သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တိုက်တွန်း


UKRAINE-CRISIS/CAMBODIA
UKRAINE-CRISIS/CAMBODIA

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ကမေ ္ဘာဒီးယား ဝန်ကြီးချုပ်က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တနလာင်္နေ့မှာ တိုက်တွန်းပါတယ်။

Zawgyi/Unicode

အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တိုက်တွန်း

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ကမေ ္ဘာဒီးယား ဝန်ကြီးချုပ်က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တနလာင်္နေ့မှာ တိုက်တွန်းပါတယ်။

အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ ဒုတိယမြောက် မြန်မာ ခရီးစဉ်ကတော့ အခု မေလ ကုန်ပိုင်းလောက်မှာ ဖြစ်နိုင်ကြောင်းလည်း ကမေ ္ဘာဒီးယားဘက်က ပြောဆိုထားပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်မြောက်ရေး အတွက် သက်ဆိုင်သူ အားလုံးပါဝင်ဖို့ အရေးကြီးကြောင်း ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က တနလာင်္နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗွီဒီယိုနဲ့ ဆွေးနွေးမှု အတွင်း ပြောခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကတော့ ပတ်သက် ဆက်နွယ်သူတွေနဲ့ တွေ့ဆုံနိုင်ရေး အတွက် စီစဉ်ပေးမယ့် အကြောင်း ပြောခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ အာဆီယံ ကိုယ်စားလှယ်တွေ့ခွင့် ပေးမလားဆိုတာကိုတော့ ကမေ ္ဘာဒီးယား အစိုးရထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။

လက်ရှိ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး အားထုတ်မှု အဖြစ်နဲ့ အာဆီယံ ဥက္ကဌရဲ့ အထူးကိုယ်စားလှယ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ညှိနှိုင်းမှုမှာ ကြားဝင် ဆောင်ရွက်ပေးဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ်းလှမ်းခဲ့ပါတယ်။ ကမေ ္ဘာဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းတဲ့ အနေနဲ့ အင်အား အလွန်အကျွံသုံးတာ ရှောင်ဖို့ အရေးကြီးကြောင်း ထောက်ပြခဲ့ပါတယ်။

စစ်ကောင်စီ အနေနဲ့ လူသားချင်း စာနာမှု ကူညီပံ့ပိုးမှုတွေကို အချိန်မနှောင်းစေဘဲ ပို့ဆောင်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း၊ အကြမ်းဖက်မှုတွေ လျော့ကျရေးနဲ့ အလုံးစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပေါ်ပေါက်လာရေး အတွက် ယုံကြည်မှု တည်ဆောက်ရေးတို့ကို ဆောင်ရွက်ဖို့လည်း ကမေ ္ဘာဒီးယား ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် သြစတေးလျ နိုင်ငံသား ပါမောက္ခ Sean Turnell အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဝန်ကြီးချုပ် ဟွန်ဆန်က ထပ်မံပန်ကြားခဲ့ပါတယ်။

Unicode







XS
SM
MD
LG