သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမြို့တော် Kyiv မှာ အမေရိကန်သံရုံး ပြန်ဖွင့်တော့မည်


FILE - A view of the U.S. embassy in Kyiv, Ukraine, Feb. 12, 2022
FILE - A view of the U.S. embassy in Kyiv, Ukraine, Feb. 12, 2022

Zawgyi/Unicode

ယူကရိန်းမြို့တော် Kyiv မှာ အမေရိကန်သံရုံး ပြန်ဖွင့်တော့မည်

ယူကရိန်းနိုင်ငံ Kyiv မြို့တော်က အမေရိကန်သံရုံးကို မကြာခင်မှာပဲ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း ယူကရိန်းအနောက်ပိုင်း Lviv မြို့ကို ရောက်လာတဲ့ သံရုံးယာယီတာဝန်ခံ Kristina Kvien က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို အခု ပထမဆုံး ပြန်ရောက်လာတာ ဖြစ်ပြီး လာမယ့် သီတင်းပတ်တွေမှာလည်း အခုလိုပဲ နေ့ချင်းပြန်ခရီးတွေ လာရောက်မှာ ဖြစ်သလို ဒီလကုန်လောက်မှာတော့ Kyiv မြို့ကို ပြန်ဝင်ခွင့်ရလောက် တဲ့ အခြေနေတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း Lviv မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

သံရုံးပြန်ဖွင့်ဖို့ လုံခြုံရေး အခြေနေ အဆင်ပြေအောင် စောင့်နေတာ ဖြစ်ပြီး ယူကရိန်းရင်ဆိုင်နေရတဲ့ စစ်ပွဲ အောင်နိုင်ရေး အတွက် အကူညီပေးဖို့ တတ်နိုင်သလို ဆက်ပြီး လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်းပြောပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံဟာ မားမားမတ်မတ် တည်ရှိဆဲ ဖြစ်ပြီး ရုရှားဘက်က ရှုံးနေပြီဖြစ်ကြောင်း ရုရှားအစိုးရကို ပါ သတင်းစကားပါး ချင်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းမှာရှိတဲ့ အမေရိကန်သံရုံးကို ရုရှားတွေ ယူကရိန်းကို ဝင်ကျူးကျော်တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက် မတိုင်ခင် သီတင်း ၂ ပတ်လောက်မှာ ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်းအနောက်ပိုင်းက Lviv မြို့ကို အမေရိကန်သံတမန်တချို့ စတင်လာရောက်တော့မှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။ မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi အပါအဝင် လွှတ်တော်အမတ်တချို့ ယူကရိန်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမြို့တော် Kyiv မှာ အမေရိကန်သံရုံး ပြန်ဖွင့်တော့မည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

##

Unicode







XS
SM
MD
LG