သီရိလကၤာ ဝန္ႀကီးခ်ဳပ္သစ္ အတိုက္ခံပါတီေတြရဲ႕ ေထာက္ခံမႈရရွိ
{{Zawgyi/Unicode}}
သီရိလကၤာရဲ႕ အဓိက အတိုက္အခံပါတီႀကီး ၂ ရပ္ထံက အေရးႀကီးလွတဲ႔ ေထာက္ခံမႈကို တနလာၤေန႔မွာ ၀န္ႀကီးခ်ဳပ္သစ္ ရရွိသြားတာေၾကာင့္ ႏိုင္ငံမွာ စီးပြားေရး ဆိုးဝါးက်ဆင္းမႈနဲ႔ ၾကံဳေတြ႕ေနရတဲ႔ အာဏာရ Rajapaksa မ်ိဳးႏြယ္ေတြအတြက္ ဖိအားေလ်ာ့သြားတာ ျဖစ္ပါတယ္။
လူဦးေရ ၂၂ သန္း ရွိတဲ႔ သီရိလကာၤႏိုင္ငံမွာ အေျခအေနေတြ ဆိုးရြားေနဆဲ ျဖစ္ၿပီး ၀န္ႀကီးခ်ဳပ္သစ္ Ranil Wickremesinghe ကေတာ့ ႏိုင္ငံမွာ စက္သံုးဆီ ျပတ္လပ္ေနၿပီး လာမယ့္ လပိုင္းေတြဟာ အခက္ခဲဆံုး ျဖစ္မယ္လို႔ ေျပာဆိုခဲ႔ပါတယ္။
အမွန္တရားကို ဖံုးကြယ္ထားဖို႔နဲ႔ လူထုကို လိမ္လည္ဖို႔ ဆႏၵ မရွိဘူးလို႔လည္း ၀န္ႀကီးခ်ဳပ္သစ္က ႏိုင္ငံကို ေျပာတဲ႔ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုပါတယ္။
၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလမွာ ႏိုင္ငံရဲ႕ ႏိုင္ငံျခား အရန္ေငြ ေဒၚလာ သန္း ၇၅၀၀ ရွိခဲ႔ၿပီး ဒီကေန႔ ဒီအခ်ိန္မွာေတာ့ ေဒၚလာ တသန္း ရွာဖို႔ အေတာ္ ခက္ခဲေနပါၿပီ။ စက္သံုးဆီ တင္သြင္းေရး အတြက္ ဘ႑ာေရး ၀န္ႀကီးဌာန အေနနဲ႔ ေဒၚလာ ၅ သန္းေလာက္ ရွာဖို႔ ခက္ခဲေနပါတယ္လို႔ အသက္ ၇၃ ႏွစ္ အရြယ္ ၀န္ႀကီးခ်ဳပ္က ေျပာဆိုခဲ႔တာပါ။
ႏိုင္ငံ စီးပြားက်မႈကို ကိုင္တြယ္ေရး အတြက္ ၫႊန္႔ေပါင္းမဖြဲ႔ခင္မွာ သမၼတ Gotabaya Rajapaksa ရာထူးက ဆင္းေပးဖို႔ ေတာင္းဆိုခ်က္ကို အဓိက အတိုက္အခံ SJB ပါတီက အေလွ်ာ့ေပးလိုက္ပံု ရပါတယ္။ ၀န္ႀကီးခ်ဳပ္ Wickremesinghe ဦးေဆာင္တဲ႔ ၫြန္႔ေပါင္း အစိုးရမွာ ပူးေပါင္းပါ၀င္ဖို႔ SJB ပါတီက ပယ္ခ်ခဲ႔ေပမယ့္လည္း ႏိုင္ငံ စီးပြားေရး ျပန္လည္ ဦးေမာ့ေစေရး အျပဳသေဘာေဆာင္တဲ႔ ေဆာင္ရြက္ခ်က္ အားလံုးကို ႁခြင္းခ်က္ မရွိ ေထာက္ခံမယ့္ အေၾကာင္း ေျပာပါတယ္။
.......................................
သီရိလင်္ကာ ဝန်ကြီးချုပ်သစ် အတိုက်ခံပါတီတွေရဲ့ ထောက်ခံမှုရရှိ
{{Zawgyi/Unicode}}
သီရိလင်္ကာရဲ့ အဓိက အတိုက်အခံပါတီကြီး ၂ ရပ်ထံက အရေးကြီးလှတဲ့ ထောက်ခံမှုကို တနလာၤနေ့မှာ ဝန်ကြီးချုပ်သစ် ရရှိသွားတာကြောင့် နိုင်ငံမှာ စီးပွားရေး ဆိုးဝါးကျဆင်းမှုနဲ့ ကြုံတွေ့နေရတဲ့ အာဏာရ Rajapaksa မျိုးနွယ်တွေအတွက် ဖိအားလျော့သွားတာ ဖြစ်ပါတယ်။
လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလကာၤနိုင်ငံမှာ အခြေအနေတွေ ဆိုးရွားနေဆဲ ဖြစ်ပြီး ဝန်ကြီးချုပ်သစ် Ranil Wickremesinghe ကတော့ နိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်နေပြီး လာမယ့် လပိုင်းတွေဟာ အခက်ခဲဆုံး ဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
အမှန်တရားကို ဖုံးကွယ်ထားဖို့နဲ့ လူထုကို လိမ်လည်ဖို့ ဆန္ဒ မရှိဘူးလို့လည်း ဝန်ကြီးချုပ်သစ်က နိုင်ငံကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေ ဒေါ်လာ သန်း ၇၅၀၀ ရှိခဲ့ပြီး ဒီကနေ့ ဒီအချိန်မှာတော့ ဒေါ်လာ တသန်း ရှာဖို့ အတော် ခက်ခဲနေပါပြီ။ စက်သုံးဆီ တင်သွင်းရေး အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာန အနေနဲ့ ဒေါ်လာ ၅ သန်းလောက် ရှာဖို့ ခက်ခဲနေပါတယ်လို့ အသက် ၇၃ နှစ် အရွယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
နိုင်ငံ စီးပွားကျမှုကို ကိုင်တွယ်ရေး အတွက် ညွှန့်ပေါင်းမဖွဲ့ခင်မှာ သမ္မတ Gotabaya Rajapaksa ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်ကို အဓိက အတိုက်အခံ SJB ပါတီက အလျှော့ပေးလိုက်ပုံ ရပါတယ်။ ဝန်ကြီးချုပ် Wickremesinghe ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရမှာ ပူးပေါင်းပါဝင်ဖို့ SJB ပါတီက ပယ်ချခဲ့ပေမယ့်လည်း နိုင်ငံ စီးပွားရေး ပြန်လည် ဦးမော့စေရေး အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက် အားလုံးကို ခြွင်းချက် မရှိ ထောက်ခံမယ့် အကြောင်း ပြောပါတယ်။