သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ တက်ကြွလှုပ်ရှားသူတချို့ ကားနဲ့တိုက် ဖမ်းဆီးခံရ


မန္တလေးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲ။ (မေ ၁၀၊ ၂၀၂၁)
မန္တလေးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲ။ (မေ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖမ်းဆီးပစ်ခတ်ဖြိုခွဲတဲ့ လုပ်ရပ်တွေ ဒီရက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆက်တိုက်ဖြစ်နေပါတယ်။ ဒီကနေ့မှာလည်း မန္တလေးမှာ အရုဏ်ဦး ဆန္ဒပြစစ်ကြောင်း မထွက်ခင်မှာပဲ ဖြိုခွဲခံခဲ့ရပါတယ်။ မနေ့ည ဒီဇင်ဘာ ၇ ရက်ကလည်း မန္တလေးမှာ ညသံပုံးတီးသပိတ် လုပ်ခဲ့ကြပြီး ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းစစ်တာတွေနဲ့ ဖမ်းဆီးသွားတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

ဒီဇင်ဘာ ၈ ရက် ဒီကနေ့ မနက်အစောပိုင်းက မန္တလေးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက် ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တဲ့အကြောင်း သပိတ်မှာ ပါဝင်သူတဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“သပိတ်ကို မစရသေးဘူး။ သပိတ်ကို သွားနေတုန်း လမ်းမှာ ဖြစ်သွားတာပေါ့။ သပိတ်ကိုသွားနေတဲ့လမ်းမှာ အိမ်စီးကားက ၃ စီးပေါ့၊ ဆိုင်ကယ် ၂ စီးကို ဖြတ်တိုက်ပြီးတော့ အဲ့မှာ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၁ ယောက်ပါတယ်။ ကျနော်တို့ဘက်က မိန်းကလေး ၁ ယောက် ဖမ်းမိသွားတယ်ဗျ။”

ကားနဲ့တိုက်ပြီး ဖမ်းဆီးမှုကြောင့် ဒဏ်ရာရသူတချို့လည်း ရှိခဲ့ပါတယ်။ မနေ့က ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်လောက်မှာလည်း မန္တလေးမှာ သံပုံးတီးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ်တခု ပြလုပ်ခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက ည ၁၁ နာရီ ဝန်းကျင်လောက်မှာ ဧည့်စာရင်းစစ်တာနဲ့ ဖမ်းတာဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“သပိတ်စစ်ကြောင်းပြီးတော့ (မနေ့ကညနေပိုင်း သံပုံးတီး ချီတက်သပိတ်) သူတို့ (စစ်ကောင်စီ) ကားတွေနဲ့ အရပ်ဝတ်တွေနဲ့ ရပ်ကွက်ထဲကိုပတ်ပြီး သူတို့ ချောင်းတာပေါ့။ ညပိုင်း ၁၁ နာရီလောက်မှာ သူတို့ မသင်္ကာတဲ့ အိမ်တွေကို ဝင်ပြီးတော့ ဧည့်စာရင်းစစ်တာတို့ လူငယ်တွေ တချို့အိမ်တွေဆိုရင် ဖွင့်မပေးရင် အိမ်ဝင်းခြံကို ခွာဖြဲပြီး ဖျက်ပစ်တာမျိုးတွေ ရှိပါတယ်။ ရမ်းသမ်းပြီး ဖမ်းဆီးသွားတာတွေလည်း ရှိပါတယ်။ အားလုံးပေါင်း ၁၃ ယောက်လောက်တော့ ရှိမယ်ထင်တယ်ဗျ။”

ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ အကြမ်းမဖက် ဆန္ဒပြနေသူတွေကို စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖမ်းဆီးတာကြောင့် အပြင်းအထန် ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ အများအပြား ရှိခဲ့ပေမယ့် ရန်ကုန်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လျှပ်တပြက် ဆန္ဒပြပွဲတွေက ဒီနေ့အထိ ဆက်ရှိနေပါတယ်။ ‘လုံးဝ အုပ်ချုပ်ခွင့်မရစေရ’ စာတန်းတွေ ကိုင်ဆောင်ပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေနဲ့ ရန်ကုန်သပိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့မှာ လျှပ်တပြက် ဆန္ဒပြခဲ့ကြတာပါ။

ဒီဇင်ဘာ ၇ ရက် မနေ့ညကလည်း ရန်ကုန်မြို့ နေရာအတော်များများမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ သံပုံးတီးကြအပြီးမှာ စစ်ကောင်စီတပ်တွေက တာမွေမြို့နယ်မှာ ဧည့်စာရင်းစစ်ပြီး လူတချို့ကို ဖမ်းဆီးစစ်ဆေးတာမျိုး လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကမာရွတ်မြို့နယ်မှာလည်း မနေ့ညက သံပုံးတီး ဆန္ဒပြကြတာကြောင့် စစ်ကောင်စီတပ်တွေက လမ်းတွေထဲမှာ ရပ်ထားတဲ့ အိမ်စီးကားတွေရဲ့ မှန်တွေကို ထုခွဲခဲ့တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိနေပေမယ့် စစ်အာဏာသိမ်းမှု ၁၀ လကျော်လာပြီးတဲ့အထိ လျှပ်တပြက် ဆန္ဒပြမှုတွေနဲ့ ညပိုင်း သံပုံးတီး ဆန္ဒပြတာတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)

မန်တလေးမှာ တကျကွှလှုပျရှားသူတခြို့ ကားနဲ့တိုကျ ဖမျးဆီးခံရ









XS
SM
MD
LG