သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအႀကီးအကဲ ေရာက္ရွိေနတဲ႔ Kyiv ၿမိဳ႕ေတာ္ ႐ုရွား ဗံုးႀကဲ


႐ုရွားတပ္ေတြ ဗုံးႀကဲမႈအၿပီး ျမင္ရတဲ့ Kyiv ျမဳိ႕တေနရာ။

[[ ZAWGYI / UNICODE ]]

ကုလအႀကီးအကဲ ေရာက္ရွိေနတဲ႔ Kyiv ၿမိဳ႕ေတာ္ ႐ုရွား ဗံုးႀကဲ

ကုလသမဂၢ အႀကီးအကဲ ေရာက္ရွိေနတဲ့ Kyiv ၿမိဳ႕ေတာ္ အပါအ၀င္ ယူကရိန္းႏိုင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားကို ၾကာသပေတးေန႔မွာ ႐ုရွားက ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။

မၾကာေသးခင္ သီတင္းပတ္ေတြက ႐ုရွားတပ္ေတြ ဆုတ္ခြာသြားၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ယူကရိန္းၿမိဳ႕ေတာ္ကို တိုက္ခိုက္ခံရမႈမွာ အနည္းဆုံး ၁ ဦးေသ၊ အမ်ားအျပား ဒဏ္ရာရခဲ့ၿပီး အပ်က္အစီးေတြေအာက္ ပိတ္မိေနသူေတြလည္း ရွိခဲ့ေၾကာင္း ကယ္ဆယ္ေရး ၀န္ထမ္းေတြက ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ကေတာ့ ေဘးအႏၲရာယ္ကင္းရွင္းေၾကာင္း ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုခဲ့တာပါ။ ယူကရိန္းအေနာက္ပိုင္း Polinne ဘဲလာ႐ုစ္နဲ႔ နယ္စပ္အနီးက Chernihiv ၿမိဳ႕ေတာ္ အေနာက္ေတာင္ဖက္က ရထားလမ္း ဆက္သြယ္ေရး အခ်က္အျခာၿမိဳ႕ျဖစ္တဲ့ Fastiv အပါအ၀င္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေပါက္ကဲြမႈေတြ ရွိခဲ့ေၾကာင္းလည္း သတင္းေတြက ေဖာ္ျပၾကပါတယ္။ ေတာင္ပိုင္း Odesa ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္၀န္ကေတာ့ ေရာ့ကတ္ဒုံးေတြကို ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္က ၾကားျဖတ္ ဟန္႔တားႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။

႐ုရွားက အဓိက ပစ္မွတ္ထားေနတဲ့ ယူကရိန္းအေရွ႕ပိုင္းက စက္မႈလုပ္ငန္းေတြရွိရာ Donbas နဲ႔ အနီးအနားက အဓိက ထိုးစစ္ဆင္တိုက္ခိုက္ခံေနရတဲ့ Kharkiv ၿမိဳ႕မွာ ႐ုရွားက အျပင္းအထန္ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိခဲ့ေၾကာင္းလည္း သတင္းေတြ ထြက္ေပၚခဲ့တာပါ။ ေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Mariupol မွာေတာ့ ညဖက္ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ ရွိခဲ့တယ္လို႔လည္း ေနာက္ဆုံးၾကံ့ၾကံ့ခံ ခုခံေနတဲ့ သံမဏိစက္႐ုံက ယူကရိန္းတိုက္ခိုက္ေရးသမားေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ကုလအကြီးအကဲ ရောက်ရှိနေတဲ့ Kyiv မြို့တော် ရုရှား ဗုံးကြဲ

ကုလသမဂ္ဂ အကြီးအကဲ ရောက်ရှိနေတဲ့ Kyiv မြို့တော် အပါအဝင် ယူကရိန်းနိုင်ငံ နေရာတော်တော်များများကို ကြာသပတေးနေ့မှာ ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မကြာသေးခင် သီတင်းပတ်တွေက ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူကရိန်းမြို့တော်ကို တိုက်ခိုက်ခံရမှုမှာ အနည်းဆုံး ၁ ဦးသေ၊ အများအပြား ဒဏ်ရာရခဲ့ပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေလည်း ရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။ ယူကရိန်းအနောက်ပိုင်း Polinne ဘဲလာရုစ်နဲ့ နယ်စပ်အနီးက Chernihiv မြို့တော် အနောက်တောင်ဖက်က ရထားလမ်း ဆက်သွယ်ရေး အချက်အခြာမြို့ဖြစ်တဲ့ Fastiv အပါအဝင် နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြကြပါတယ်။ တောင်ပိုင်း Odesa မြို့ရဲ့ မြို့တော်ဝန်ကတော့ ရော့ကတ်ဒုံးတွေကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ပြောပါတယ်။

ရုရှားက အဓိက ပစ်မှတ်ထားနေတဲ့ ယူကရိန်းအရှေ့ပိုင်းက စက်မှုလုပ်ငန်းတွေရှိရာ Donbas နဲ့ အနီးအနားက အဓိက ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတဲ့ Kharkiv မြို့မှာ ရုရှားက အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မှာတော့ ညဖက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း နောက်ဆုံးကြံ့ကြံ့ခံ ခုခံနေတဲ့ သံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမားတွေက ပြောပါတယ်။

XS
SM
MD
LG