံဃာ့သမဂ္ဂ ဦးဆောင်ဆရာတော် အရှင်ရာဇဒမ္မက မိန့်ပါတယ်။ တေဇာလင်္ကာရကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ဆရာတော် ၃ ပါးကိုလည်း လုံခြုံရေးတွေက နှင်ချခဲ့တယ်လို့ မိန့်ပါတယ်။

“ချိတ်ပိတ်တာက အဲ့ဒီကျောင်းကို သံဃာ့သမဂ္ဂအဖွဲ့ထဲကနေမှ သံဃာတပါးက အဲ့ဒီမှာ ခနသီတင်းသုံး နေထိုင်ခဲ့တာပေါ့နော်။ ဒီဖေဖော်ဝါရီလ ၄ ရက်နေ့မှာကျတော့ အဲ့ဒီဦးဇင်းလေးကို အကြောင်းပြုပြီးတော့မှ ဝင်ရောက်ရှာဖွေတယ်။ မရှိဘူးဆိုတာလည်း သူတို့သိတယ်။ တကယ်တန်းကျတော့ အဲ့နေ့ကလည်း တွေ့မသွားဘူး။ အဲ့တော့ နောက်ရက် ဖေဖော်ဝါရီ ၅ ရက်မှာ သူတို့ ကျောင်းကိုလာပြီး ချိတ်ပိတ်သွားတာပေါ့။ ကျောင်းတိုက်ကြီးရဲ့ မဟာနာယက ဆရာတော်ကြီးတွေကို အသိပေးတာမျိုး မရှိဘူး။ သတ်သတ်မဲ့ ဥပဒေမဲ့လုပ်သွားတာ။ နောက်ပြီး လက်ရှိ အဲ့ကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော်နဲ့ ကျောင်းသံဃာ ၃ ပါးကို နှင်ချပြီးတော့မှ ကျောင်းကိုချိတ်ပိတ်မယ်ဆိုပြီးတော့မှ မောင်းချခဲ့တယ်။ နောက်ပြီး ကျောင်းကို ဗီနိုင်းဘာညာနဲ့တော့ ဘုန်းကြီးကျောင်းဖြစ်တဲ့အတွက် စာတွေဘာတွေ ကပ်သွားတာတော့မရှိဘူး။ ကျောင်းကို ချိတ်ပိတ်သွားတယ်။ တံခါးပိတ်သွားတယ်။”

ဒီကျောင်းတိုက်ကို၂၀၂၁ စက်တင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်တွေ ပထမတကြိမ်ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ ဒုတိယအကြိမ်ရှာဖွေပြီးနောက်မှာတော့ ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီက မတရားအသင်းလို့ သတ်မှတ်ထားတဲ့ NUG/CRPH တို့နဲ့ ပတ်သက်တယ်လို့ ဆိုပြီး မြန်မာနိုင်ငံ နေရာတော်တော်များများမှာ နေအိမ်တွေကို ချိတ်ပိတ်တာတွေ ရှိပေမယ့် ဆန္ဒပြသံဃာတွေနဲ့ပတ်သက်လို့ဆိုပြီး ဘုန်းကြီးကျောင်းကို ချိတ်ပိတ်တာကတော့ အခုပထမဆုံးဖြစ်ပါတယ်။

အခုလို ဆန္ဒပြသံဃာတွေကို ဖိနှိပ်နေတဲ့တချိန်တည်းမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့ အမြဲပြောနေတဲ့အတွက် ဒီစကားဟာ အာဏာတည်မြဲရေးအတွက် အသုံးချတာသာဖြစ်တယ်လို့ အရှင်ရာဇဒမ္မက အခုလို မိန့်ပါတယ်။

“ပါးစပ်ကသာ အမျိုး၊ ဘာသာ၊ သာသနာလို့ လူကြားကောင်းအောင်ပြောနေတာ။ တကယ် တန်းကျတော့ သူတို့က ဘာသာရေးကို သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အသုံးချရုံ သက်သက်ပါပဲ။ သူတို့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ အသုံးချနေတယ်ဆိုတာကို သိထားရမှာ။ မဟုတ်ရင် ဒီလူတွေရဲ့ လိမ်ညာလှည့်ဖျားမှုတွေအောက်မှာ ဦးဇင်းတို့ ဘာသာရေး ခေါင်းဆောင်တွေဟာ အသုံးချခံသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။”

သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းဟာ မန္တလေးမှာ အင်အားအကောင်းဆုံး သပိတ်စစ်ကြောင်းတခုဖြစ်ပြီး အာဏာသိမ်းချိန်ကတည်းကစလို့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းလည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော် ၇ ပါးကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားပါတယ်။ ဆရာတော်တွေ ထောင်ထဲမှာ ကျန်းမာရေး ကောင်းမွန်တယ်လို့တော့ ရှေ့နေတွေက တဆင့် သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေတဲ့ ရွေးကောက်ပွဲ မဲမသာမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်ဆိုတဲ့ စာအုပ်ကိုလည်း နိုင်ငံအနှံ့က စာသင်တိုက်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မြို့နယ် သံဃာ့နာယကတဆင့် ဇန်နဝါရီလကထဲက စတင်ဖြန့်ဝေနေပါတယ်။

============

XS
SM
MD
LG