သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဗိုင်းရပ်ပိုးသစ်တွေနဲ့ ကူးစက်ရောဂါတွေ တိုးပွါးနိုင်


Climate Change Virus Spread
Climate Change Virus Spread

[[ ZAWGYI / UNICODE ]]

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဗိုင်းရပ်ပိုးသစ်တွေနဲ့ ကူးစက်ရောဂါတွေ တိုးပွါးနိုင်

ကမ္ဘာကြီး ပူနွေးလာပြီး ဥတုရာသီ ပြောင်းလဲမှုကြောင့် လာမယ့် ၂၀၇၀ မှာ သတ္တဝါမျိုးစိတ်တွေကြား ဗိုင်းရပ်စ်ပိုး အသစ် ထောင်နဲ့ချီ ပေါ်ပေါက်လာနိုင်သလို ဒါဟာ တိရိစ္ဆာန်တွေကနေ လူသားတွေဆီ ကူးစက်တဲ့ရောဂါတွေလည်း တိုးလာမယ့်အန္တရာယ် ရှိတာ ပြနေတယ်လို့ သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိရကြောင်း ကြာသတေးနေ့ထုတ် The Nature သိပ္ပံဂျာနယ်မှာ ဖေါ်ပြထားပါတယ်။

အထူးသဖြင့် အာရှနဲ့ အာဖရိက တိုက်တွေမှာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီဒေသတွေဟာ လွန်ခဲ့တဲ ဆယ်စုနှစ်တွေ အတွင်း တုတ်ကွေး၊ HIV ၊ အီဗိုလာနဲ့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် ရောဂါပိုးတွေ တိရိစ္ဆာန်တွေဆီကနေ လူတွေကို ဒါမှမဟုတ် လူတွေဆီကနေ တိရိစ္ဆာန်တွေကို ကူးစက်တဲ့ အသေအပျောက်များတဲ့ရောဂါဟာ အများဆုံး ဖြစ်ပွါးလေ့ရှိပါတယ်။

တကယ်လို့ ကမ္ဘာကြီးသာ ခန့်မှန်းထားတဲ့အတိုင်း အပူချိန် ၂ ဒီဂရီဆဲလ်စီးယပ်စ် (၃.၆ ဒီဂရီ ဖာရင်ဟိုက်) တိုးလာမယ်ဆိုရင် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်အနေနဲ့ လာမယ့် နှစ်ပေါင်း ၅၀ ကျော်အတွင်း ဘယ်လို ကူးသန်းရွှေ့ပြောင်းပြီး ဗိုင်းရပ်စ်တွေ ဘယ်လိုပြန်ေ့စေမယ် ဆိုတာနဲ့ပတ်သက်ပြီး သိပ္ပွံပညာရှင်တွေ နမူနာပုံစံ ထုတ် လေ့လာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီလေ့လာချက်ကနေ အခုလိုကူးစက်ပြန့်နှံမှုက နို့တိုက်သတ္တဝါတွေ ကြားမှာတင် အဆ ၄၀၀၀ ကျော် ဖြစ်ပွါးနိုင်တာကို တွေ့ခဲ့ရတာပါ။ ငှက်မျိုးစိတ်တွေနဲ့ ရေနေ သတ္တဝါတွေကိုတော့ လေ့လာချက်မှာ ထည့်သွင်းမထားပါဘူး။

ဗိုင်းရပ်စ်ပိုးအားလုံးကတော့ လူသားတွေဆီ ကူးစက်ပျံ့ပွါးတာ ဒါမမဟုတ် ကိုရိုနာဗိုင်းရပ်စ်လို ကပ်ရောဂါ အသွင်ဖြစ်လာတာမျိုး မတွေ့ရပေမယ့် မျိုးစိတ်တွေ တခုနဲ့တခုကြားကူးစက်တဲ့ ဗိုင်းရပ်စ် အရေအတွက်များလာပြီး လူသားတွေဆီ ပြန့်နှံ့မှု တိုးလာမယ့် အန္တရာယ်တော့ ရှိနေကြောင်း သုတေသနပညာရှင်တွေ တွေ့ရှိခဲ့တာပါ။

ကမ္ဘာ့တလွှားကြုံနေရတဲ့ ပြဿနာ ၂ ခု ဖြစ်တဲ့ ဥတုရာသီပြောင်းလဲမှုနဲ့ ကူးစက်ရောဂါပြန့်နှံ့မှု ဆိုင်ရာကို သုတေသန ပညာရှင်တွေ လေ့လာခဲ့ကြတာ ဖြစ်ပြီး တွေ့ရှိချက်တွေကို "The Stockholm Paradigm: Climate Change and Emerging Disease" စာအုပ်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

======================

{{ UNICODE }}








XS
SM
MD
LG