သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Somalia US Troop Withdrawal


(Zawgyi/ Unicode)







-----------

တိုက်ရိုက် လင့်ခ်

(Unicode)

Al-Shabab စစ်သွေးကြွတို့တိုက်ခိုက်မှု အာဖရိကသမဂ္ဂတပ်ဖွဲ့ဝင် အများအပြားသေဆုံး

ဆိုမားလီးယားတောင်ပိုင်းမှာအခြေစိုက်တဲ့ အာဖရိကသမဂ္ဂတပ်တွေရှိတဲ့ စခန်းကို အင်္ဂါနေ့က AL-Shabab အစ္စလမ်းမစ် စစ်သွေးကြွတွေတိုက်ခိုက်ခဲ့တဲ့အတွက် ဘူရွန်ဒီစစ်သား အနည်းဆုံး ၃၀ လောက်သေဆုံးပြီး၊ ၂၀ ကျော် ဒါဏ်ရာရရှိခဲ့တယ်လို့ ဘူရွန်ဒီတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

စစ်သား ၁၀ ဦးက နေရာမှာတင်သေဆုံးခဲ့ပြီး၊ ကျန်သူတွေကတော့ ဒါဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဆိုမားလီးယား တာဝန်ရှိသူတဦးက VOA ကို ပြောဆိုခဲ့ပါတယ်။

Al-Shabab စစ်သွေးကြွတွေကတော့ အာဖရိကန်သမဂ္ဂတပ်ဖွဲ့ဝင် စစ်သား ၁၇၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။ မြို့ တော် မိုဂါတစ်ရူးကနေ ကီလိုမီတာ ၁၅၀ လောက်မှာရှိတဲ့ အယ်ဘာရပ်ဖ်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး၊ သေဆုံးသူအရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

Al-Shabab စစ်သွေးကြွတွေက ပေါက်ကွဲစေတဲ့ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကား ၃ စီးကို စခန်းတွင်းမောင်းဝင်၊ ဖေါက်ခွဲခဲ့ပြီး၊ အင်အား ၄၅၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘူရွန်ဒီ တာဝန်ရှိသူက ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွက် အစ္စလမ်းမစ်အစွန်းရောက်အဖွဲ့ Al-Shabab ကို ဘူရွန်ဒီ သမ္မတအပါအဝင်၊ ဆိုမားလီးယားအစိုးရ၊ အာဖရိကသမဂ္ဂနဲ့ မြို့တော်မိုဂါတစ်ရူးမှာရှိတဲ့ အမေရိကန်သံရုံးတို့က ပစ်တင်ရှုံချခဲ့ကြပါတယ်။

XS
SM
MD
LG